ခုလိုအချိန် ကျွန်တော်တို့ နိုင်ငံမှာတော့ lockdown လုပ်တာမျိုး မရှိတဲ့အပြင် ရောဂါအခြေအနေကလည်း ဆိုးရွားနေတဲ့အထဲမှာ မပါသေးဘူးဆိုတော့ နည်းနည်း စိတ်အေးရတယ် ဆိုရမှာပါ။ ပြည်သူတွေ အားလုံးကလည်း မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ အရေးတကြီး အိမ်အတွက် ဈေးဝယ်စရာ ရှိမှသာ အပြင်ထွက်တာမျိုး လုပ်နေကြပြီဆိုတာ ပြန်ကြားရတော့ တော်တော်လေးကို ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုအတိုင်းလေးပဲ ဆက်ပြီး ထိန်းထားနိုင်ကြဖို့လည်း မျှော်လင့်မိပါတယ်။