backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Diabetes (ဆီးချိုရောဂါ)


Dr. Sandar Lin မှ ရေးသားသည်။ · 19/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diabetes (ဆီးချိုရောဂါ) ကဘာလဲ။

သွေးထဲမှာသကြားဓါတ်မြင့်မားနေခြင်းကိုဆီးချိုရောဂါဟုခေါ်သည်။

ဆီးချိုအမျိုးအစား (၂)ခုရှိသည်။

အမျိုးအစား ၁

ခန္ဓါကိုယ်၏ခုခံအားမှပန်ကလိယခေါ်မုန့်ချိုအိတ်ရှိ အင်အူလင်ထုတ်သော ဆဲလ်များကိုတိုခိုက်ခြင်းကြောင့်ဖြစ်လာသည်။

အမျိုးအစား ၂

မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ်လုပ်မှုနည်းပါးပြီး ခန္ဓါကိုယ်ရှိဆဲလ်များအပေါ်တွင်လည်း ထိုအင်ဆူလင်သက်ရောက်မှုအားနည်းနေခြင်းဖြစ်သည်။ သွေးထဲသကြားဓါတ်မြင့်မားခြင်းကြောင့် မကြာခဏဆီးသွားခြင်း၊ရေဆာခြင်း၊ဆာလောင်ခြင်းတို့ ခံစားရတတ်သည်။

Diabetes (ဆီးချိုရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဆီးချိုရောဂါဟာ အခုအခါမှာအဖြစ်များလာကြပြီး ဆီးချိုကိုပိုမိုဖြစ်စေနိုင်သောအချက်များကိုကြိုတင်ကာကွယ်သောအားဖြင့် ရှောင်ရှားသင့်ပေသည်။ အသေးစိတ်အချက်အလက်များကို နီးစပ်ရာဆရာဝန်နင့်တိုင်ပင်ရန်လိုအပ်သည်။

လက္ခဏာများ

Diabetes (ဆီးချိုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • မကြာခဏဆီးသွားခြင်း
  • ရေငတ်ခြင်း
  • ဆာလောင်ခြင်း
  • ပင်ပန်းလွယ်ခြင်း
  • အမြင်မကြည်ခြင်း
  • အနာကျက်နှေးခြင်း
  • ဝိတ်ကျခြင်း(အမျိုးအစား ၁)
  • ခြေချောင်း လက်ချောင်းများထုံကျဉ်ခြင်း

အမျိုးအစား ၂ဆီးချိုရောဂါသည်များတွင် လက္ခဏာမှာမသိသာတတ်ပေ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

  • ရေအရမ်းငတ်ခြင်း
  • အထူးသဖြင့်ညဘက်များတွင် ဆီးမကြာခဏသွားခြင်း
  • ပင်ပန်းလွယ်ခြင်း
  • ဝိတ်ကျခြင်းနှင့်ကြွက်သားများသေးသွားခြင်း
  • ချိုင်းကြားကဲ့သို့ချွေးအောင်းနိုင်သော ကြားနေရာများတွင် ယားခြင်း၊အနာဖြစ်ခြင်း
  • အနာကျက်နှေးခြင်း
  • အမြင်မှုန်ဝါးခြင်း

ထိုလက္ခဏာများသည်အမျိုးအစား ၁တွင် ရက်ပိုင်းအတွင်းဖြစ်ပေါ်တတ်သည်။

အမျိုးအစား ၂ တွင်မူလက္ခဏာမှာမသိသာ၍ သတိထားမိဖို့ရာ အချိန်ကြာတတ်သည်။

အကြောင်းရင်းများ

Diabetes (ဆီးချိုရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

စားလိုက်သောအစားများထဲမှသကြားဓါတ်ကိုအစာအိမ်မှချေဖျက်စုပ်ယူပြီးနောက် ဆဲလ်များတွင်စွမ်းအင်အဖြစ်ပြောင်းလဲသိုလှောင်ရန် အင်ဆူလင် လိုအပ်သည်။ ဆီးချိုရောဂါသည်များတွင် ထိုအင်ဆူလင်မရြိှခ်းကြောင့် စွမ်းအင်အဖြစ်မပြောင်းလဲနိုင်ဘဲ သွေးတွင်းသကြားဓါတ်မြင့်တက်ခြင်းများကိုဖြစ်ပေါ်စေသည်။

အမျိုးအစား ၁ ဖြစ်နိုင်ချေကိုလျှော့ချ၍မရနိုင်ပေမယ့် အမျိုးအစား ၂ ကတော့အဝလွန်သူများတွင်အဖြစ်များသည်။

ဖြစ်နိုင်ခြေများ

Diabetes (ဆီးချိုရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသက် ၄၀ ကျော်လာလျှင်ဆီးချိုရောဂါပိုဖြစ်လာနိုင်သည်။ အထူးသဖြင့် ဝလွန်းသူများ၊ဆေးလိပ်သောက်သူများ၊ဆီးချိုမျိုးရိုးရှိသူများပိုမိုဖြစ်နိုင်ချေရှိသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Diabetes (ဆီးချိုရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆီးချိုလက္ခဏာတွေရှိလာခဲ့ပါက သွေး၃မျိုးဖောက်စစ်နိုင်ပါသည်။

  • HbA1c test
  • Fasting plasma glucose test
  • OGTT test

Diabetes (ဆီးချိုရောဂါဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ

အမျိုးအစား ၁

ဆီးချိုအမျိုးအစား ၁များဟာသွေးထဲမှာ အင်ဆူလင်ဟိုမုန်းမရှိခြင်းကြောင့်ထိုဟိုမုန်းဆေးကို အစားစားခါနီးတိုင်း ပုံမှန်ထိုးပေးရန်လိုအပ်သည်။

အမျိုးအစား ၂

  • ကျန်းမာရေးနှင့်ညီညွှတ်သောအစားအသောက်ကိုစားပါ
  • ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
  • သွေးချိုညှိဆေးကို ဆရာဝန်နှင့်တိုင်ပင်ပြီးသောက်ရန်
  • အင်ဆူလင်ထွက်အားကောင်းစေသောဆေးဝါးများ
  • အစာအိမ်မှသကြားဓါတ်စုပ်ယူမှုလျော့ချစေသောဆေးဝါးများ
  • အင်ဆူလင်လုပ်ဆောင်မှုကိုအားပေးသောဆေးဝါးများ
  • အင်ဆူလင်ထုတ်လုပ်မှုအပြင် အသည်း၏သကြားဓါတ်ထုတ်လုပ်မှုကိုပါညှိနိုင်းပေးသောဆေးဝါးများ
  • ကျောက်ကပ်၏သကြားပြန်လည်စုပ်ယူမှုကိုလျော့ကျစေပြီး စွန့်ထုတ်မှုကိုအားပေးသောဆေးဝါးများ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandar Lin မှ ရေးသားသည်။ · 19/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement