backup og meta

ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး နဲ့ပတ်သက်လို့

ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး နဲ့ပတ်သက်လို့

ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပြီးသူတွေ တော်တော် များလာပါပြီ။ အရင်က ရောဂါပိုးတွေက ပြင်းထန်လာချိန်မှာ ရောဂါ ကူးစက်မှုကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးဖို့ကို အပြင်းအထန် ကြိုးပမ်းခဲ့ကြပေမယ့် အခုကာကွယ်ဆေးတွေ ထိုးပြီးချိန်မှာတော့ နောက်ထပ် ခေါင်းထဲဝင်လာတဲ့ အတွေးတွေက booster ( ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး ) ထိုးဖို့လိုမလား။ ဘယ်အချိန်မှာ booster ထပ်ထိုးဖို့ လိုမလဲ။ ဆိုတဲ့ ခေါင်းစဉ်တွေပါ။

ဒီခေါင်းစဉ်တွေအတွက် အဖြေတွေကို ဆောင်းပါးလေးထဲမှာ ဖြေပေးထားပါတယ်။ ကဲ …… အတူတူ ကြည့်လိုက်ရအောင်လား ……..

ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး နဲ့ပတ်သက်လို့

ကာကွယ်ဆေး အများစုက ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးရပါမယ်။ ဒါမှ ရောဂါကို အကောင်းဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ၆ လ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ထပ်ဆောင်း ကာကွယ်ဆေးတွေကို ထိုးနှံရပါတယ်။

ဒီတော့ ကိုဗစ် ကာကွယ်ဆေးကရော ထပ်ဆောင်း ကာကွယ်ဆေး လိုမလားဆိုတော့ လောလောဆယ်မှာ CDC ကတော့ ထပ်ဆောင်း ကာကွယ်ဆေးဖိုး အကြံပြုထားတာတွေ ရှိပါတယ်။

လအတော်ကြာ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးမှုတွေအပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ (CDC) က အမေရိကန်ပြည်ထောင်စုက သန်းပေါင်းများစွာသော ပြည်သူတွေကို ပြင်းထန်တဲ့ ရောဂါ ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး ထိုး​ကြဖို့ တိုက်တွန်း အကြံပြုလိုက်ပါတယ်။

Booster ထိုးရမယ့်သူတွေက ဘယ်သူတွေလဲ …….

ကိုဗစ်ကာကွယ်ဆေးရဲ့ ထပ်ဆောင်း ကာကွယ်ဆေးကတော့ ကာကွယ်ဆေး ထိုးနှံပြီးသူတိုင်း ထိုးနှံလိုက်တာ အကောင်းဆုံးပါ။ ဒါမှ ပြင်းထန်တဲ့ ရောဂါပိုး အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။

ပထမ ဦးစားပေး ထိုးရမယ့်သူတွေ

ကိုဗစ် ကာကွယ်ဆေးကို လူတိုင်း ထိုးဖို့ လိုမယ်ဆိုပေမယ့် Booster ကို မဖြစ်မနေ ထိုးဖို့လိုမယ့်သူတွေက အသက် ၆၅ နှစ်အထက် ဖိုးဖိုးဖွားဖွားတွေပါ။ နာတာရှည် ရောဂါတစ်ခုခုပါ တွဲရှိနေရင် ပုံမှန် ကာကွယ်ဆေးအပြင် ထပ်ဆောင်းကာကွယ်ဆေးကိုပါ မဖြစ်မနေ ထိုးဖို့ လိုမှာပါ။ ဒါမှ ပြင်းထန်တဲ့ ရောဂါပိုးတွေ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အခုပြောခဲ့သူတွေအနေနဲ့ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ၆ လအကြာမှာ ထပ်ဆောင်းကာကွယ်ဆေး (Booster) ကို ထိုးဖို့ လိုအပ်ပါမယ်။

ဒုတိယ ဦးစားပေး ထိုးရမယ့်သူတွေ

ဒုတိယ ဦးစားပေး အနေနဲ့ မဖြစ်မနေ booster ထိုးဖို့ လိုအပ်သူတွေကတော့ ရောဂါအခံရှိသူတွေပါ။ ရောဂါအခံတစ်ခုခု ရှိနေမယ်ဆိုရင် ကိုဗစ်ဖြစ်တဲ့အခါ ဆေးရုံတက်ရနှုန်း၊ သေဆုံးနှုန်း များနိုင်လို့ပါ။

