မြန်မာနိုင်ငံရဲ့ trademark ပန်းလှလှလေးပွင့်တဲ့ ပိတောက် ရဲ့အစွမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 15, 2021 . 2 mins read
Share now

မြင်လိုက်တာနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုမှန်းသိသာတဲ့ ပန်းလေးတစ်မျိုးရှိပါတယ်နော်။ အရောင်ဝါဝါလေးနဲ့ အနံ့လည်းမွှေးတဲ့ ပန်းလေးတစ်မျိုးပါ။ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလမှာမှ ပွင့်တတ်တဲ့ ပန်းကလေးပါနော်။ အပင်က အရိပ်အာဝါသကောင်းသလို အနံ့လည်းမွှေးတဲ့ ပန်းကလေးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ trademark တစ်ခုဖြစ်တဲ့ ပိတောက် ပန်းလေးပါ။ တန်ခူးလမှာ ပွင့်တဲ့ ပန်းပိတောက်က ကျန်းမာရေးအတွက် ကောင်းကျိုးပေးပါတယ်နော်။

ပိတောက်ပန်းဝါဝါလေးတွေပွင့်တဲ့ ပိတောက်ပင်က တစ်ပင်လုံးကို ဆေးဖက်ဝင်တာပါ။ အရိပ်ကောင်းသလို အရွက်နဲ့ အစေးပါမကျန် ဆေးဖက်ဝင်တာပါ။ ဘယ်လိုရောဂါတွေအတွက်အသုံးဝင်လဲသိချင်ရင် ဒီဆောင်းပါးလေးမှာဖတ်ကြည့်ပါနော်။

ပိတောက် က ဒီလိုဆေးဖက်ဝင်တာပါ

နှစ်သစ်ကူးတဲ့ တန်ခူးလမှာမှ တစ်နှစ်တစ်ကြိမ်ပွင့်တဲ့ ပိတောက် က အခုလိုကျန်းမာရေးအာနိသင်ရှိပါတယ်။

ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ ဆီးခဏခဏသွားတာမျိုး၊ အစားတွေ အများကြီးစားချင်တာမျိုး၊ အမြဲလိုလို ရေငတ်နေတာမျိုး၊ ခြေလက်တွေထဲက ပူစပ်ပူလောင်ဖြစ်တာမျိုးတွေကို သက်သာစေနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ trademark ပန်းလှလှလေးပွင့်တဲ့ ပိတောက် ရဲ့အစွမ်း

ပိတောက် ပင် အခေါက်က ဝမ်းပျက်ဝမ်းလျှောတာ၊ လေနာလေအောင့်နဲ့ အစာခြေစနစ်ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

ထိခိုက်တာတစ်ခုခုကြောင့် သွေးထွက်နေတဲ့အခါမျိုးမှာ ပိတောက်ပင်အခေါက်ကို အသုံးပြုပြီး သွေးတိတ်အောင် လုပ်ပေးလို့ရပါတယ်။

အူလမ်းကြောင်းထဲက အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို ထိုက်ထုတ်ဖို့အတွက်လည်း ပိတောက်ပင် အခေါက်ကို သုံးလို့ရပါတယ်။

အရေပြားပေါ်မှာဖြစ်တဲ့ ပွေး၊ ညှင်းတို့ကိုအပါအဝင် နာတာရှည် အရေပြားပြဿနာတွေကို လျော့ပါးသက်သာစေနိုင်ဖို့အတွက် ပိတောက် ပင်အခေါက်ကို သွေးပြီး လူးပေးလို့ရပါတယ်။ရေရှည်စွဲသုံးဖို့တော့ လိုပါမယ်။ အပင်ရဲ့ အခေါက်ကို ပြုတ်ပြီး အရေပြားပေါ်မှာ လူးပေးလို့လည်းရပါတယ်။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေ ကိုသေစေနိုင်တာကြောင့် သွားကိုက်သွားနာတာတွေကို သက်သာစေဖို့အသုံးပြုလို့ရပါတယ်။

  • ဘက်တီးရီးယားတွေကို သေစေနိုင်တယ်

အနာကိုပိုးမဝင်အောင် ကာကွယ်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ဘက်တီးရီယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အနာကို ဆေးတာမျိုးအတွက် အသုံးပြုလို့ရပါတယ်။

  • အဆီပိုတွေ ဖယ်ရှားပေးနိုင်တယ်

ခန္ဓာကိုယ်ပေါ်က မလိုတဲ့အဆီတွေကို ဖယ်ရှားဖို့အတွက်လည်း ပိတောင်ပင်ကအသုံးဝင်ပါသေးတယ်။ ကိုယ်ပေါ်က အဆီပိုတွေကို ဘေးကင်းကင်းနဲ့ ဖယ်ရှားချင်တယ်ဆိုရင်တော့ ပိတောက်ပင်ရဲ့ အခေါက်ကို အားကိုးလိုက်ပါနော်။

သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးပါတယ်။ သွေးတွင်းကိုလက်စထရော ထိန်းညှိဖို့ သဘာဝဆေးတစ်မျိုးပေါ့။

မြန်မာနိုင်ငံရဲ့ trademark ပန်းလှလှလေးပွင့်တဲ့ ပိတောက် ရဲ့အစွမ်း

ထိခိုက်ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေကို သွေးတိတ်စေပြီး ရောဂါပိုးမဝင်ဘဲ အနာကျက်မြန်အောင် လုပ်ဆောင်ပေးသလို အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲနေမယ်ဆိုရင်လည်း ပိတောက်သားကို သွေးလူးပေးလိုက်ပါ။ သက်သာလာပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

  • အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်

ပိတောက်က အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အသည်းသန့်စေဖို့၊ အသည်းရောင်နေတာ သက်သာစေဖို့အတွက် ပိတောက်ကို သုံးလို့ရပါတယ်။ အသည်းကျန်းမာဖို့အတွက် သဘာဝဆေးတစ်လက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

ဥအနှစ်တွေက ဘယ်လိုများ အာဟာရဓာတ်တွေကြွယ်ဝနေလို့လဲ၊ ကြက်ဥ ဘဲဥအနှစ်တွေက သင့်ကျန်းမာရေးကို ဘယ်လိုများအထောက်အကူဖြစ်စေမှာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး အရောင် အမျိုးမျိုးထဲမှာမှ စပျစ်သီး စိမ်းစိမ်းလေးကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီးစိမ်းစိမ်းလေးကကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးများအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးမယ့် နို့တစ်ခွက်

ကျန်းကျန်းမာမာနဲ့ ဆော့ကစားနေတဲ့ ကလေးတွေကို မြင်နေရတာ မေမေအတွက်တော့ စိတ်ချမ်းသာစရာပါ။ မေမေတို့ အဖြစ်ချင်ဆုံး ဆန္ဒက မေမေ့ကလေးတွေကို ကျန်းမာစေချင်တာပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေးစားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူးသုပ်ကို စားဖူးတယ်ဟုတ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အကြောလျှော့လေ့ကျင့်ခန်

အကြောဖြေလျှော့ လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read