စပျစ်သီး ချိုချိုလေးစားလိုက်ရတာက ထမင်းစားပြီးချိန်ဆိုရင် စိတ်ကျေနပ်မှုတော်တော်လေးရစေတဲ့အချက်တစ်ခုပါ။ သစ်သီးတွေထဲမှာမှ စပျစ်သီးကိုကြိုက်တတ်တယ်ဆိုရင်တော့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကိုရရှိစေမှာပါ။
စပျစ်သီး (Grapes)
စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံး အသီးတွေထဲက တစ်မျိုးပါ။ အရောင်အသွေးအနံ့အရသာပြည့်စုံတဲ့ အသီးတစ်မျိုးပေါ့။ ခရမ်းရောင်ရင့်ရင့်၊ အနီရောင်။ အစိမ်းရောင်ဆိုပြီး အရောင်အသွေးအမျိုးမျိုးရှိနိုင်ပါတယ်။ စပျစ်သီးက အသားတင် စားကောင်းတာမဟုတ်ပါဘူး။ စပျစ်သီး အစေ့ကလည်းဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီးအစေ့က ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးက ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီး တိုပထက် ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပါတယ်။
စပျစ်သီးမှာပါတဲ့ ဓါတ်တွေ
စပျစ်သီးမှာ ဒီလိုအာဟာရဓါတ်တွေပါဝင်ပါတယ်။
- ကယ်လ်လိုရီ
- ကာဗိုဟိုက်ဒရိတ်
- ပရိုတင်း
- အဆီ
- အမျှင်ဓါတ်
- ဗီတာမင် C
- ဗီတာမင် K
- သီရာမင်း
- Riboflavin
- ဗီတာမင် B6
- ပိုတက်ဆီယမ်
- ကော့ပါး
- မဂ္ဂနိတို့ပါဝင်နေပါတယ်။
စပျစ်သီးကပေးတဲ့ ကျန်းမာရေးအာနိသင်
အရသာရောအရောင်အသွေးပါပြည့်စုံတဲ့ စပျစ်သီးလေးစားပေးရင်း အခုလိုကျန်းမာရေးအကျိုးကျေးဇူတွေရရှိစေနိုင်ပါတယ်။
ကင်ဆာကာကွယ်ပေးတယ်
စပျစ်သီးမှာpolyphenols လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးစားသုံးပေးမှုကြောင့်ပြန်ရည်ကြောကင်ဆာ၊အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊ အူမကြီကင်ဆား၊ အရေပြားကင်ဆာ နဲ့သွေးကင်ဆာတို့ကို ကာကွယ်နိုင်မှာပါ။ စပျစ်သီးက ကင်ဆာကျိတ်တွေကြီးထွားမှုကိုလည်း စန့်တားပေးနိုင်စွမ်းရှိပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
စပျစ်သီးကသွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပြီး ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။သွေးတိုးကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးခုန်နှုန်းကိုလည်း မှန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တဲ့ စပျစ်သီးကို စားသုံးပေးမှုကလေဖြတ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ အရိုးပါးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
သွေးပေါင်ကျ စေနိုင်တယ်
ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့်သွေးပေါင်ချိန်ကို ထိန်းညှိပေးမယ်ဆိုတာထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်ပြီး နှလုံးကျန်းမာအောင်ထောက်ကူပေးပါတယ်။ စပျစ်သီးရဲ့ အမျှင်ဓါတ်ကြွယ်ဝမှုကလည်း ကျန်းမာရေးကိုတော်တော်လေး အထောက်အပံ့ဖြစ်စေတာပါ။
ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်
ရေဓါတ်နဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းမှန်စေပြီး အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဝမ်းချုပ်တတ်သူတွေအတွက် သင့်တော်တဲ့ စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။
ဓါတ်မတည့်မှုကို သက်သာစေနိုင်တယ်
ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားမှာဖြစ်တဲ့ ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်သလို ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးတာ၊ မျက်ရည်ကျတာတွေကိုပါ သက်သာစေနိုင်ပါတယ်။
ဆီးချိုသမားတွေနဲ့ သင့်တော်တယ်
၂၀၁၃ ခုနှစ်ကလေ့လာမှုအရ စပျစ်သီးစားသုံးပေးတာက အမျိုးအစား- ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကာကွယ်ဖို့ပဲဖြစ်ဖြစ် ဆီးချိုသက်သာစေဖို့ပဲဖြစ်ဖြစ် စပျစ်သီးတွေကို စားပေးလို့ရပါတယ်။
မျက်လုံးကျန်းမာစေနိုင်တယ်
ဓါတ်တိုးဆန့်ကျင်အာိသင်ကြွယ်ဝတာကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ အြမ်ငလွှာနဲ့ မျက်ကြည်လွှာတွေကိုပါကျန်းမာစေနိုင်တာပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။
ဝက်ခြံသက်သာစေနိုင်တယ်
စပျစ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်က ဝက်ခြံတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဝက်ခြံရှိသူတွေအနေနဲ့ ဝက်ခြံသက်သာချင်တယ်ဆိုရင် စပျစ်သီးစားပေးလို့ရပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။