ဒေါသ… လူတိုင်း ဒေါသနဲ့ မကင်းနိုင်ပါဘူး။ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေကြောင့် ဒေါသထွက်ရတာတွေရှိနိုင်သလို ချစ်သူရည်းစား၊ မိသားစုဝင်တွေအချင်းချင်းကြားမှာလည်း ကတောက်ကဆဖြစ်ပြီး ဒေါသထွက်ရတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ထစ်ကနဲရှိ ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေမှာတောင် ဒေါသအမျက်ကြီးတတ်ကြသူတွေရှိသလို တချို့ကျတော့လည်း အကြာကြီးနေမှ တစိမ့်စိမ့်ပြန်တွေးပြီး ဒေါသထွက်တတ်တဲ့သူတွေလည်းရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါသထွက်လာပြီ၊ အပြန်အလှန် ငြင်းကြခုန်ကြပြီဆိုရင် ကာယကံရှင်အတွက်ရော တစ်ဖက်သူအတွက်ပါ အဆင်မပြေစရာတွေ ထပ်တိုးဖြစ်လာတတ်ပါတယ်။