backup og meta

အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဒီလိုဖျောက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဒီလိုဖျောက်

    အိပ်နေတုန်း စကားပြောတတ်တာက ရောဂါတစ်ခု မဟုတ်ပေမယ့် ရေရှည်မှာ ကိုယ်မသိလိုက်ဘဲ မိသားစုကို အနှောင့်အယှက်ဖြစ်နေစေတာမျိုး ဖြစ်နိုင်ပါတယ်။ အိပ်နေချိန်မို့ မသိစိတ်က ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်မိတာကြောင့် ထိန်းဖို့ဆိုတာ ခက်မှာပါ။ ဒါပေမယ့် ကိုယ့်ကြောင့် မိသားစုဝင်တွေ၊ ချစ်ရသူတွေမှာ စိတ်အနှောင့်အယှက်ဖြစ်ရမှာကိုတော့ လိုလားမယ်မထင်ပါဘူး။ ဒီတော့ အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဘယ်လိုဖျောက်မလဲ။ ဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။

    အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်

    အိပ်နေရင်းစကားပြောခြင်းကို ဆေးပညာအခေါ်အဝေါ်အနေနဲ့ somniloquy လို့ ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တာက ဖြစ်တတ်တဲ့အလေ့အထတစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်း စကားပြောတတ်တဲ့ အကျင့်ရှိသူတွေက သူတို့ဆီမှာ ဒီအကျင့်ရှိနေမှန်းတောင် မသိကြပါဘူး။

    အိပ်နေတုန်း စကားပြောတဲ့အခါ ပုံမှန်ပြောနေကျအသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့စေခိုင်းမှုအတိုင်း လုပ်မိနေတဲ့ အပြုအမူတစ်ခုပေါ့။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာ ဖြစ်တာများပြီး non-REM (NREM) အဆင့်မှာ မဖြစ်တတ်ကြပါဘူး။

    REM အဆင့်မှာ အိပ်မက်မက်နေရင်း အိပ်မက်ထဲမှာ မြင်မက်နေတဲ့ အကြောင်းအရာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ နှုတ်ကနေ အသံထွက်တာကြောင့် အိပ်နေစဉ်စကားပြောခြင်းဖြစ်စဉ် ဖြစ်လာရတာပါ။ အသံက သဲသဲကွဲကွဲတော့ သိပ်မဖြစ်တတ်ပါဘူး။

    ဘယ်သူတွေမှာ အဖြစ်များလဲ

    ဘယ်သူတွေမှာ ပိုအဖြစ်များတယ်ရယ်လို့တော့ မရှိပါဘူး။ ကလေးတွေမှာတော့ အဖြစ်များကြပါတယ်။ အထူးသဖြင့် အသက် ၃ နှစ်ကနေ ၁၀ နှစ်အရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ အယောက် ၁၀၀ မှာ ၅ယောက်လောက်ပဲဖြစ်တတ်တာပါ။

    နေ့တိုင်းဖြစ်ခဲပြီး ၃လ၊ ၄ လတစ်ခါလောက်မှဖြစ်တတ်ကြပါတယ်။ ငယ်စဉ်မှာတော့ အိပ်နေစဉ်စကားပြောတာက မိန်းကလေးမှာရော ယောက်ျာလေးမှာပါဖြစ်နိုင်ခြေအတူတူပါပဲ။ အသက်အရွယ်ရလာတဲ့ အခါမှာတော့ အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုပြီး အိပ်နေစဉ်စကားပြောကြတာပိုများပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ

    အိပ်ပျော်နေစဉ်စကားပြောတာနဲ့အတူ အိပ်မက်ဆိုးတွေမက်မယ်။ ခြေလက်တွေ ရုန်းကန်မယ်။ ချွေးထွက်မယ်။ အထိတ်လန့်အော်ဟစ်မယ်။ ခဏခဏဖြစ်နေမယ်။ စိတ်ဖိစီးစေမယ်။ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်တာက အကောင်းဆုံးဖြစ်မှာပါ။

    အိပ်ရင်း စကားပြောတတ်တဲ့ အကျင့်ကို ဖျောက်လို့ရလား

    အိပ်နေစဉ်စကားပြောတတ်တာက ရောဂါမဟုတ်ဘဲ အကျင့်တစ်ခုပဲဖြစ်တာကြောင့် ဖျောက်ဖျက်လို့ရပါတယ်။

  • စိတ်ဖိစီးမှုလျှော့ချပါစိတ်ဖိစီးမှုများနေတာကလည်း အိပ်နေစဉ်စကားပြောခြင်းကိုဖြစ်တဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြော်က့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချပါ။
  • ယောဂကစားပါ -ယောဂက ခန္ဓာကိုယ်က ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်တည်ငြိမ်စေနိုင်ပါတယ်။
  • တရားထိုင်ပါ – ဝင်သက်ထွက်သက်မှတ်တာကလည်း စိတ်ကို တည်ငြိမ်အေးချမ်းမှုရစေတဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။ တစ်နေ့ကို ၁၅ မိနစ်လောက် ဝင်သက် ထွက်သက်မှတ်ပေးပါ။
  • လမ်းလျှောက်ပါ – တစ်နေ့တာမှာ စိတ်လက်အပန်းဖြေတဲ့အနေနဲ့ ၁၅ မိနစ် ကနေ နာရီဝက်လောက် လမ်းပုံမှန်လျှောက်ပေးတာကလည်း အိပ်နေစဉ်စကားပြောတကို သက်သာစေနိုင်ပါတယ်။
  • အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ရှောင်ပါ – ဒါတွေက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သလို အိပ်နေစဉ်စကားပြောမိတာကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကိုလည်းလျှော့သောက်ပါ။
  • ကဖင်းလျှော့ပါကဖင်းက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အိပ်နေစဉ် စကားပြောတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ခါနီးအချိန်မှာ  လက်ဖက်ရည်၊ လက်ဖက်သုပ်၊ ကော်ဖီတို့ကို တတ်နိုင်သမျှလျှော့သောက်ပါ။
  • အိပ်ရေးမပျက်ပါစေနဲ့ – အိပ်ရေးမဝတာကလည်း အိပ်နေစဉ် စကားပြောတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညစဉ် အနည်းဆုံး အိပ်ချိန် ၇ နာရီလောက်ပုံမှန် အိပ်စက်ပေးပါ။
  • အိပ်ချိန်၊ နိုးချိန်မှန်ပါစေ – အိပ်ချိန်ကို ပုံမှန်ရှိစေဖို့နဲ့ မနက်ခင်းနိုးထချိန်ကို ပုံမှန်ဖြစ်စေတဲ့ အလေ့အထလေး ပျိုးထောင်ယူပါ။ ဒါကလည်း အိပ်နေစဉ် စကားပြောတဲ့ အကျင့်ကိုဖျောက်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement