“ ဝါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးတောင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ” ဒါက ဆရာကြီး မင်းသုဝဏ်ရေးထားတဲ့ ကဗျာစာသားလေးပါ။ ငယ်ငယ်မိုးရေထဲမှာ ဒီကဗျာလေးကို အားရပါးရအော်ဆိုရင်း အရောင်လှလှသပြေသီးတွေကိုကောက်ပြီး သူငယ်ချင်းတွေနဲ့ တူတူစားခဲ့ကြသေးလား။ ဒီပျော်စရာလေးတွေကို ဖန်တီးပေးတဲ့ သပြေသီးလေးတွေက ကျန်းမာရေးအကျိုးအာနိသင်လေးတွေရှိနေပါတယ်တဲ့။ သိချင်ရင်တော့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။
သပြေသီးမှည့်
သပြေသီးမှည့်ဆိုတာက သပြေပင်ရဲ့ အသီးပါ။ သပြေပင်က အစေ့၊အရွက်၊အသီး၊အခေါက်အားလုံးကဆေးဖက်ဝင်ပါတယ်။ အရောင်က ခရမ်းရောင်စိစိုတောက်တာက်လေးပါ။ အခုလို မိုးဦးကျကာလက သပြေသီးပေါ်တဲ့အချိန်ပါ။ သပြေပင်က အပင်ကြီးမျိုးရင်းဝင်ဖြစ်ပြီး အမြင့်ပေ ၃၀လောက်ထိမြင့်တတ်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဇုံတွေမှာ အများအပြားပေါက်ရောက်တတ်ကြပါတယ်။ အိန္ဒိယမျိုးရင်းပင်တစ်မျိုးပါ။ ရုတ်တရက်ကြည့်လိုက်ရင် စပျစ်သီးရှည်ရှည်လေးတွေနဲ့တောင် ခပ်ဆင်ဆင်ပါ။
ဘယ်လိုအာဟာရဓါတ်တွေပါဝင်လဲ………
သပြေသီးမှည့်လေးတွေမှာ အခုလို အာဟာရဓါတ်လေးတွေပါဝင်ပါတယ်။
- အမျှင်ဓါတ်
- ကစီဓါတ်
- အဆီဓါတ်
- အသားဓါတ်
- ရေဓါတ်
- ကယ်လ်ဆီယမ်
- သံဓါတ်
- မဂ္ဂနီဆီယမ်
- ဗီတာမင် ဘီ
- ပိုတက်ဆီယမ်
- ဆိုဒီယမ်
- သီရာမင်း
- ဗီတာမင် စီတို့အပြင် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဓါတ်တွေပါဝင်ပါတယ်။
ဘယ်လိုများဆေးဖက်ဝင်တာလဲ
ခရမ်းရောင်စိုစိုတောက်တောက်သပြေသီးလေးတွေစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့…..
သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်
သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်ပါတယ်။ ဖလေဗာနွိုက်ပါဝင်တာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။
ပိုးတွေသေစေနိုင်တယ်
ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအပါအဝင် ခန္ဓါကိုယ်ကိုရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
တန်ဆေးလွန်ဘေးပါ
သပြေသီးက သင့်တင့်ရုံစားရင် ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် အများကြီးစားမယ်ဆိုရ်ငတော့သွေးတွင်းသကြားဓါတ်ကျတာ၊ လေချုပ်တာ၊သွေးကျဲတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
- ကိုယ်ဝန်ဆောင်မိခင်တွေ
- နို့တိုက်မေမေတွေ
- ဆီးချိုရှိသူတွေ
- ခွဲစိတ်ခံမယ့်လူနာတွေအနေနဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။
[embed-health-tool-bmi]