ဒါကြောင့် ရောဂါအခံရှိသူတွေ အနေနဲ့လည်း ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ၆ လအကြာမှာ ထပ်ဆောင်းကာကွယ်ဆေး (Booster) ကို ထိုးဖို့ လိုအပ်ပါမယ်။

ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး နဲ့ပတ်သက်လို့

လူငယ်တွေတော့ ထိုးဖို့ မလိုလောက်ဘူး ထင်ပါတယ်။

လူကယ်တွေ လူလတ်ပိုင်းတွေက လူကြီးတွေထက် ကိုယ်ခံအား ပိုကောင်းတယ်။ ပိုကျန်းမာတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးတာနဲ့တင် လုံလောက်ပြီလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။

တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ လူငယ်တွေလည်း ကိုဗစ် ကူးစက်ခံရတာရှိသလို ပြင်းထန်ရင် သေဆုံးနိုင်တာပါပဲ။

ဒါကြောင့် ၁၈ နှစ်ကနေ ၄၉ နှစ်အတွင်း လူငယ်တွေ လူလတ်ပိုင်းတွေအနေနဲ့လည်း ကာကွယ်ဆေး ၂ ကြိမ်ပြည့်ပြီးရင်တောင် Booster ထိုးဖို့လိုပါမယ်။ လူငယ်တွေ လူလတ်ပိုင်းတွေ ဖြစ်ပေမယ့် ရောဂါအခံရှိမယ်ဆိုရင်တော့ Booster က မဖြစ်မနေကို လိုအပ်မှာပါ။

လူငယ်တွေ လူလတ်ပိုင်းတွေ ဖြစ်တာကြောင့် Booster ကို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီး ၆ လက နေ ၈ လအတွင်းမှာ အဆင်ပြေသလို ထိုးလို့ ရပါတယ်။ ရောဂါအခံရှိသူတွေကတော့ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီး ၆ လဆိုတာနဲ့ ထပ်ဆောင်း ကာကွယ်ဆေးကို ထိုးထားတာက စိတ်အချရဆုံးပါ။

အနှစ်ချုပ်ပြောပြရရင် ကိုဗစ်က ပြင်းထန်တဲ့ ဗိုင်းရပ်စ် တစ်မျိုး ဖြစ်တာကြောင့် ကာကွယ်ဆေး ထိုးပြီး ၆ လ ကနေ ၈ လ အတွင်းမှာ Booster ကို ထိုးထားလိုက်တာကတော့ အကောင်းဆုံးပါ။

ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး ဝိရောဓိ

ဒါပေမယ့် တစ်ခုရှိတာက CDCက ချမ်းသာတဲ့ အမေရိကန်နိုင်ငံကပါ။ တစ်ကမ္ဘာလုံးအနေနဲ့ ကြည့်မယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေး လွှမ်းခြုံမှုအားက အင်မတန်မှ နည်းပါသေးတယ်။ ကိုဗစ်ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ဖို့ မလုံလောက်သေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ  ထိုးပြီးသားသူတွေက ထပ်ဆောင်းထိုးတာ မဖြစ်သင့်ဘူးလို့ ထောက်ပြတဲ့ သူတွေလည်း ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၂လုံးထိုးပြီးရင် ပြင်းထန်ကိုဗစ်ကနေ တော်တော်လေး ကာကွယ်နိုင်နေပြီမို့လို့ပါ။

WHOကတော့ ခုခံအား ပြင်းပြင်းထန်ထန် ကျနေလို့ ဆေးမအောင်တဲ့ သူတွေကလွဲပြီး ကျန်တဲ့သူတွေက ထပ်ဆောင်း မထိုးလည်း ရတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်မှာ ထပ်ဆောင်းကာကွယ်ဆေးတွေက တကယ်ပဲ အလုပ်ဖြစ်ရဲ့လားဆိုတာကို လေ့လာနေဆဲ အခြေအနေမို့လို့ပါ။

