backup og meta

လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တချို့

    သီချင်းတွေ အော်ဆိုရင် ဘေးကလူတွေ ဘယ်လို စနောက်ကြလဲ။ လိပ်ခေါင်းပိုင်ရှင်တွေ လိပ်ခေါင်းထွက်မယ်နော်လို့ ပြောလေ့ရှိကြတယ်ဟုတ်။

    ဒါပေမယ့် တကယ်တမ်း လိပ်ခေါင်းဖြစ်လာမလာ သေချာသိရဲ့လား။ ဘယ်လို လက္ခဏာမျိုးဆို လိပ်ခေါင်းဖြစ်နိုင်လဲ ၊ ဖြစ်လာရင် ဘာကို သတိထားရမလဲ ၊ မဖြစ်အောင် ဘယ်လို ကာကွယ် နေထိုင်ရမလဲဆိုတာ သိထားသင့်တယ်နော် ။

    လိပ်ခေါင်းဖြစ်တဲ့ လက္ခဏာတွေက –

    • ဝမ်းသွားရင် မနာကျင်ဘဲသွေးထွက်တာ ၊
    • စအိုတဝိုက်မှာ ယားတာ ၊ စပ်တာ ၊
    • နာတာ ၊ နေရခက်တာ ၊
    • စအိုတဝိုက် ရောင်ရမ်းလာတာ
    • စအိုဝမှာ စူလာပြီး အထိမခံနိုင်တာ ( သွေးခဲပိတ်တဲ့ လိပ်ခေါင်းရောဂါဖြစ်နေနိုင်ပါတယ် )

    လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ အမျိုးအစားများ

  • အတွင်းလိပ်ခေါင်း
  • စအို အတွင်းပိုင်းမှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါ အမျိုးအစားဖြစ်လို့ ပုံမှန် အားဖြင့် မမြင်ရ ၊ လက္ခဏာ သိပ်မခံစားရပါဘူး ။ နေရခက်တာ ၊ နာကျင်တာတွေ ဖြစ်ခဲပါတယ် ။ ဒါပေမယ့် ဝမ်းသွားတဲ့အခါ လိပ်ခေါင်းပိုင်ရှင်တွေ လိပ်ခေါင်း မျက်နှာပြင်ကို ပွန်းစေ ၊ ထိစေတာကြောင့် သွေးထွက် နိုင်ပါတယ်။

    တစ်ခါ တလေကျ  ဝမ်းသွားဖို့   အားစိုက်ရလွန်းတဲ့အခါ   အတွင်းလိပ်ခေါင်းကို   စအိုဝဆီ တွန်းပို့သလိုဖြစ်စေနိုင်ပါတယ် ။   လိပ်ခေါင်းထွက်လာတယ် ၊ ပိုဆိုးလာရင်  လိပ်ခေါင်းပြန်မဝင်တော့တဲ့  ဒီအခြေအနေကို protruding သို့မဟုတ်  prolapsed hemorrhoid လို့ခေါ်ပါတယ် ။ အဲဒီအခါကျ နာကျင်မှုနဲ့ ကျိန်းစပ်ခြင်းကို ခံစားရစေပါတယ် ။

    • အပြင်လိပ်ခေါင်း

    စအိုတဝိုက်က အရေပြားအောက်မှာရှိနေတာပါ။ အပြင်လိပ်ခေါင်းကြောင့် ယားယံတာ၊ သွေးထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။

    • သွေးခဲပိတ်လိပ်ခေါင်း

    ဒီအမျိုးအစားမှာ တစ်ခါတလေသွေးတွေစုနေပြီး သွေးခဲဖြစ်ပေါ်စေတာကြောင့် လိပ်ခေါင်းပိုင်ရှင်တွေ ပြင်းထန်တဲ့နာကျင်မှု၊ ရောင်ရမ်းခြင်းကိုခံစားရပြီး စအိုဝမှာ ခပ်မာမာအဖုတစ်ခုဖြစ်စေနိုင်ပါတယ်။

    လိပ်ခေါင်းဝေဒနာအတွက် ဘာတွေသိထားရမလဲ

    အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားတဲ့အပြင် လိုအပ်ရင်ဖြည့်စွက်အားဆေးတွေပါ သောက်သုံးလို့ရပါတယ်။ အမျှင်ဓာတ်ရဖို့က အုတ်ဂျုံ၊ ဂျုံကြမ်း၊ ဘယ်ရီသီးတွေ၊ သစ်တော်သီး၊ ဖရဲသီး၊ လိမ္မော်သီးတွေရယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ အာလူးလို ဟင်းသီးဟင်းရွက်တွေရယ်၊ အစေ့အဆန်တွေရယ် စားလို့ရပါတယ်။

    • ရေများများသောက်ပါ။

    ဝမ်းမှန်စေဖို့ ရေကပဲ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့ပြင် ဆီးသီးဖျော်ရည်(ဆိုးဆေးဖျော်ရည်မဟုတ်)၊ သင်္ဘောသီး စတဲ့သဘာဝအသီးအနှံတွေကိုလည်း အားကိုးနိုင်ပါတယ်။

    • အလေးအပင်မ ရင် သတိထားပါ။

    အလေးအပင်မရင် အသက်ရှူမအောင့်ထားပါနဲ့။ ပုံမှန်အသက်ရှူထုတ်ပါ။

    • အောင့်မထားပါနဲ့။

    အန္တရာယ်ကို မလွယ်ထားသင့်ပါဘူး။ ဆီးဖြစ်စေ၊ ဝမ်းဖြစ်စေ အောင့်ထားရင် ကောင်းကျိုးမရှိပါဘူး။ ဝမ်းသွားချင်နေတဲ့အချိန် အောင့်ထားလိုက်ရင် ဝမ်းချုပ်ခြင်းကို အားပေးသလိုဖြစ်ပြီး လိပ်ခေါင်းရှိပြီးသားလူတစ်ယောက်ဆိုရင် ပိုဆိုးစေနိုင်ပါတယ်။ အိမ်သာသွားချင်လာပြီဆိုတာနဲ့ ချက်ချင်းသွားပါ၊ အလုပ်အားမှ ထသွားမယ်ဆိုတာမျိုး ခဏတောင် အောင့်မထားပါနဲ့။

    • ဘိုထိုင်အိမ်သာနဲ့ဆို ပိုသင့်တော်ပါတယ်။

    ဆောင့်ကြောင့်ထိုင်ရတဲ့ ရိုးရိုးအိမ်သာတွေနဲ့ဆို လိပ်ခေါင်းပိုထွက်စေနိုင်တယ်၊ ပိုညှစ်ထုတ်သလိုဖြစ်စေနိုင်လို့ ဘိုထိုင်နဲ့သွားတာ ဒါမှမဟုတ် အိမ်သာခုံနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ် ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement