backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဗာဒံရွက်က ဆေးဖက်ဝင်လား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။ ဗာဒံရွက်လို့  ပြောလိုက်ရင် ထုပ်ပိုးစရာ တစ်ခုလို့ပဲ မြင်မယ်ထင်ပါတယ်။ တကယ်က ဗာဒံရွက် ဆိုတာက ငယ်ငယ်က အမြင်ရ များသလို မရမ်းသီး ဆေးသကြားစိမ် ထည့်စားရုံ၊ ကောက်ညှင်းပေါင်း၊ မုန့်ပြားသလက် စတာတွေကို ထည့်စားရုံလောက်ပဲ မဟုတ်ပါဘူး။

လမ်းပေါ်မှာ အမှိုက်လို ပြန့်ကျဲနေတဲ့ ဗာဒံရွက်က ဘယ်လိုများ ဆေးဖက်ဝင်လဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဗာဒံရွက်

အပူပိုင်း ဒေသတွေမှာ ပေါက်ရောက်တဲ့ ဗာဒံပင်တွေက မြန်မာနိုင်ငံရဲ့ နေရာ တော်တော်များများမှာ တွေ့မြင်နိုင်ပါတယ်။ အရွက်ဖားဖား အစိမ်းရောင် ရှိပြီး နောက်ကျောမှာ အရိုးတံလေးတွေ အမြှောင်းလိုက် ဖြစ်နေတတ်ပါတယ်။ နုစဉ်မှာ မွေးညှင်းလေးတွေ ပါတတ်ပေမယ့် ရင့်သွားတဲ့အခါ ပြောင်ချော နေတတ်ပါတယ်။

ဗာဒံရွက်ကို စားလို့ရလား။

ဗာဒံရွက်ကို စားစရာထည့်တာနဲ့ တိရစ္ဆာန် အစာ (အထူးသဖြင့် ဆိတ်စာ) အဖြစ် အသုံးပြုကြတာ များပေမယ့် လူတွေလည်း စားလို့ရပါတယ်။ ဗာဒံရွက်  နုနုလေးကို ရေနွေးဖျောပြီး ဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့် တို့နဲ့ သုပ်စားလို့ ရပါတယ်။ အတို့အမြှုပ် အဖြစ် စားကြတာလည်း ရှိပါတယ်။

ရင့်လာတဲ့အခါ အဖန်ဓာတ်ကဲပြီး လေချုပ်တာကြောင့် မစားသင့်ပါဘူး။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား ဆိုတော့

  • အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်ကို ဝဲ အပါအဝင် အရေပြား ပြဿနာတွေ အတွက် အသုံးပြုလို့ ရပါတယ်။
  • အရေပြားပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် အသုံးပေးလို့ ရပါတယ်။
  • ရင်သား နာကျင်တာကို သက်သာစေဖို့ ဗာဒံရွက်ကို ခြေပြီး ဆီနဲ့ နယ်လို့ ရင်သားမှာ လိမ်းပေးလို့ ရပါတယ်။
  • အဆစ်နာတာကို သက်သာစေဖို့ အရွက်ကို မီးကင်ပြီး ကပ်ပေးလို့ ရပါတယ်။
  • ဗာဒံရွက် အဆီကို အာသီးရောင်တာ သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။
  • ဝမ်းပျက်ဝမ်းလျှော သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
  • နာကျင်ကိုက်ခဲတာနဲ့ ခေါင်းကိုက်တာကို သက်သာစေဖို့ အတွက်လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
  • လေးဖက်နာ ရောဂါကြောင့် အဆစ်အမြစ်တွေ နာကျင်တာကို သက်သာစေဖို့ အတွက်လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
  • အရွက်နုလေးကနေရတဲ့ သတ္တုရည်ကို ခေါင်းကိုက်တာ သက်သာစေဖို့ နဲ့ လေနာ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
  • ဆီးရွှင်စေဖို့လည်း အသုံးပြုလို့ ရပါတယ်။
  • နှလုံးကျန်းမာစေဖို့လည်း အထောက်အကူပြုပေး ပါတယ်။
  • အစာမကြေတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • ချောင်းဆိုး သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။
  • ခြေလက်တွေ ထုံတာကို သက်သာစေဖို့ အရွက်ကို မီးကင်ပြီး ကပ်ပေးလို့ ရပါတယ်။
  • ဝက်ခြံ၊ အနာ နဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • ဆီးချို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
  • အာရုံကြောတွေ ကျန်းမာစေဖို့နဲ့ စိတ်ကျန်းမာရေး ကောင်းစေဖို့လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဘာတွေ သိထားဖို့ လိုမလဲ

ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ဘယ်လောက် ပမာဏလောက်ပဲ သင့်တော်တယ်ဆိုတာ သိဖို့အတွက် သက်ဆိုင်ရာ တိုင်းရင်းဆေးပညာရှင်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေ၊ ဆေးတစ်ခုခုကို စွဲသောက်နေသူတွေနဲ့ ကလေးငယ်တွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement