backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို


Aye Thi Mon မှ ရေးသားသည်။ · 14/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို

ကိုဗစ်ဒဏ်ကို အလူးအလဲခံကြရတဲ့ထဲမှာ ဆီးချို ရောဂါရှိသူတွေ တော်တော်လေး များကြပါတယ်။ ဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစားရမှု ပိုပြင်းထန်ကြသလို သေဆုံးနိုင်ခြေကလည်း ပုံမှန်ထက် များနေတတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို အကြောင်းလေး ပြောပြချင်ပါတယ်။

ကိုဗစ်ကို ကာကွယ်တဲ့ နည်းလမ်းတွေကို လိုက်နာတာက နည်းလမ်းကောင်းဆိုပေမယ့် အကောင်းဆုံး နည်းလမ်းလို့တော့ မဆိုသာပါဘူး။ ဆီးချို ခံစားနေရသူတွေအတွက် ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက ကာကွယ်ဆေး ထိုးတာပါ။

ကာကွယ်ဆေး ထိုးပါလို့ ပြောပေမယ့် ရောဂါအခံရှိသူတွေအနေနဲ့ ကာကွယ်ဆေးထိုးရင် စိုးရိမ်ရမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမလား၊ ဆေးထိုးလို့ တည့်ပါ့မလားဆိုတာတွေကို စိုးရိမ်မှုတွေ ရှိနေနိုင်ပါတယ်။ ဒီလို စိုးရိမ်နေတဲ့ ဆီးချိုရောဂါ ခံစားနေရသူတွေအတွက် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

ဆီးချိုရှိတယ် ကိုဗစ် ကာကွယ်ဆေးထိုးလို့ ဖြစ်ပါ့မလား…….

အခုထိတော့ ဆီးချိုရှိသူတွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးတာကြောင့် အသက်အန္တရာယ် ထိခိုက်စေတာမျိုး မရှိသေးပါဘူး။ ကာကွယ်ဆေးက သွေးတွင်းသကြားဓာတ်ပေါ်မှာ သက်ရောက်နေတာမျိုးလည်း မရှိပါဘူး။

နောက်တစ်ချက်က ကာကွယ်ဆေးက သေပြီးသား ဗိုင်းရပ်စ်ကို ထိုးတာဖြစ်တာကြောင့် ကိုဗစ် ဖြစ်စေတာမျိုး ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ကိုဗစ်ရဲ့ နောက်လှိုင်းတွေကို ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးတာက အကောင်းဆုံးသော ကာကွယ်မှုပါ။

ကိုဗစ်ကာကွယ်ဆေးက ဆီးချိုရှိသူတွေအတွက် စိတ်ချရရဲ့လား……

ကိုဗစ် ကာကွယ်ဆေးက ပြင်းထန်တဲ့ ရောဂါကူးစက်မှုကနေ ကာကွယ်ပေးဖို့ ဖြစ်သလို မတော်တဆ ရောဂါ ကူးစက်ခဲ့ရင်လည်း သိပ်မပြင်းထန်အောင် ကာကွယ်ပေးဖို့ပါ။ ဆီးချို အပါအဝင် နာတာရှည် ရောဂါ ခံစားနေရသူတွေမှာ ကိုဗစ်ကြောင့် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် ကိုဗစ်ကာကွယ်ဆေးက အကောင်းဆုံးသော ကာကွယ်နည်းပါ။

ကိုဗစ်ကာကွယ်ဆေးက ဆီးချိုရှိသူတွေကို အကောင်းဆုံး ကာကွယ်ပေးတဲ့ အရာဖြစ်တာကြောင့် ဆီးချိုရှိသူတွေအတွက် စိတ်ချရပါတယ်။ ကာကွယ်ဆေး ထိုးတဲ့အခါ ဖျားတာ၊ ဆေးထိုးတဲ့နေရာက နာတာလိုမျိုး ကာကွယ်ဆေး ထိုးတာကြောင့် ခံစားရနိုင်တဲ့ အသေးစား ကျန်းမာရေးပြဿနာလေးတွေကိုတော့ ခံစားရနိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးကြောင့် ခံစားရမယ့်အရာတွေက ဆီးချိုရှိသူတွေမှာရော အတူတူပဲလား……

ကာကွယ်ဆေးကြောင့် ခံစားရမယ့် နောက်ဆက်တွဲ ကိစ္စတွေကတော့ အတူတူပါပဲ။ ဆီးချိုရှိသူတွေမှာ ခံစားရနိုင်မယ့် ကာကွယ်ဆေးရဲ့ နောက်ဆက်တွဲ ခံစားရနိုင်တဲ့ ကိစ္စလေးတွေက ကျန်းမာတဲ့ သူတွေမှာ ခံစားရမှာတွေနဲ့ အတူတူပါပဲ။

  • အဖျားငွေ့ငွေ့လေး ရှိတာ
  • ပင်ပန်းနွမ်းနယ်တာ
  • လက်မောင်း ဆေးထိုးတဲ့နေရာက နာတာ
  • ဆေးထိုးထားတဲ့နေရာတဝိုက် နီမြန်းတာမျိုးပါ။ ဒီ လက္ခဏာကို ၁ ရက်ကနေ ၂ ရက်လောက် ခံစားရနိုင်ပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဆရာဝန်နဲ့ ပုံမှန်လေး ပြသဖို့ လိုပါမယ်။

ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ လိုက်နာရမလဲ…..

ဆီးချိုရှိသူတွေအနေနဲ့ ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

  • ဆေးတွေကို ပုံမှန်အတိုင်း ဆက်သောက်ရမလား ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ
  • ဖျားနာမယ်ဆိုရင် ဘယ်ဆေးသောက်ရမလဲ ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ
  • ကောင်းကောင်း အနားယူပါ
  • လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့
  • သွေးချို မြင့်စေနိုင်တဲ့ အစားအစာတွေ မစားပါနဲ့
  • အဆီများတဲ့ ပင်လယ်ငါး၊ ကြက်ဥ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများ စားပါ
  • ရေများများ သောက်ပါ
  • မတ်ခ်တပ်တာ၊ လက်ဆေးတာလိုမျိုး ကာကွယ်မှုတွေကို ဆက်လက် လုပ်ဆောင်ပါ
  • မလိုအပ်ပဲ အပြင် မထွက်ပါနဲ့
  • လူတွေနဲ့ ခပ်ခွာခွာနေထိုင်ပါ
  • လူစုလူဝေးရှောင်ပါ။

ဆီးချိုရှိသူတွေအနေနဲ့ ကာကွယ်ဆေးကြောင့် ခံစားရတဲ့ လက္ခဏာက မပြင်းထန်ပေမယ့် ပိုးကူးစက်ခံရရှင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် ကာကွယ်ဆေး ထိုးထားဖို့ တိုက်တွန်းပါရစေ။ ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို အကြောင်းကို သေချာလေး သိရှိပြိဆိုတော့ ကာကွယ်ဆေး ထိုးမယ်။ မထိုးဘူးဆိုတာ ဆုံးဖြတ်လို့ ရပြီထင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 14/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement