သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 17, 2021 . 3 mins read
Share now

လေ့ကျင့်ခန်းတွေဟာ နှလုံးကျန်းမာစေတယ်ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းနိုင်စေတယ်။ အရိုးတွေကို သန်မာစေတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ကိုယ်လက်ပေါ့ပါးစေတယ် ဆိုတာကို အားလုံး သိထားပြီးဖြစ်မှာပါ။ ဒါဆိုရင် လေ့ကျင့်ခန်း စလုပ်တော့မယ်လို့ စိတ်ကူးနေပြီလား။  လေ့ကျင့်ခန်းဆိုတဲ့နေရာမှာ လေ့ကျင့်ခန်း အမျိုးအစားတွေက အများကြီးပါ။ ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှ ခန္ဓာကိုယ် သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ က ဘာတွေလဲဆိုတာနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများလို့ ဆိုလိုက်ရင် လေ့ကျင့်ခန်းတွေ အားလုံးက အတူတူပဲ မဟုတ်ဘူးလား။ ဘာ​တွေများ ကွာခြားသွားလို့လဲဆိုပြီး မေးစရာရှိပါတယ်။ တကယ်ကတော့ လေ့ကျင့်ခန်း တစ်ခုချင်းစီကို လုပ်ဆောင်ရပုံခြင်း မတူသလို အကျိုးသက်ရောက်မှုခြင်းကလည်း ကွာခြားပါတယ်။

ဒီလေ့ကျင့်ခန်းတွေထဲကမှ သန်စွမ်းကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းတွေက ကြွက်သားအုပ်စု တစ်ခုချင်းစီကို သန်မာလာအောင် လေ့ကျင့်ပေးတာဖြစ်ပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။လို့ အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်းက ဆိုပါတယ်။

ဒီလေ့ကျင့်ခန်းက ကြွက်သားတွေကို သန်မာဖွံ့ဖြိုးလာအောင်လုပ်ပြီး ခန္ဓာကိုယ်ကို ပိုမို သန်မာစေတာပါ။ ဒါဆိုရင် Gym ဆော့တာနဲ့ တူသလားဆိုတော့ လုံးဝ အတိအကျ မတူပါဘူး။ ဒီလေ့ကျင့်ခန်းက ကြွက်သားတွေကိုတင် သန်မာစေတာ မဟုတ်ဘဲ အသက်အရွယ်​ကြောင့် ကြွက်သားဆုံးရှုံးမှုတွေ မဖြစ်စေဖို့လညး ကာကွယ်ပေးပါတယ်။

ဒီလေ့ကျင့်ခန်းက ကျန်းမာရေးအတွက် ဘက်စုံကနေ ထောက်ပံ့ပေးသလို အသက်အရွယ်တိုင်းအတွက အကျိုးကျေးဇူး များပါတယ်။ ဒါ့အပြင် သန်စွမ်းကျ်းမာစေမယ့် လေ့ကျင့်ခန်းတွေက အဝလွန်တာ၊ အဆစ်ရောင်နာ နဲ့ နှလုံးရောဂါ ရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။

ဒီလေ့ကျင့်ခန်းကို အသက် ၆ နှစ်လောက်ကစလို့ နေ့စဉ် မိနစ် ၆၀ လောက် တစ်ပတ်ကို ၃ ရက် လုပ်ဆောင်ပေးဖို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ထောက်ခံ အကြံပြုထားပါတယ်။ ကြွက်သားတက်အောင် ကစားနေတဲ့ လူလတ်ပိုင်းတွေအနေနဲ့လည်း တစ်ပတ်ကို ၂ ကြိမ်လောက် ပုံမှန် ကစားပေးသင့်ပါတယ်။

