ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ဘူး။ အိပ်ရေးပျက်တဲ့ ရက်တွေက များလာပြီ ရေရှည် အဆင်မပြေဘူး။ ကျန်းမာရေး ထိခိုက်လာမှာ စိုးတယ်။ အိပ်ပျော်အောင် အိပ်ဆေး သောက်အိပ်ရင် ကောင်းမယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန် အိပ်ဆေး သောက်ရင် ဘေးကင်းပါ့မလား ဆိုတာပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ဘူး။ အိပ်ရေးပျက်တဲ့ ရက်တွေက များလာပြီ ရေရှည် အဆင်မပြေဘူး။ ကျန်းမာရေး ထိခိုက်လာမှာ စိုးတယ်။ အိပ်ပျော်အောင် အိပ်ဆေး သောက်အိပ်ရင် ကောင်းမယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန် အိပ်ဆေး သောက်ရင် ဘေးကင်းပါ့မလား ဆိုတာပါ။
ကိုယ်ဝန်ဆောင် မိခင်အများစုဟာ ကိုယ်ဝန်ဆောင်ကာလမှာ အိပ်မပျော်တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက ရေရှည်မှာ ကိုယ်ဝန်ဆောင်ကာလ စိတ်ဓာတ်ကျမှု ဝေဒနာကို ခံစားရနိုင်ပါတယ်။
အိပ်ဆေးက ကိုယ်ဝန်ဆောင် မပြောနဲ့ သာမန်လူမှာတောင် ရေရှည် စွဲမသုံးဖို့ အကြုံပြုထားတဲ့ ဆေးမျိုးပါ။ အကြောင်းကတော့ အိပ်ဆေးက ဘေးထွက်ဆိုးကျိုး များတာကြောင့်ပါ။
အိပ်ဆေးကို ကာလရှည်ကြာ အားကိုးတဲ့အခါ
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ဆိုရင် အိပ်ဆေးမသောက်တာ ကောင်းပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်တာက အခန့်မသင့်ရင် ကလေးကို ထိခိုက်နိုင် ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတွေကို ဖျားနာမှု ကင်းပြီး ဆေးထိုးဆေးသောက် ကင်းစေဖို့အတွက် ကာကွယ်ဆေးတွေ ကြိုတင် ထိုးနှံထားဖို့ ဆရာဝန်တွေက သတိပေးကြပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ကာလမှာ ဆေးသောက်တာက မေမေကို မထိခိုက်ရင်တောင် ဘေဘီလေးကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ဆရာဝန်တွေက ဆေးသောက်ဖို့ ညွှန်းခဲကြပါတယ်။ မဖြစ်မနေ အခြေအနေမျိုးမှာမှ ဆေးသောက်ဖို့ ပြောကြတာပါ။ ဒီလို မညွှန်းတဲ့ ဆေးတွေထဲမှာ အိပ်ဆေးကလည်း တစ်မျိုး အပါအဝင်ပါ။ အိပ်ဆေးက အိပ်ပျော်စေတယ် ဆိုပေမယ့် ရေရှည်စွဲသောက်ရင် ကျန်းမာရေးကို ထိခိုက်လာစေနိုင်လို့ပါ။
ကိုယ်ဝန်ဆောင် မေမေတစ်ယောက် အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ဆေးသောက်မယ်ဆိုရင်
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ဆေး သောက်တာက ဘေးမကင်းဘူးလို့ပဲ ပြောပါရစေ။ နေ့စဉ် ရက်ဆက် အိပ်မပျော်ဘူးဆိုရင်တော့ အိပ်ဆေးသုံးမယ့်အစား သဘာဝနည်းလမ်းတွေနဲ့ အိပ်ပျော်အောင် ကြိုးစားကြည့်ပါ။ အိပ်ဆေးဆိုတာကိုလည်း ဆရာဝန်မညွှန်ဘဲ မသောက်ပါနဲ့လို့ အကြံပြုလိုပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။