ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးကို ရှောင်သင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 12, 2020 . 2 mins read
Share now

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်မှာ မိတ်ဆွေသူငယ်ချင်းများဆီက၊ မိသားစုဝင်များထံက အကြံဉာဏ်ပေးတာတွေ ကြုံရပါတယ်။ အကြံဉာဏ်တချို့ဟာ တန်ဖိုးရှိပေမယ့် မှားယွင်းတဲ့ အချက်အလက်တွေလည်း ရှိနေတယ်ဆိုတာ သတိပြုရပါမယ်။ ဥပမာ ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးစားမယ်ဆိုရင် ကိုယ်ဝန်ပျက်တတ်တယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအရသာရော အာဟာရဓာတ်ရော ပြည့်စုံတဲ့အသီးကို ၉လလုံးလုံး မရှောင်ခင်မှာ အောက်ပါအချက်တွေကို ဖတ်ရှုစေလိုပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးစားသင့်သလား

ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးစားနိုင်ပါတယ်။ တချို့ကတော့ ကိုယ်ဝန်စောပြီး ပျက်ကျတတ်လို့ နာနတ်သီးကိုရှောင်ဖို့ အကြံပြုကြပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ အထောက်အထား မခိုင်မာပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးက ဘေးဥပါဒ်ဖြစ်စေတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားလည်း မရှိပါဘူး။ ဒါဟာ ကောလာဟလသက်သက်လို့ ဆိုနိုင်ပါတယ်။

နာနတ်သီးနှင့် ဘရိုမီလိန်း

နာနတ်သီးရဲ့ထူးခြားချက်တခုကတော့ သူ့ဆီမှာ ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ကြွယ်ဝပါတယ်။ ဘရိုမီလိန်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးစွဲသင့်ဘူးလို့ ဆိုကြပါတယ်။ကိုယ်ခန္ဓာထဲက ပရိုတိန်းတွေကို ဖြိုခွဲတဲ့အတွက်ကြောင့် ပုံမှန်မဟုတ်တဲ့ သွေးယိုခြင်းတွေ ဖြစ်နိုင်ပါတယ်။

နာနတ်သီးမှာ ဘရိုမီလိန်းပါဝင်တယ်ဆိုပေမယ့် စားသုံးချိန်မှာ ရရှိတဲ့ပမာဏဟာ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ ကိုယ်ဝန်ကို ထိခိုက်စေလောက်တဲ့ ပမာဏမဟုတ်ပါဘူး။

နာနတ်သီးကို ကိုယ်ဝန်ဆောင်ချိန် အာဟာရအနေနဲ့ အားကိုးနိုင်သလား

ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်ကို အုပ်စုကြီးငါးခု ခွဲထားပါတယ်။ ၎င်းတို့ကတော့

– အသီးအရွက်များ

– သစ်သီးများ

– နို့ထွက်ပစ္စည်းများ

– အစေ့အဆန်များ

– ပရိုတိန်းရင်းမြစ်များ (အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး) စတာတွေပဲ ဖြစ်ပါတယ်။

အဆိုပါအုပ်စုများက အစားအစာများဟာ ကလေးငယ်ကို ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပေးပါတယ်။ အာဟာရဓာတ်တွေ အကောင်းဆုံးရအောင် အဆိုပါစားသောက်ဖွယ်ရာတွေကို ညီညွတ်မျှတစွာ စားသောက်ရပါမယ်။ မိမိရဲ့အသက်အရွယ်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှုပမာဏ စတာတွေပေါ် မူတည်ပြီး စားသုံးနိုင်ရင် ပိုကောင်းပါတယ်။

ဥပမာအားဖြင့် အသက် ၃၀ အရွယ် အရပ် ၅ပေ၄လက်မနဲ့ ကိုယ်အလေးချိန် ၁၄၀ ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်ပထမသုံးလတာကာလမှာ တစ်ရက်ကို အသီးအနှံ လေးခွက်ခန့် အနည်းဆုံးစားသင့်ကြောင်း ဆိုထားပါတယ်။ အရပ်နဲ့ ကိုယ်အလေးချိန်ပိုများသူတွေဆိုရင် ပိုမိုစားသင့်ကြောင်း သိရပါတယ်။

နာနတ်သီးကို ဘယ်လိုစားသင့်သလဲ

နာနတ်သီးတစ်ခွက်စာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီ ပမာဏ အပြည့်အဝပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ကြေးနီ၊ ဗီတာမင် B6 စတာတွေလည်း ကြွယ်ဝပါတယ်။ အဆိုပါအာဟာရဓာတ်များဟာ ကလေးငယ်ကောင်းစွာ ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။

နာနတ်သီးစားလို့ ဘေးဥပါဒ်ဖြစ်စေသလား

ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးစားခြင်းဟာ အများစိုးရိမ်နေသလို ကလေးပျက်ကျခြင်း မဖြစ်စေပါဘူး။ ဒါပေမယ့် များများစားခဲ့ရင် ဘေးထွက်ဆိုးကျိုးအချို့ရှိပါတယ်။ ဥပမာ အစာအိမ်အတွင်း အချဉ်ဓာတ်များရာကနေ ပြန်လျှံတက်ပြီး ရင်ပူနေခြင်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်ကို ရှောင်နိုင်ဖို့ သင့်တော်တဲ့ပမာဏလောက်သာ စားသုံးသင့်ပါတယ်။ နောက်တခုက ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေပါပဲ။

ခြုံပြောရရင် ကိုယ်ဝန်ဆောင်လာလမှာ နာနတ်သီးစားခြင်းဟာ အများသူငါပြောဆိုနေသလို ကိုယ်ဝန်ပျက်ခြင်း မဖြစ်စေတဲ့အပြင် မိခင်နဲ့ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေတောင် ရရှိစေပါလိမ့်မယ်။ တန်ဆေးလွန်ဘေးဆိုသလို ချင့်ချိန်စားသုံးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ

ပုံမှန်စားသုံးရင် ကျန်းမာရေးအတွက် မကောင်းပေမယ့် လွန်ကဲသွားရင် သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေ ရှိတယ်ဆိုတာ သိပါသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read