backup og meta

ကိုယ်အလေးချိန် ပြန်မတက်စေနိုင်သော ဝိတ်ချနည်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 27/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အလေးချိန် ပြန်မတက်စေနိုင်သော ဝိတ်ချနည်း

    ကိုယ်အလေးချိန် ကျလိုက် ပြန်တက်လိုက်ဖြင့် သံသရာလည်နေခြင်းမျိုးသည် အလွန်အဖြစ်များပါသည်။ ယခင်က ဝိတ်ချ ခြင်း မအောင်မြင်ခဲ့ဖူးသည့်အခါ အခြားနည်းလမ်းတစ်ခု ပြောင်းသုံးသင့်ပါသည်။

    ဝိတ်ချပြီးမှ ဘာလို့ ဝိတ်ပြန်တက်လာသလဲ

    လေ့လာမှုများက လူအများစုသည် ဝိတ်ချပြီးသောအခါ အနှေးနှင့်အမြန် ဝိတ်ပြန်တက်လာစမြဲဟု ပြောသည်။ ထိုအချင်းအရာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုဖြစ်စေပါသည်။ အစားအလွန်စားခြင်း နှင့် ကိုယ်ခန္ဓါ ပုံပန်းသွင်ပြင်ကို အထူးပြုလေ့လာသော မက်ဟန်တန်မှ စိတ်ပညာရှင် Alexis Conason က အစားစားခြင်းဖြင့် ဝိတ်လျှော့လိုက် ဝိတ်ပြန်တက်လာလိုက်ဖြစ်ခြင်းသည် ဖြစ်နေကျ သံသရာလည်ခြင်းဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့ အပြစ်ကြောင့်ဟုပြောဆိုခံနေရပါသည် ဟုဆိုပါသည်။ ချထားပြီးသော ကိုယ်အလေးချိန် ပြန်တက်လာသောအခါ သူတို့သည် ရှက်ခြင်း၊

    ရှုံးနိမ့်ခြင်း၊မိမိကိုယ်ကိုလက်ခံနိုင်မှု လျော့ကျခြင်း နှင့် အပြစ်ရှိသလို ခံစားရခြင်းတို့နှင့် ရင်ဆိုင်ရသည်။ သူတို့တွင် အားတက်စရာမရှိတော့ဘဲ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုလည်း မရှိတော့ချေ။

    လူတို့သည် အစားအသောက်ကို ထိန်းချုပ်ရန် တွန်းအားပေးသော အစီအစဉ်ကို တင်းကြပ်စွာ လိုက်နာကြသည်။ အစားစားခြင်းကို တင်းကြပ်မှုက ခံစားချက်ကင်းမဲ့မှုကို ဖြစ်စေပြီး ချ​ဉ်ခြင်းတက်ခြင်းနှင့် အလွန်အမင်းဆာလောင်ခြင်းကို နောက်ဆက်တွဲအဖြစ် ခံစားရသည်။ စားသောက်မှု အလေ့အထသည် တင်းကြပ်လွန်းပြီး အပြုသဘောမဆောင်လျှင် ခဏသာခံမည် ဖြစ်သည်။ နောက်ဆုံးတွင် လူတို့သည် ဆက်လက် မခံစားနိုင်တော့ဘဲ အားထုတ်မှုများကိုလက်လျှော့ကာ ယခင်ချထားသော ကိုယ်အလေးချိန်လည်း ပြန်တက်လာရသည်။

    ကိုယ်အလေးချိန် ပြန်မတက်စေနိုင်သော ဝိတ်ချနည်း

    လူအများစုတွေးထင် သကဲ့သို့ ဝိတ်ချလိုက် ပြန်တက်လိုက် သံသရာလည်နေခြင်းသည် ကျန်းမာရေးကို တစ်စုံတစ်ရာအန္တရာယ် မဖြစ်စေပါ။ ထို့ပြင် ကိုယ်အလေးချိန်သံသရာလည်နေခြင်းသည် နောက်တစ်ခါ ဝိတ်ချရန်ပို၍ ခက်ခဲစေသည်။ ထို့ကြောင့် ထိုသံသရာလည်ခြင်းမျိုး မဖြစ်တော့ရန် ပိုမိုထိရောက်သော နည်းလမ်းတစ်ခုရှိပါသည်။ ဒါကတော့ ကိုယ်အလေးချိန် ပြန်မတက်စေနိုင်သော ဝိတ်ချနည်းပါ။

    အရေးကြီးဆုံး ပထမအဆင့်မှာ အစီအစဉ်ဆွဲခြင်းဖြစ်သည်။ ပြောင်းလဲမှုများ မပြုလုပ်မီ တိကျသော ပန်းတိုင်ချမှတ်ပါ။ သင်မျှော်မှန်းသော ပန်းတိုင်ရောက်သောအခါ သင်၏ကောင်းသောပြောင်းလဲမှုများကို ထိန်းထားရန် စိတ်အားတက်မှု ရလာမည်။

    သင်လိုချင်သော ပန်းတိုင်ရောက်လျှင် ပြောင်းလဲမှုကို ဖြစ်စေခဲ့သော နေထိုင်စားသောက်မှု ပုံစံကိုတွေးတောပါ။ ထိုပြောင်းလဲမှုများကို သင့်နေစဉ်ဘဝတွင် ထည့်သွင်းနိုင်လျှင် ရေရှည်တည်မြဲသော အမူအကျင့်ဖြစ်လာမည်။

    ဒုတိယအနေဖြင့် သင့်လမ်းကြောင်းမှ သွေဖယ်သွားလျှင် ချက်ချင်းတည့်မတ်ပါ။ ဝိတ်မသိမသာပြန်တက်လာခြင်းမှသိသိသာသာပြန်တက်ခြင်းမျိုး ခဏခဏမဖြစ်အောင် အားထုတ်နိုင်လျှင် အောင်မြင်သော ဝိတ်ချနိုင်သူ သင်ဖြစ်ပါပြီ။

    နောက်ဆုံးအနေဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်၍ ပိုမို ကျန်းမာအောင် အားထုတ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်အလေးချိန်လျော့ကျစေနိုင်မှန်း သင်သိသော်လည်း ကယ်လိုရီများ လောင်ကျွမ်းစေသော အာနိသင်အပြင်အခြား ရလဒ်များလည်းရှိသေးသည်ကို သင်သိပါသလား။

    အချို့လေ့လာချက်များတွင် မကြာခဏလေ့ကျင့်ခန်းလုပ်၍ ချွေးထွက်ခြင်းဖြင့် ခံတွင်းကောင်း စေသော်လည်း အစားစားပြီးသော အခါ စိတ်ကျေနပ်မှု ပို၍ ရနိုင်သည်ဟု ဆိုပါသည်။ ထိုသဘောသည်ကိုယ်အလေးချိန်ကို ထိန်းခြင်း၌ အလွန်အရေးပါသည်။

    သင်လိုချင်သော ပြောင်းလဲမှုများ ရရှိလာသောအခါ တည်မြဲအောင် ဆက်လက် တည်ဆောက်ပါ။ ကယ်လိုရီကို လျှော့ချနိုင်ရန် လက်တွေ့ကျ၍ အရသာရှိသော အစားအသောက်ပုံစံကို လိုက်နာ၍ တစ်ချိန်တည်းတွင် စိတ်ခံစားမှုပါ ကောင်းမွန်လာမည်ဖြစ်သည်။

    ဒါကတော့ ဝိတ်ချနေသူတိုင်း သိချင်နေမယ့် ကိုယ်အလေးချိန် ပြန်မတက်စေနိုင်သော ဝိတ်ချနည်းပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 27/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement