backup og meta

စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို ဒီနည်းလမ်းတွေနဲ့ ဖြေဖျောက်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို ဒီနည်းလမ်းတွေနဲ့ ဖြေဖျောက်ကြမယ်

    လူ့ဘဝရယ်လို့ ဖြစ်လာပြီဆိုရင် စိုးရိမ်ပူပန်စရာတွေ၊ စိတ်ညစ်စရာတွေ ကြုံလာရမှာ သဘာဝပါပဲ။ ဒီလိုစိတ်တွေကို သေချာမထိန်းချုပ်ဘဲ ပစ်ထားလိုက်လို့ ငြိမ်းချမ်းသွားမယ်တော့ မထင်ပါနဲ့။ အနာကို သဲနဲ့ ဖုံးလိုက်သလိုသာ ဖြစ်သွားပြီး နောက်ထပ် ပူပန်စရာကိစ္စတွေ ပေါ်လာတာနဲ့ မြိုသိပ်ထားတာတွေ ပြန်ပြီး ပေါ်လာကြတာပါပဲ။ ဒီတော့ စိုးရိမ်ပူပန်မှု ဝေဒနာကို ခံစားနေရပြီဆိုရင် ဒီနည်းလမ်း ၁၀ချက်နဲ့ ကိုယ့်ရဲ့ စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို အေးချမ်းအောင် ပြန်လည်တည်ဆောက်ဖို့ အကြံပေးလိုက်ပါတယ်။

    စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို ဒီနည်းလမ်းတွေနဲ့ ဖြေဖျောက်ကြမယ်

    ၁။ တက်တက်ကြွကြွနေပါ။

    ပုံမှန်လေ့ကျင့်ခန်း၊ အားကစားလုပ်တာက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။ အထူးသဖြင့် စိုးရိမ်ပူပန်နေရတဲ့ ပူလောင်ခြင်းဝေဒနာကို အေးချမ်းသွားစေပြီး ဒီပူလောင်နေရတဲ့ အကြောင်းအရာကို ခေါင်းထဲမှာ တွေးမနေမိအောင် အာရုံလွှဲလိုက်နိုင်ပါတယ်။

    ၂။ အရက်မသောက်ပါနဲ့။

    အရက်ေသာက်လို့ ကိုယ့်ရင်ထဲက ပူလောင်နေတဲ့ သောကတွေ၊ ဖြစ်နေတဲ့ ပြဿနာအခက်အခဲတွေက ပျောက်မသွားပါဘူး။ မူးနေတုန်း ခဏမှာ အေးချမ်းတယ်လို့ ခံစားရပေမယ့် အမူးပြေသွားပြီဆိုတာနဲ့ ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ ခေါင်းထဲ ပြန်ရောက်လာမှာပါ။

    ၃။ ဆေးလိပ်ဖြတ်ပါ။

    စိတ်ညစ်နေတဲ့အချိန်ဆိုရင် လက်က ဆေးလိပ်ဆီကို ရောက်သွားတတ်ကြပါတယ်။ ပူလောင်နေတဲ့ စိတ်တွေ အခိုးအငွေ့လေးနဲ့အတူ လွင့်ပျယ်သွားမလားဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။ တကယ်တမ်း အဖတ်တင်ကျန်ခဲ့တာဆိုလို့ ကိုယ့်ကျန်းမာရေးထိခိုက်တာနဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာပဲ ရှိတာပါ။ လေ့လာတွေ့ရှိချက်တွေအရ စိုးရိမ်ပူပန်နေချိန် ဆေးလိပ်သောက်တဲ့ သူတွေဟာ နောက်ပိုင်းမှာ စိတ်ရောဂါအမျိုးမျိုး ဖြစ်လာနိုင်ခြေ ပိုများတယ်ဆိုတာပါပဲ။

