ကိုဗစ်လူနာ တွေမှာ အောက်ဆီဂျင်ကျပြီဆိုရင် အောက်ဆီဂျင်ပေးကြရပါပြီ။ သာမန်အချိန်မှာ လူတွေက လေထဲက အောက်ဆီဂျင်ကို ရှူတာနဲ့တင် လုံလောက်နေတဲ့အတွက် သီးသန့်ပေးစရာ မလိုပါဘူး။ ကိုဗစ်လူနာတွေမှာတော့ အဆုတ်ထိခိုက်ပြီး ရှူသလောက် မရတော့ဘူးဆိုရင် အပြင်ကနေ အပိုဆောင်း အောက်ဆီဂျင်ထပ်ပေးရပါပြီ။ ဒီအခါ ပေးပုံပေးနည်း မှန်ဖို့ လိုပါတယ်။