နှလုံးခုန်စည်းချက်မမှန်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 3, 2020 . 2 mins read
Share now

ပုံမှန်အားဖြင့် သင့်နှလုံးဟာ တမိနစ်မှာ အချက်ရေ ၆၀ ကနေ ၁၀၀ အတွင်း ခုန်ပြီး သွေးများကို ညှစ်ထုတ်ပေးခြင်း၊ ပြန်လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။ နှလုံးခုန်တယ်ဆိုတာ နှလုံးရဲ့ကြွက်သားတွေ ကျုံ့လိုက်ဆန့်လိုက်ပြုလုပ်နေတဲ့ လှုပ်ရှားမှုပါပဲ။ ဒီလှုပ်ရှားမှု (နှလုံးခုန်ခြင်း) ဟာ သူ့စည်းချက်နဲ့သူ ရှိပါတယ်။

အဆိုပါနှလုံးခုန်ခြင်းဟာ သူ့ပုံမှန်စည်းချက်ကနေ လွဲချော်သွားရင်တော့ နှလုံးခုန်စည်းချက်မမှန်ခြင်း (Cardiac Arrythmia) အခြေအနေကို ဖြစ်ပေါ်စေပါတယ်။ ယေဘုယျအားဖြင့် နှလုံးခုန်တဲ့လှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့ လျှပ်စီးလှုံ့ဆော်မှုတွေ ပုံမှန်စီးဆင်းခြင်းမရှိရင် ဖြစ်ပေါ်တတ်ပါတယ်။ နှလုံးခုန်မြန်လွန်းခြင်း၊ နှေးလွန်းခြင်း၊ တစ်ကြိမ်နှင့်တစ်ကြိမ်ကြား အချိန်စောပြီး နှလုံးခုန်ခြင်း၊ တစ်ကြိမ်နှင့် တစ်ကြိမ် မတူညီခြင်း စသဖြင့် နှလုံးခုန် စည်းချက်လွဲတဲ့ အခြေအနေတွေ ရှိပါတယ်။

နှလုံးခုန်စည်းချက်မမှန်ခြင်းဟာ လူတိုင်းလိုလိုမှာ တကြိမ်လောက်တော့ ကြုံရတတ်ပါတယ်။ ဒါပေမယ့် မကြာခဏ ဖြစ်ပေါ်နေရင်တော့ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်၊ အဆုတ်နဲ့ တခြားအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်လာစေနိုင်ပါတယ်။ နားလည်တတ်ကျွမ်းသူတွေနဲ့ ကုသမှုခံယူခြင်းမရှိရင် အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။

လက္ခဏာများ

နှလုံးခုန်စည်းချက်မမှန်ခြင်းဖြစ်ပေါ်ရင် အောက်ပါအခြေအနေတွေကို သင့်အနေနဲ့ သတိပြုမိပါလိမ့်မယ်။

နှလုံးခုန်ရပ်တန့်သွားသလို ခံစားမိလိုက်ခြင်း (စည်းချက်တစ်ချက်ပျောက်သွားခြင်း)

– လည်ပင်း၊ ရင်ဘတ်ထဲတွင် တလှပ်လှပ်ဖြစ်ခြင်း

နှလုံးခုန်နှေးခြင်း၊ မြန်ခြင်း စတာတွေ ဖြစ်ပါတယ်။

အောက်ပါလက္ခဏာတွေပါ ယှဉ်တွဲပြီး တွေ့ရှိရရင်တော့ နှလုံးမှာ ပြဿနာတစ်ခုခုဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ရင်ဘတ်အောင့်ခြင်း

– အသက်ရှူရခက်ခဲခြင်း

– ပင်ပန်းနွမ်းနယ်ခြင်း

– မူးဝေခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း

– ချွေးအလွန်ထွက်ခြင်း

အကြောင်းအရင်းများ

နှလုံးခုန်စည်းချက်ပျက်ရတဲ့ အကြောင်းအရင်းတွေဟာ မျိုးစုံရှိနိုင်ပါတယ်။ ဆေးဝါးများ၊ စိတ်ခံစားမှု၊ မျိုးရိုးဗီဇလိုက်ခြင်း စသဖြင့် ရှိတတ်ပါတယ်။ အကြောင်းအရင်းမသိရဘဲဖြစ်တာလည်း ရှိတတ်ပါတယ်။

သွေးတိုးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဓာတ်မတည့်ခြင်း၊ သိုင်းရွိုက်ရောဂါ၊ ဆီးချို စတဲ့ရောဂါတွေအတွက် သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဒေါသ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှု စတဲ့ စိတ်ခံစားမှုများ၊ အရက်၊ ဆေးလိပ် စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေမြင့်စေသည့်အကြောင်းများ

မိသားစုတွင်းဖြစ်ဖူးခြင်း၊ အသက်အရွယ်၊ နေထိုင်စားသောက်ပုံ စတာတွေပေါ်လည်း မူတည်ပါတယ်။ နှလုံးနဲ့ ဆက်နွယ်နေတဲ့ ပြဿနာများ၊ အခြားရောဂါများဟာလည်း ဖြစ်နိုငခြေမြင့်စေပါတယ်။ ၎င်းတို့ကတော့

– နှလုံးသွေးလွှတ်ကြောရောဂါများ

နှလုံးအဆို့ရှင်ရောဂါများ

– နှလုံးထိခိုက်ခြင်း၊ အမောဖောက်ခြင်း

– နှလုံးကြွက်သားအားနည်းခြင်း

– နှလုံးရောင်ခြင်း

– သွေးတိုးခြင်း

– အိပ်စက်စဉ် အသက်ရှူရပ်တန့်ခြင်း

– နာတာရှည်အဆုတ်ရောဂါ

– သိုင်းရွိုက်ဂလင်း ကောင်းစွာအလုပ်မလုပ်ခြင်း (သို့မဟုတ်) လွန်ကဲစွာ အလုပ်လုပ်ခြင်း

– ကိုယ်ခန္ဓာတွင်း ဓာတ်ဆားများ မညီမျှခြင်း၊ အာဟာရမပြည့်ဝခြင်း

– ဖျားနာခြင်း

– ဆီးချို စတာတွေ ဖြစ်ပါတယ်။

ကာကွယ်ခြင်း

နှလုံးခုန်စည်းချက်မမှန်ခြင်းအတွက် တတ်နိုင်သလောက် ကာကွယ်နိုင်ပါတယ်။ အဓိကကတော့ နှလုံးခုန်မမှန်ဖြစ်စေမယ့် အကြောင်းအရာတွေကို ရှောင်ကြဉ်ဖို့ပါပဲ။ အဓိကအားဖြင့် စိတ်ဖိစီးမှုလျှော့ချခြင်း၊ ဆေးလိပ်အရက်ရှောင်ကြဉ်ခြင်း၊ ကဖိန်းလျှော့ခြင်း စတဲ့အချက်တွေ လိုက်နာရပါမယ်။ ဆေးဝါးများကို နားလည်တတ်ကျွမ်းသူများရဲ့ ညွှန်ကြားချက်မပါဘဲ မိမိသဘောနဲ့ သောက်သုံးခြင်း မပြုရပါဘူး။

အထူးသဖြင့် နှလုံးနဲ့ပတ်သက်တဲ့ဆေးဝါးတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို စားသုံးခြင်း၊ သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း စတာတွေ လုပ်ဆောင်ရပါမယ်။ နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်ဆီမှာ အချိန်မှန် စစ်ဆေးမှုခံယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်က သက်သာလာရင်ရော ဘာတွေခံစားရနိုင်မလဲ………

ကိုဗစ်က သက်သာလာရင်ရော ဘာတွေခံစားရနိုင်မလဲ……… ကိုဗစ်အလွန် ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒါတွေက ဘာတွေလဲဆိုတော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ကိုတော့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့သူတွေမှာတော့ မကြာခဏပြင်းထန်ပြီး လွန်ကဲတဲ့ စိုးရိမ်မှုကို ခံစားနေရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ

သေနတ်ထိ လို့ကျည်ဆန်က ဖောက်ထွက်သွားတဲ့ ဒဏ်ရာ အမျိုးအစား တစ်မျိုးပါ။ ဒီဒဏ်ရာက တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသဖို့ လိုတယ်ဆိုပေမယ့်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2021 . 2 mins read
ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 1 min read
ဘီးစပ်ရွက် က အခုလို ဆေးဖက်ဝင်ပါတယ်။

ဘီးစပ်ရွက် က အခုလို ဆေးဖက်ဝင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 19, 2021 . 2 mins read
သာကူ စားတာ ကျန်းမာစေသလား.........

သာကူ စားတာ ကျန်းမာစေသလား………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 19, 2021 . 2 mins read