ခုတလော မော မောနေတယ်။ နည်းနည်းလေးလှုပ်လိုက်တာနဲ့ မော နေတော့တာပါပဲလို့ ငြီးတွားတဲ့ အသံကို ကြားဖူးပါသလား။ လူတစ်လောက်ကို တစ်မိနစ်ကို ၁၂ခါကနေ အခါ ၂၀အထိ အသက်ရှူကြပါတယ်။ အသက်ရှူရတာ မဝတဲ့အခါ၊ အသက်ရှူရတာ မြန်လာတာတဲ့အခါ မောတယ်လို့ ခေါင်းစဉ်တပ်ကြပါတယ်။ မောရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ သာမန် အပရိက အမောကနေ သေလောက်တဲ့ အမောအထိ ရှိပါတယ်။