ရှားရှားပါးပါး ဒီသန်ကောင်လေးတွေက အရေပြားမှာမနေဘဲ လျှောက်သွားတာမျိုးလည်း ရှိပါတယ်။ ဥပမာ အဆုတ်၊ ဆီးအိမ်၊ မျက်လုံး၊ နားနဲ့ ဦးနှောက်ဆီကိုပေါ့။ မျက်လုံးကိုများ ရောက်သွားရင် မျက်သားမှာ အမျှင်လိုက်လေး တွေ့ရတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်လုံးမမြင်ရတော့တာ ဖြစ်တတ်ပါတယ်။ ကျောက အာရုံကြောမကြီးဆီကို ရောက်သွားရင်တော့ ရုတ်တရက် အာရုံကြောထိခိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဦးနှောက်ထဲရောက်သွားရင်တော့ ခေါင်းကိုက်တာ၊ သတိလစ်တာ၊ ကိုမာတွေ ဖြစ်တတ်ပါတယ်။ သန်ကောင်က မျက်နှာအရေပြားအောက်မှာ ရှိနေရင် သတိထားပါ။ မျက်လုံးတို့၊ ဦးနှောက်တို့နဲ့ နီးနေပါပြီ။ ဒါပေမယ့် ဒီလိုမျိုး အရေပြားအောက်မှာ မနေဘဲ တခြား အင်္ဂါအစိတ်အပိုင်းတွေဆီကို သွားဖို့က ရှားပါးတဲ့ ကိစ္စပါ။
ကုလို့ရပါ့မလား။
ကိုယ့်အရေပြားမှာ သန်ကောင်လေး တွေ့နေရတယ်။ ခုနကလို မကျက်တကျက်တွေ၊ အစိမ်းစားတတ်တဲ့ အကျင့်တွေ ရှိရင် ဆရာဝန်နဲ့ ပြပြီး သေချာ ပြောပြပါ။ ကံကောင်းတာက သာမန်အရေပြားအောက်က သန်ကောင်ပဲဆိုရင် သန်ချဆေးနဲ့ နိုင်နိုင်နင်းနင်း ကုလို့ရပါတယ်။ ရက်ရှည်တော့ သောက်ရမှာပေါ့။
တခြားနေရာကို ရောက်သွားရင်တော့ လိုအပ်တဲ့ ကုသမှုတွေ ထပ်လုပ်ရမှာပါ။
ကာကွယ်နည်း
ဒီသန်ကောင်လေးတွေ မဝင်ချင်ဘူးဆိုရင်တော့
- တတ်နိုင်သမျှ အစိမ်းစားတာ၊ မကျက်တကျက်စားတာ ရှောင်ပါ။ ဆူရှီအစိမ်းစားမယ်ဆိုရင်လည်း စိတ်ချရလောက်တဲ့ ဆိုင်ကပဲ စားပါ။
- ငါးတွေ ချက်မယ်ဆိုရင် အပူချိန် ၁၄၅ ဒီဂရီ ဖာရင်ဟိုက် (၆၃ ဒီဂရီ စင်တီဂရိတ်)လောက်ထားပြီး ချက်ပါ။
- ဆိုင်တွေမှာ ငါးသိမ်းမယ်ဆိုရင်လည်း အေးခဲနေအောင် သိမ်းထားပါ။
-အနုတ် ၄ ဒီဂရီ ဖာရင်ဟိုက် (အနုတ် ၂၀ဒီဂရီ စင်တီဂရိတ်) အောက်မှာ ၇ရက် ဒါမှမဟုတ်
-အနုတ် ၃၁ ဒီဂရီ ဖာရင်ဟိုက် (အနုတ် ၃၅ဒီဂရီ စင်တီဂရိတ်)မှာ ခဲနေအောင်လုပ်ပြီး ၁၅လောက်သိမ်းတာမျိုး ဒါမှမဟုတ်
-အနုတ် ၃၁ ဒီဂရီ ဖာရင်ဟိုက် (အနုတ် ၃၅ဒီဂရီ စင်တီဂရိတ်)မှာ ခဲနေအောင်လုပ်ပြီး အနုတ် ၄ ဒီဂရီ ဖာရင်ဟိုက် (အနုတ် ၂၀ဒီဂရီ စင်တီဂရိတ်) အောက်မှာ ၂၄နာရီသိမ်းတာမျိုး ကြိုက်တဲ့ နည်းလမ်းကို သုံးပြီး သိမ်းလို့ ရပါတယ်။ ဒါမှ သန်ကောင်တွေ သေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။