ရောင်ရမ်းမှုကို သက်သာစေတယ်
ကြောင်လျှာသီးကို နာတာရှည် ရောင်ရမ်းတာကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။ အဆစ်နာသူတွေအတွက် သင့်တော်တဲ့ သဘာဝဆေးတစ်မျိုးပါ။
အသည်း ကျန်းမာစေတယ်
ကြောင်လျှာသီးက အသည်း ထိခိုက်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆေးတွေ သောက်သုံးရတာကြောင့် အသည်း ထိခိုက်တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
ကြောင်လျှာသီး က ကျောက်ကပ်မှာ ကျောက်တည်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ကျောက်ကပ် ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။ ဖလေဗာနွိုက် ပါဝင်နေပြီး ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ကျောက်ကပ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။
ဆီးချို သက်သာစေတယ်
ကြောင်လျှာသီးကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့ပါ စားပေးလို့ ရပါတယ်။ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ကြောင်လျှာသီး စားသုံးတာက ကိုယ်ခံအား ကောင်းစေမယ့် စားသောက်နေထိုင်မှု တစ်ခုပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။