backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဒေါသသိပ်မထွက်နဲ့ ဝိတ်တက်လာမယ်နော်... သတိထား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဒေါသသိပ်မထွက်နဲ့ ဝိတ်တက်လာမယ်နော်... သတိထား!

စိတ်တိုလိုက်တာနော်။ဒေါသတွေဖြစ်လာပြီဆိုရင် စိတ်လေးကိုလျှော့ပါလို့ပြောပါရစေ။ အကြောင်းကတော့ Helloဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးကိုဒေါသကြောင့် အလှပျက်မှာစိုးလို့ပါနော်။ဒေါသထွက်စိတ်ဆိုးလို့ ရုပ်ပိုင်းဆိုင်ရာအတွက်ရော စိတ်ပိုင်းဆိုင်ရာ အတွက်ပါ သိပ်တော့ကောင်းလှတာမရှိပါဘူး။

ဒေါသမထွက်နဲ့…..စိတ်လျှော့ပါ…………………..

ဒေါသထွက်တယ်ဆိုတာက တစ်ခါတလေမှာရှောင်လွှဲဖို့တော်တော်လေးခက်သားနော်။နေ့စဉ် ကြုံတွေ့နေရတဲ့ အခြေအနေတွေကလည်း အဖုံဖုံကိုး။ ဒါပေမယ့်ဖြစ်နိုင်ရင်တော့ စိတ်လျှော့ပါလို့ပြောပါရစေနော်။ အခုနောက်ပိုင်းပြောင်းလဲလာတဲ့ လူနေမှုပုံစံ ကြောင့် အဝလွန်တာတွေက အဖြစ်များပါတယ်။ အစားအသောက်နဲ့နေထိုင်မှုပုံစံကြောင့် ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းဖို့ခက်ရတဲ့ ကြားထဲကမှဒေါသကြောင့် ထပ်ဝလာတာမျိုး မဖြစ်ပါစေနဲ့နော်။

လေ့လာချက်တွေအရကတော့ ဒေါသထွက်တာက အစားစားချင်စိတ်ကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခဏခဏဒေါသထွက်တာက ဝလာစေဖို့ အစပျိုးတဲ့ အကြောင်းအရင်းပါ။ဒေါသထွက်တာကြောင့် အမျိုးသားတွေမှာ လက်မောင်း နဲ့ ခြေထောက်ကြွက်သားတွေ လျော့ရဲလာတာ၊ ဗိုက်မှာ အဆီတက်လာတာ၊ မေးနှစ်ထပ်ဖြစ်လာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လေဒီလေးတွေမှာတော့ ဒေါသကြောင့် ဗိုက်အဆီတက်တာ၊ အသားအရေကြမ်းလာတာ၊ ဝက်ခြံတွေဖြစ်တာ၊ ခါးနဲ့ နောက်ကျောမှာ အဆီတက်တာတွေ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒေါသကြောင့် တက်လာတဲ့ အဆီတွေက တစ်ခုမကတဲ့ ဟော်မုန်းတွေပေါင်းစပ်နေတာကြောင့် ပြန်ကျစေဖို့ဆိုရင် အစားအသောက်ဂရုစိုက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေကို သေချာလေးလုပ်ပေးပြီး ပြန်ချဖို့လိုပါမယ်။ နောက်မေ့ထားလို့ မရတဲ့တစ်ချက်က စိတ်လေးကိုအေးချမ်းနေစေဖို့ လုပ်ဆောင်ပေးဖို့ပါ။

ကိုယ်အလေးချိန်တက်လာလို့ ချနေပေမယ့်နေ့တိုင်းလိုလို ဒေါသဖြစ်နေမယ်ဆိုရင်လည်း မဟုတ်သေးပါဘူ။ ဒါကြောင့် နေ့တိုင်းမှာ စိတ်ကလေးအေးချမ်းနေစေဖို့လည်း ဂရုစိုက်သင့်ပါတယ်။ တစ်နေ့တာမှာ ဒါသထွက်စရာတွေကြုံခဲ့ရင်တောင် အကာင်းဆုံးကျော်လွှားဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။

  • အိပ်ရေးဝဝအိပ်ပါ
  • တရားထိုင်ပါ
  • သီချင်းနားထောင်ပေးပါ
  • လေ့ကျင့်ခန်းလုပ်ပေးပါ
  • စာဖတ်ပါ
  • ဆုတောင်းပါ
  • စိတ်လက်ပေါ့ပါးစေမယ့် ဝါသနာပါရာတစ်ခုခုကိုလုပ်ပေးပါ။

ဒေါသထွက်တာက ဝိတ်တက်စေရုံပဲလား……..

တကယ်တော့ဒေါသထွက်တာက ဝိတ်တက်စေတာတစ်ခုတည်းမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာတွေကိုပါထိခိုက်စေတဲ့ အခက်တွေအများကြီးပါ။ ဒေါသခဏခဏထွက်မယ်ဆိုရင် ရေရှည်မှာ

ကဲ….. လုပ်သမျှ Dietတွေလေ့ကျင့်ခန်းတွေ အလကားမဖြစ်စေဘဲ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးရစေဖို့ဒေါသမထွက်နဲ့နော်…………….

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement