သွေးထဲမှာ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်များပြားခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေများစေတယ်လို့ သိရပါတယ်။ သုတေသနတွေအရ ဗီတာမင် B12 ဟာ homocysteine ကို လျှော့ချပေးနိုင်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို အတည်ပြုနိုင်ဖို့ သုတေသနတွေ လိုအပ်ပါသေးတယ်။
၉။ ဆံပင်၊ အသားအရေ၊ လက်သည်းခြေသည်းများအတွက် အထောက်အကူပြုခြင်း
ဗီတာမင် B12 ဟာ အလှအပရေးရာကိစ္စတွေမှာလည်း အရေးပါပါတယ်။ ဗီတာမင် B12 ချို့တဲ့နေရင် အရေပြားပေါ် အစက်အပြောက်များထင်ခြင်း၊ လက်သည်းများ အရောင်မှိန်ခြင်း၊ ဆံသားများပျက်စီးခြင်း၊ အရေပြားအကွက်ထခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အသားအရေလှပပြီး ဆံသားတွေ လှပဖို့ ဗီတာမင် B12 ကို ပုံမှန်ထိန်းသိမ်းပေးဖို့ လိုပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။