ဒီ ဒီဇင်ဘာ ၉ရက်နေ့မှာတော့ ကိုယ်ခံအားကျတဲ့သူအပြင် ပိုးအသေကနေ ထုတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး (Sinopharm, Sinovac, Covaxin) ထိုးထားတဲ့သူတွေလည်း ၆လပြည့်တဲ့အခါ ထပ်ဆောင်းထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။

ကပ်ရောဂါရဲ့ သဘောက အားလုံးနီးပါးကာကွယ်ဆေးထိုးထားမှ ကူးစက်နှုန်းကို ရပ်တန့်နိုင်မှာပါ။ လူတိုင်းနီးပါး ကာကွယ်ဆေး ရသင့်ပါတယ်။  ကိုယ်တစ်ယောက်တည်း ၃လုံး ထိုးထားလည်း ကူးစက်မှုတွေက ဆက်ဖြစ်နေမယ်ဆိုရင် ဗီဇပြောင်းတွေ ထပ်ထွက်လာနိုင်ပြီး ထပ်ကူးနိုင်ပါတယ်။

ကာကွယ်ဆေးက တစ်ကမ္ဘာလုံးစာအတွက် မလုံလောက်သေးတာကြောင့် မျှဝေသုံးသင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ရော

မြန်မာနိုင်ငံက ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတဲ့အထဲမှာ ပါပါတယ်။ ၂လုံးအပြည့် ထိုးထားတဲ့ သူက အင်မတန်မှ နည်းပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ သာမန်လူတွေကတော့ ၂လုံးထိုးထားရင် လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ ကျန်တဲ့ မထိုးရသေးတဲ့သူတွေကို ဦးစားပေးပေးပါ။

ချွင်းချက်အနေနဲ့ ကိုယ့်မှာ ပြင်းထန်တဲ့ ခုခံအားကျစေတဲ့ ရောဂါတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးသင့် မထိုးသင့် စဉ်းစားနိုင်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးရင် ဆေးအောင် မအောင် Antibody စစ်လေ့စစ်ထမရှိပေမယ့် ဒီလို ခုခံအားကျတဲ့ လူတွေကတော့ ကိုယ့်ကိုယ်ကို ဆေးမအောင်ဘူးလို့ ယူဆရင် ဆရာဝန်ညွှန်ကြားချက်နဲ့ Antibody စစ်ပြီး  (Test kitနဲ့ မဟုတ်ပါ) ထပ်ဆောင်း ထိုးနိုင်ပါတယ်။

တရုတ်ကာကွယ်ဆေး Sinopharm, Sinovacနဲ့ အိန္ဒိယကာကွယ်ဆေး Covaxin ထိုးထားမယ်ဆိုရင်လည်း ၆လပြည့်တဲ့အခါ ထပ်ဆောင်း ထိုးထားသင့်ပါတယ်။

ဒါ့ပြင် အသက်ကြီးတဲ့သူတွေနဲ့ ရောဂါအခံရှိသူတွေကလည်း တတ်နိုင်မယ်ဆိုရင် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးထားနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What to Know About COVID-19 Vaccine Booster Shots, According to Experts https://www.prevention.com/health/a35644466/covid-19-vaccine-booster-shot/?source=nl&utm_source=nl_pnb&utm_medium=email&date=092721&utm_campaign=nl25140440 Accessed Date 28 September 2021

Episode #53 – COVID-19: Booster Shots https://www.who.int/emergencies/diseases/novel-coronavirus-2019/media-resources/science-in-5/episode-53—covid-19-booster-shots?gclid=Cj0KCQjw18WKBhCUARIsAFiW7JypWGAPCKdxjCJQTeDp-_tAsCBNtvdm3_coO5wORanYilQsIsvanrgaAo7iEALw_wcB Accessed Date 28 September 2021

5 things to know about COVID-19 vaccine booster shots https://www.wptv.com/coronavirus/5-things-to-know-about-covid-19-vaccine-booster-shots Accessed Date 28 September 2021

ယခုပုံစံ

24/04/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို

ကိုဗစ်ဖြစ်ပြီး နောက် ထိန်းမရအောင် စားလာခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement