နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!
နှလုံးကြီးတာက အဖြစ်များတဲ့ နှလုံးကျန်းမာရေး ပြဿနာ တစ်မျိုးပါ။ နှလုံးက ပုံမှန်အရွယ်အစားထက် ကြီးလာတဲ့ အနေအထားပါ။ ဒီတစ်ခေါက်တော့ နှလုံးကြီးနေသူတွေ အနေနဲ့ နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့အတွက် နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ! ဆိုတာကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်။ နှလုံးကြီးရခြင်းရဲ့ အကြောင်းရင်းများ နှလုံးဆိုတာ ကြွက်သားပါပဲ။ ကြွက်သားတွေရဲ့ သဘာဝအရ များများအလုပ်လုပ်ရရင် ကြီးတတ်တဲ့ သဘောရှိပါတယ်။ နှလုံးကြီးတာက နှလုံးရောဂါကြောင့်ဖြစ်နိုင်သလို တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ နာတာရှည် သွေးတိုးရောဂါ နာတာရှည် နှလုံးခုန်မြန်တာ နှလုံးသွေးကြောပိတ်ပြီး နှလုံးပျက်စီးထားတာ နှလုံးအဆို့ရှင်ရောဂါ နှလုံးရောင်တာ စတဲ့ နှလုံးရောဂါတွေကြောင့် ဖြစ်တတ်သလို အဝလွန်တာ၊ ဆီးချိုနဲ့ သိုင်းရွိုက်ရောဂါ သွေးအားနည်းတာ ဗီတာမင်B1ချို့တဲ့တဲ့ ဘယ်ရီ ဘယ်ရီရောဂါ အရက်တွေ အများကြီးသောက်တာ SLEလိုမျိုး ခုခံအားတုံ့ပြန်မှု […]