သင့်အနေနဲ့ စွမ်းအင်ကုန်ခမ်းပြီး ပုံမှန်လုပ်ငန်းဆောင်တာများကိုတောင် မလုပ်ချင် မကိုင်ချင်ဖြစ်နေတဲ့ အခြေအနေမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီအခြေအနေကို အင်္ဂလိပ်လို burnout လို့လည်း ခေါ်ပါတယ်။ စိတ်ဖိစီးမှု အခြေအနေတွေ ဥပမာ နေထိုင်မကောင်းသော မိသားစုဝင်တစ်ဦးဦးကို ပြုစုနေရခြင်း၊ အလုပ်ချိန်ကြာမြင့်စွာ အလုပ်လုပ်ရခြင်း၊ စိတ်ညစ်ညူးဖွယ်သတင်းများကို နားထောင်နေရခြင်း စတာတွေကို အဆက်မပြတ်ကြုံကြိုက်လာတဲ့အခါ သင်ဟာ ခြေကုန်လက်ပမ်းကျသလို ခံစားလာရပါတယ်။