(၃) လေ့ကျင့်ခန်းလုပ်ပါ
တစ်နေ့တာမှာ ၁၅ မိနစ်လောက်တော့
- လမ်းလျှောက်တာ
- စက်ဘီးစီးတာ
- ရေကူးတာလိုမျိုး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ ဒီလိုလေ့ကျင့်ခန်းလေးတွေကို အချိန်ပေးလုပ်ပေးတာက ခန္ဓါကိုယ်ကျန်းမာစေသလို စိတ်ဖိစီးမှုကိုလည်း ကင်းစေနိုင်မှာပါ။
(၄) စိတ်ကူးယဉ်ပါ
ဒီနည်းလမ်းကလည်း စိတ်ဖိစီးမှုကို အကောင်းဆုံးပြေလျော့စေမှာပါ။ ဖြစ်ချင်တဲ့ စိတ်ကူးတွေကို ပုံဖော်ကြည့်ပါ။ စိတ်ကူးယဉ်တာက အပြုသဘောဆောင်သလို စိတ်ကို အေးချမ်းစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုပေးနိုင်ပြီး စိတ်ဓါတ်ခွန်အားကို တိုးစေနိုင်ပါတယ်။
(၅) အစားကောင်းကောင်းစားပါ
ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ ကဗ္ဗလာသီးတွေ စားသုံးပေးမှုက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကင်းချင်တယ်ဆိုရင် Omega-3 ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကို စားပေးပါ။
(၆) ကိုယ့်ကိုကိုယ် အကောင်းမြင်ပါ
လူတစ်ယောက်က ကိုယ့်ကိုကိုယ် အဆိုးပဲမြင်နေမယ်ဆိုရင် စိတ်ဖိစီးမှုပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် အပြုသဘောဆောင်တဲ့ အတွေးတွေတွေးပါ။ ကိုယ့်စိတ်ခွန်အားကို ဖြည့်ပေးနိုင်သူက ကိုယ်တိုင်ပဲဆိုတာကို မမေ့ပါနဲ့။ အပျက်သဘောဆောင်တဲ့ အတွေးတွေကို အပြုသဘောဆောင်တဲ့ အတွေးတွနဲ့ အစားထိုးလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။