ကြံ့ခိုင်သန်စွမ်းစေမည့် လေ့ကျင့်ခန်းများ က ဘာတွေလဲ။

ကြံ့ခိုင်သန်စွမ်းစေမယ့် လေ့ကျင့်ခန်းတွေက

  • အလေးမခြင်း
  • resistance bands လေ့ကျင့်ခန်း
  • တွင်းတူးတာလိုမျိုး အမှိုက်သိမ်းတာလိုမျိုး အိမ်မှုကိစ္စတွေကို အင်အားစိုက်ပြီး လုပ်ဆောင်ခြင်း
  • လှေကားတက်ခြင်း
  • တောင်တက်ခြင်း
  • စက်ဘီးစီးခြင်း
  • ကခြင်း
  • ဒိုက်ထိုးခြင်း
  • squat ထိုင်ခြင်းတွေပါ။

ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။

ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။

ကြံ့ခိုင်သန်စွမ်းစေမယ့် လေ့ကျင့်ခန်းတွေက

သန်မာစေမယ်

ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို သန်မာစေပြီး ကြွက်သားတွေကို ကြံ့ခိုင်သန်စွမ်းစေတာကြောင့် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးတာကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အရိုးတွေကို ကြံ့ခိုင်စေပြီး ကြွက်သားတက်စေတယ်

အသက် ၃၀ ဝန်းကျင် ရောက်လာတဲ့အခါ ကြွက်သားတွေက ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ဆိုရင် တစ်ပတ်ကို ၂ ကြိမ် တစ်နေ့ကို မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။

ဒီလို ပုံမှန် လုပ်ဆောင်ပေးတာက အရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီး ကိုယ်နေဟန်ထား မှန်စေသလို သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။  အသက်ရလာတဲ့အထိ အရိုးအဆစ် နဲ့ ကြွက်သားတွေကို သန်မာစေမှာပါ။

ကိုယ်အလေးချိန် ထိန်းပေးတယ်

သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြတဲ့ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေက ကယ်လ်လိုရီ လောင်ကျွမ်းမှုကိုတိုးစေပြီး  ပိုနေတဲ့ ကိုယ်အလေးချိန်နဲ့ အဆီတွေကို လျှော့ချပေးပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေတယ်

ဒီလေ့ကျင့်ခန်းတွေက ကိုယ်နေဟန်ထား မှန်စေသလို ခန္ဓာကိုယ်ကို ဟန်ချက်ညီစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သန်စွမ်း ကြံ့ခိုင်စေပါတယ်။ ကြွက်သားတွေကို သန်မာစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတာကြောင့် အဆီပိုတွေကိုလည်း လောင်ကျွမ်းစေပါတယ်။

နာတာရှည်ရောဂါတွေကို ကာကွယ်ပေးတယ်

နေ့စဉ် သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးတာက အဆစ်ရောင်ရောဂါ ခံစားရနိုင်ခြေကို လျှော့ကျစေပြီး အမျိုးအစား (၂) ဆီးချို၊ အပါအဝင် နာတာရှည်ရောဂါတွေ မဖြစ်စေဖို့ ကာကွ်ယ်ပေးပါတယ်။

စိတ်ခံစားမှု ကောင်းစတယ်

သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက endorphins ဟောမုန်း တိုးစေတာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ ညဘက်တွေမျာ ကောင်းကောင်း အိပ်ပျော်စေသလို စိတ်ကူးဉာဏ်ကို ရင့်သန်စေနိုင်ပါတယ်။

ကယ်လ်လိုရီ လောင်ကျွမ်းစေနိုင်တယ်

သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေတာကြောင့် အဆီတွေကို အထိရောက်ဆုံး လောင်ကျွမ်းစေနိုင်ပါတယ်။ သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်တဲ့ အလေးမတာက အလေးမနေစဉ်မှာရော အလေးမပြီးချိန်မှာပါ ကယ်လ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

နှလုံးသွေးကြော ကျန်းမာစေတယ်

သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုး မဖြစ်စေဖို့ ထိန်းညှိပေးသလို နှလုံးရောဂါ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ကဲ….. သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက ဘယ်လောက်ထိ ကျန်းမာရေးကို အထောက်အကူပြုလဲဆိုတာ သိပြီဟုတ်………

Takeaways

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေတာကြောင့် နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပတ်ကို ၂ ကြိမ်လောက် မိနစ် ၃၀ ကနေ ၆၀ လောက်အထိ လုပ်ပေးဖို့ လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read