နွေရာသီမှာ ရေဓါတ်ခန်းခြောက်မှု မဖြစ်စေဖို့ ကာကွယ်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 2 mins read
Share now

ခုရက်ပိုင်း ရာသီဥတုက အရမ်းပူတယ်နော်။ ဒီလိုမျိုး ရာသီဥတုပူပြီဆိုရင် လူတော်တော်များများ ခေါင်းမူးခေါင်းကိုက်တာ၊ မူးဝေပြီး အန်ချင်သလို၊ ခြေတွေလက်တွေ ညောင်းကိုက်ပြီး အလုပ်မလုပ်ချင်လောက်အောင် မောပန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ သင့်မှာ ရေဓါတ်ခန်းခြောက်ေနပြီဆိုတာကို ပြနေတာပါပဲ။

ဘာကြောင့် ရေဓါတ်ခန်းခြောက်မှု ဖြစ်ရတာလဲ။

အိမ်မှာပဲနေနေ၊ အပြင်ပဲသွားသွား အပြင်က နေပူဒဏ်က ကိုယ်ခန္ဓါကို သက်ရောက်နေမှာပါ။ နေပူဒဏ်ကြောင့် အရေပြားကနေ ချွေးတွေ ထွက်လာပြီး ကိုယ်တွင်းက ရေဓါတ်ဆုံးရှုံးမှာပါ။ ဒါ့အပြင် ဒီလိုရာသီမျိုးမှာ မကြာခဏ ဖျားနာတတ်တော့ ကိုယ်ခန္ဓါက ရေဓါတ်တွေနည်းပြီး အားမရှိပျော့ခွေနေမှာပါ။ ကိုယ်က ရေသောက်လည်း နည်းတယ်၊ အာဟာရဖြစ်စေတဲ့ အစားအစာတွေ၊ ရေဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို မစားဘူး၊ အဲ့လို ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ကိုယ်က အစားထိုးပြန်မဖြည့်ဘူးဆိုရင်တော့ နောက်ဆက်တွဲ ရေဓါတ်ခမ်းခြောက်မှု ပြဿနာတွေ ဖြစ်လာမှာပါ။

ရေဓါတ်ခန်းခြောက်ရင် ဘာတွေဖြစ်နိုင်လဲ။

အရင်ဆုံး ရေဓါတ်ခန်းခြောက်နေပြီဆိုတဲ့ အကြောင်းကို အသိပေးဖို့အတွက် ခန္ဓါကိုယ်က လက္ခဏာအမျိုးမျိုး ပြပြီး လှုံ့ဆော်ပါတယ်။ ဒီလက္ခဏာတွေကတော့

  • ရေဆာတာ
  • ပါးစပ်ထဲမှာ ခြောက်ပြီး စေးကပ်ကပ်ဖြစ်နေတာ
  • ဆီးသွားနည်းတာ
  • ဆီးအရောင်က ဝါကျင့်ကျင့်အရောင် ဖြစ်နေပြီး အနံ့ပြင်းနေမယ်
  • အသားက မွဲခြောက်ခြောက်ဖြစ်လာတာ
  • ကိုယ်လက်တွေ ကိုက်ခဲနေတာ
  • ခေါင်းက မူးဝေနေတာ
  • နှလုံးခုန်နှုန်း မြန်လာတာ
  • အသက်ရှူသံ ပြင်းလာတာ
  • မျက်တွင်းကျတာ
  • အမြဲတမ်း လူကအိပ်ချင်ေနသလို ဖြစ်နေမယ်
  • အားမရှိ ပျော့ခွေနေတာ
  • စိတ်ရှုပ်ထွေးပြီး အာရုံစူးစိုက်လို့ မရတာ
  • နေရထိုင်ရ ခက်တာတွေ ဖြစ်လာပြီဆိုရင်တော့ ကိုယ်တွင်းမှာ ရေဓါတ်တော်တော်လေး ခန်းခြောက်နေပြီဆိုတာ သိနိုင်ပါပြီ။

ရေဓါတ်ခန်းခြောက်တာ ကြာလာလေ ပိုပြီးပြင်းထန်လာမယ်။ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အရေပြားနေလောင်တာ၊ အပူကြောင့် ကြွက်တက်တာ၊ ဦးနှောက်ရောင်ရမ်းတာ၊ ရုတ်တရက် တက်သွားတာ၊ သွေးပေါင်တအားတက်တာ သို့မဟုတ် အရမ်းကျသွားတာ၊ ကျောက်ကပ်ပျက်စီးတာ၊ ကိုမာ (Coma) ဝင်တာအပြင် သေဆုံးနိုင်သည်အထိ ပြင်းထန်လာတတ်ပါတယ်။

ဘယ်လိုလူတွေမှာ အများဆုံး ဖြစ်နိုင်လဲ။

အသက်အရွယ်မရွေး ရေဓါတ်ခန်းခြောက်မှု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ငယ်လွန်းတဲ့ ကလေးတွေ၊ အသက်ကြီးပိုင်း လူကြီးမိဘ၊ ဘိုးဘိုးဘွားဘွားတွေ၊ လေ့ကျင့်ခန်းအပြင်းအထန် လုပ်သူတွေ၊ ဖျားနေတဲ့သူတွေနဲ့ အလုပ်အရမ်းများပြီး ရေသောက်ဖို့ကို မေ့နေတတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။

ရေဓါတ်ခမ်းခြောက်မှု မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။

၁။ ရေကို တစ်နေ့ ၃လီတာထက် မနည်းသောက်ပေးပါ။

၂။ မနက်အိပ်ရာနိုးတိုင်း ရေတစ်ခွက် အပြည့်သောက်ပါ။

၃။ ရေအေးအေးလေးနဲ့ ရေချိုးပေးပါ။

၄။ အရည်ရွှမ်းပြီး အာဟာရဖြစ်စေတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။

၅။ ကဖင်းဓါတ်ပါတဲ့ ဖျော်ရည်တွေအစား သဘာဝသစ်သီးကို ကြိတ်ပြီး သောက်တာ ပိုကောင်းပါတယ်။

၆။ အရက်သောက်ခြင်းဟာ ခန္ဓါကိုယ်တွင်း ရေဓါတ်ကို ဆုံးရှုံးစေလို့ တတ်နိုင်သလောက် လျှော့သောက်ပါ။

၇။ မနက် ၁၀နာရီမှ နေ့လည် ၂နာရီကြားအချိန်တွေဟာ အပူဆုံးအချိန်ဖြစ်တဲ့အတွက် အဲ့ဒီအချိန်တွေမှာ အပြင်သွားတာ၊ အားကစားလုပ်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၈။ ချွေးထွက်လေ ခန္ဓါကိုယ်က ရေဓါတ်နည်းလေ ဖြစ်တဲ့အတွက် အပြင်သွားတိုင်း ထီး၊ နေကာမျက်မှန်၊ ဦးထုပ် မဖြစ်မနေ ဆောင်းသွားပါ။

ဒီရက်ပိုင်း ရာသီဥတုပူလွန်းလို့ စိတ်ညစ်နေတဲ့သူတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလုပ်ကြည့်ပေးဖို့ အကြံပေးလိုက်တယ်နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

နွေရာသီ ပန်ကာ ကြွက်သားတွေ နာကျင်ကိုက်ခဲ နှာစေး အသက်ရှုလမ်းကြောင်း အသားခြောက်မယ် ဓာတ်မတည့်မှုတွေ အပူချိန် မျက်ကပ်မှန် အနံ့အသက်ကင်းမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

နွေရာသီမှာ အသားအရည် ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

အသားအရည် နွေရာသီ နေလောင်ဒဏ် နေလောင်ကာကွယ်ဆေး antioxidants ဗီတာမင် C အရေးအကြောင်း ခရမ်းလွန်ရောင်ခြည် အိုမင်းရင့်ရော် အရေပြားတင်းရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

နွေရာသီ အပူဒဏ် ရေဓါတ်ဆုံးရှုံး အပူလျှပ် လေ့ကျင့်ခန်းလုပ် ခန္ဓာကိုယ်အပူချိန် ချွေးတွေအများကြီးထွက် ဓာတ်ဆားရည် ကြွက်တက် နေရောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ရေနွေး သံပုရာရည် ရေနွေးကြမ်း သဘာဝပစ္စည်း နာကျင်မှုဝေဒနာ ကျောက်ကပ် အသည်း green tea ရေဆာရင် နွေရာသီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

နေပူထဲ မှာ အနေကြာပြီး ဖျားတဲ့အခါ

နေပူထဲ မှာ အနေကြာပြီး ဖျားတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020 . 2 mins read