ကိုဗစ်လူနာများရဲ့ တိတ်တခိုး လူသတ်သမား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Share now

ကိုဗစ်လူနာရဲ့ လက္ခဏာတွေထဲမှာ လူသိများတဲ့ အနံ့ပျောက်တာတို့၊ ဖျားတာတို့၊ ချောင်းဆိုးတာတို့အပြင် နောက်ထပ်အရေးကြီးတဲ့ လက္ခဏာတစ်ခုလည်း ရှိပါသေးတယ်။ လက္ခဏာဆိုတာထက် နောက်ဆက်တွဲ ပြဿနာပေါ့။ ဒါက သွေးတွင်းအောက်ဆီဂျင်နည်းသွားတာပါပဲ။ ဒါဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့ပြဿနာဖြစ်ပြီး ချက်ချင်းဆိုသလို အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ကျလာတဲ့အခါ

သွေးတွင်းအောက်ဆီဂျင်က သာမန်လူတစ်ယောက်မှာ ၉၇ ရာခိုင်နှုန်း ပတ်ချာလည်လောက် ရှိပါတယ်။ ဒါက pulse oximeterလို့ ခေါ်တဲ့ လက်ထိပ်ကနေ အောက်ဆီဂျင်တိုင်းတဲ့ ကိရိယာလေးနဲ့ တိုင်းတဲ့ အဖြေပေါ်မူတည်ပြီး ပြောတာပါ။ ၉၀ ရာခိုင်နှုန်းအောက်ဆိုရင်တော့ ဦးနှောက်က အောက်ဆီဂျင်ကောင်းကောင်း မရတာကြောင့် ကမောက်ကမတွေ စဖြစ်လာပါပြီ။ ၈၀ ရာခိုင်နှုန်းဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ တခြားအရေးပါတဲ့ နေရာတွေပါ အောက်ဆီဂျင်ကောင်းကောင်း မရတော့ပါဘူး။

ကိုဗစ်နဲ့ သွေးတွင်းအောက်ဆီဂျင် ကျဆင်းခြင်း

ကိုဗစ်ကလည်း အဆုတ်ကို ထိခိုက်တဲ့ ရောဂါဖြစ်တာကြောင့် သွေးတွင်းအောက်ဆီဂျင်ကျတာပါပဲ။ ဒါပေမယ့် မတူတာက သူက အောက်ဆီဂျင်ကျနေပေမယ့် လက္ခဏာ မပြတာပါ။ သာမန်လူတစ်ယောက်က သွေးတွင်းအောက်ဆီဂျင် ၉၀အောက်ဆိုရင် မောလာမယ်၊ အသက်တွေ ခပ်ပြင်းပြင်းရှူလာမယ် စတဲ့ လက္ခဏာတွေ ပြလာမှာပါ။

ကိုဗစ်လူနာမှာက ဒီလိုလက္ခဏာတွေ မပြပါဘူး။ ဒါကြောင့် တိတ်တဆိတ်လူသတ်သမား (silent hypoxia)လို့ ခေါ်တာပါ။ သွေးထဲမှာသာ အောက်ဆီဂျင်ကျနေတာ လူနာက ပုံမှန်အတိုင်း သွားနိုင်လာနိုင်နေတဲ့အတွက် သာမန်လူလိုပါပဲ။ ဘာလက္ခဏာမှ မပြပါဘူး။ ဒါကြောင့် happy hypoxiaလို့လည်း ခေါ်ပါတယ်။ နောက်ဆုံး တဖြည်းဖြည်းကျကျလာပြီး ၂၀-၃၀လောက်မှ မောတယ် အသက်ရှူမဝဘူးဆိုတာတွေ စပြောတော့ အဲ့ဒီအချိန်ဆို အသက်လုရမယ့် အနေအထား ရောက်သွားပါပြီ။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

ဒါနဲ့ ပတ်သတ်ပြီး သုံးသပ်ချက်ကတော့ အဆုတ်စပျက်စီးတဲ့အချိန်မှာ ဗိုင်းရပ်စ်က အဆုတ်ရဲ့ ကျုံ့အား၊ ဆန့်အားကို လုပ်ပေးတဲ့ surfacatantလို့ ခေါ်တဲ့ ပစ္စည်းလေးကို ဖျက်ဆီးပြီးသား ဖြစ်နေပါပြီ။ Surfactantဆိုတာက အသက်ရှူတဲ့အချိန်မှာ အဆုတ်က ကောင်းကောင်း ကျုံ့နိုင် ဖောင်းနိုင်အောင် လုပ်ပေးတာပါ။ Surfactant သာ မရှိရင် လေအိတ်ငယ်လေးတွေက လေကို ရှူထုတ်ဖို့ အားသုံးရပါတယ်။

ဒါပေမယ့် လေအိတ်ထဲမှာ အရည်မရှိဘူးဆိုရင်တော့ ဒါက ပြဿနာ မဟုတ်ပါဘူး။

နောက်တစ်ခုက ဗိုင်းရပ်စ်က အဆုတ်မှာရှိနေတဲ့ သွေးကြောငယ်လေးတွေကို ဖျက်ဆီးလိုက်ပါတယ်။ နမိုးနီးယားဖြစ်တဲ့လူနာတွေမှာ အရည်တွေပြည့်နေတဲ့ အဆုတ်နားက သွေးကြောလေးတွေက ကျုံ့သွားပါတယ်။ ကျုံ့သွားပြီး တခြားကောင်းတဲ့နေရာတွေကို သွေးပိုပေးပါတယ်။ နမိုးနီးယားမှာ အဆုတ်ထဲ ရေဝင်တဲ့အတွက် လူနာက မောတဲ့လက္ခဏာပြတယ်။ သွေးတွေက တခြားကောင်းတဲ့ အဆုတ်အစိတ်အပိုင်းထဲကို ပို့တဲ့အတွက် သွေးတွင်းအောက်ဆီဂျင်ကလည်း သိပ်မကျဘူး။ (ဆိုလိုတာတော့ သွေးတွင်းအောက်ဆီဂျင် ၉၀ ပတ်ချာလည်လောက်နဲ့ လူနာက လက္ခဏာပြတော့ စောစောကုနိုင်တာပေါ့။)

ကိုဗစ်မှာကျတော့ အဆုတ်လေအိတ်လေးတွေက ထင်သလို အရည်တွေနဲ့ ပြည့်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် သွေးကြောလည်း မကျုံ့၊ တခြားကောင်းနေတဲ့နေရာကိုလည်း သွေးပို့စရာ မလိုပါဘူး။ လူနာက သက်သောင့်သက်သာ အသက်ရှူနိုင်နေသေးတယ်။ ဒါပေမယ့် အထဲမှာ လေအိတ်တွေက ပျက်စီးနေတဲ့အတွက် သွေးထဲကို အောက်ဆီဂျင် မပို့နိုင်ဘဲ အောက်ဆီဂျင်က ကျကျလာပါတယ်။ လက္ခဏာမပြဘဲ ကျကျလာတဲ့ သဘောပါပဲ။

ဒါဟာ သိပ်အန္တရာယ်များပါတယ်။ နောက်ကျမှ သိတာဖြစ်တဲ့အတွက် ကုရတာလည်း ခက်ပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး ဘာတွေ ကြိုစဉ်းစားထားကြမလဲ။

ခုချိန်မှာ တချို့လူနာတွေက ဆေးရုံသိပ်မသွားကြတော့ပါဘူး။ အနံ့မရပေမယ့် အိမ်မှာပဲ နေကြတာ များပါတယ်။ အိမ်မှာ နေတယ်ဆိုတာက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမယ့် ဒီလို လူမသိ သူမသိ အောက်ဆီဂျင်ကျနေနိုင်တဲ့ အနေအထားကို ကြိုစဉ်းစားထားရပါမယ်။

ကံကောင်းတာက pulse oximeterလို့ ခေါ်တဲ့ လက်ထိပ်ကနေ အောက်ဆီဂျင်တိုင်းတဲ့ ကိရိယာလေးနဲ့ တိုင်းရင်တော့ လူနာမမောသည့်တိုင်အောင် အောက်ဆီဂျင်ကျနေရင် မြန်မြန်လုပ်စရာရှိတာ လုပ်လို့ရပါတယ်။

ဒါကြောင့် အိမ်မှာနေမယ်ဆိုရင်လည်း နေ့တိုင်း အောက်ဆီဂျင်ကို ပုံမှန်တိုင်းဖို့ လိုပါတယ်။ ကျသွားရင် ငါဘယ်ကို ဆက်သွယ်မလဲ၊ ဘယ်ဆေးရုံကို ပို့မလဲဆိုတာကိုပါ တစ်ခါတည်း စဉ်းစားထားရပါမယ်။ နောက်တစ်ခုက ကိုယ်က ဆေးစစ်ထားတဲ့သူ မဟုတ်ရင် ဆေးရုံမှာ ဆေးကုနေရင်းနဲ့ ဆေးစစ်ဖို့ ပြင်ရမယ်။ မတော်တဆဆုံးပါးသွားရင်တောင် ဆေးစစ်ရမယ်ဆိုတာကို နားလည်ထားဖို့လိုပါတယ်။ ဒါက ဆေးရုံရဲ့ လုပ်ထုံးလုပ်နည်း ဖြစ်နေလို့ပါပဲ။

ပြန်ချုပ်ရမယ်ဆိုရင် ကိုဗစ်သည် မာယာများပါတယ်။ အိမ်မှာနေမှာ၊ ဆေးရုံတက်မယ် စတာတွေက ကိုယ့်ရဲ့ သဘောအတိုင်းမို့လို့ ပြောစရာ မရှိပေမယ့် မသိလိုက်တဲ့ အချိန်မှာ အောက်ဆီဂျင်ကျသွားနိုင်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ ဒီအတွက် ကြိုပြင်ထားဖို့ လိုပါလိမ့်မယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတွေက အများကြီးရှိပြီး ခံစားရတဲ့ လက္ခဏာတွေလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ရောဂါတွေကို သိထားရင် ပြသရတာ လွယ်ကူပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကူးစက်ခံရပြီး မြန်မြန်နာလန်ထနိုင်ဖို့

ကိုဗစ်ရောဂါဖြစ်ပြီးရင်တောင် နောက်ဆက်တွဲ ကျန်းမာရေဟာပြဿနာလေးတွေ ရှိတတ်ပါတယ်။ ဒီပြဿနာလေးတွေ သက်သာဖို့ WHOက နည်းလမ်းလေးတွေ သုံးနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နှာခေါင်းတွေ ပိတ်နေလို့ ညဘက်အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

ချမ်းစိမ့်စိမ့် ဆောင်းရာသီတောင် ဘာလိုလိုနဲ့ ရောက်လာပြန်ပြီနော်။ မြန်မာနိုင်ငံရဲ့ ...

ရေးသားသူ Ye Myo Myat

ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း

သွေးတွင်းအောက်ဆီဂျင်ပမာဏကိုသိရဖို့ လက်ထိပ်မှာစက်လေးတပ်လိုက်ရုံနဲ့ တင် မိနစ်ပိုင်းအတွင်းသွေးတွင်းအောက်ဆီဂျင်ပမာဏ ကိုသိရှိနေနိုင်ပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 15, 2021 . 3 mins read
ကိုဗစ် ကာလ ပြည်တွင်းလေကြောင်းလိုင်း စီးနင်းလိုက်ပါမယ့် ခရီးသည်များ ဘာတွေ ပြင်ဆင်သတိထားသင့်သလဲ။

ကိုဗစ် ကာလ ပြည်တွင်းလေကြောင်းလိုင်း စီးနင်းလိုက်ပါမယ့် ခရီးသည်များ ဘာတွေ ပြင်ဆင်သတိထားသင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read
နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေသုံးတဲ့ မှန်ပြောင်းလေးများ

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေသုံးတဲ့ မှန်ပြောင်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 4, 2020 . 2 mins read
ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ

ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read