    ၄။ အိပ်ရေးဝအောင် အိပ်လိုက်ပါ။

    ပူနေလို့လည်း ဘာမှမထူးဘူးဆိုရင် မျက်လုံးမှိတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်တာ အကောင်းဆုံးပါပဲ။ နိုးလာတဲ့အချိန် စိတ်က ပြန်လည်ကြည်လင်သွားပြီဆိုတော့မှ ကိုယ့်ရဲ့ ပြဿနာအတိမ်အနက်ကို ပြန်တွေးရင်း ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေသင့်ပါတယ်။

    ၅။ ကဖင်းဓါတ် ရှောင်ပါ။

    ကဖင်းဓါတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်တွေဟာ ရင်တုန်မှုကို ပိုဖြစ်စေတဲ့အတွက် စိုးရိမ်ပူပန်နေတဲ့အချိန်မှာ ပိုပြီးတောင် မသောက်သင့်ပါဘူး။ ဒါ့အပြင် ကဖင်းဓါတ်သောက်သုံးမှုများတဲ့အခါ ရုတ်တရက် အကြောက်အလန့်လွန်ပြီး အသိစိတ်လွတ်သွားတာ၊ စိုးရိမ်ပူပန်စိတ်ကြောင့် လုပ်မိလုပ်ရာ လျှောက်လိုက်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

    ၆။ တရားထိုင်ပါ။

    စိတ်ထဲက ပူလောင်မှုကို ငြှိမ်းသတ်ပေးနိုင်ဖို့၊ ကိုယ့်စိတ်ကို အဆိပ်သင့်စေတဲ့ မကောင်းတဲ့အတွေးတွေ ဝင်မလာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်တာပါပဲ။ ဘာသာရေးနဲ့ မသက်ဆိုင်ဘဲ ကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင် တရားထိုင်ြခင်းဟာ စိတ်ကျန်းမာရေးကို ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေဖို့နဲ့ စိုးရိမ်ပူပန်လွန်တဲ့ စိတ်ကို ဖြေဖျောက်ပေးနိုင်တဲ့ နည်းလမ်းတွေထဲမှာ ပါဝင်ပါတယ်။

    ၇။ ကျန်းမာစွာ စားသောက်နေထိုင်ပါ။

    စိုးရိမ်ပူပန်လွန်တဲ့ စိတ်ကို ဖြေလျှော့ပေးနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ အစာစားတာပါပဲ။ အစာလို့ ဆိုရာမှာ တွေ့ကရာ ဗိုက်ဝရင်ပြီးရော စားတာကို မဆိုလိုဘူးနော်။ ရေများများသောက်ပြီး ကျန်းမာစေဖို့နဲ့ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို အဓိက စားပေးရပါမယ်။ အစာစားနေတဲ့အချိန် အနည်းဆုံးတော့ စားတဲ့ ဘက်ကို အာရုံစိုက်မိပြီး ကိုယ့်စိတ်ထဲက ပူလောင်မှုကို သက်သာစေနိုင်ပါတယ်။ ကဖင်းဓါတ်၊ သကြားဓါတ်များတဲ့ အချိုရည်၊ မုန့်တွေ၊ အဆီအစိမ့်တွေကို မစားသင့်ပါဘူး။

    ၈။ အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ပါ။

    စိတ်က ပူပန်သောကရောက်နေတဲ့အချိန် အသက်ကို ခပ်မြန်မြန်ရှူတဲ့ လက္ခဏာ တွေ့ရတတ်တာ သဘာဝပါ။ ဒီလိုမျိုး အသက်ရှူနှုန်း မြန်လာတဲ့အခါ နှလုံးခုန်နှုန်း အဆမတန် မြန်လာမယ်၊ ခေါင်းမူးလာမယ်၊ ပိုပြီး စိုးရိမ်ပူပန်စေနိုင်ပါတယ်။

    ဒါကြောင့် စိတ်ညစ်နေတဲ့အချိန် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ ကိုယ်ရှူလိုက်တဲ့ လေအပေါ်မှာ အာရုံမှတ်ထားပြီး စိတ်ကို စုစည်းထားပါ။

    ၉။ ရနံ့ကုထုံး

    သင်းပျံ့တဲ့ အမွှေးရနံ့ပါဝင်တဲ့ အဆီတွေနဲ့ စိတ်ကို အေးချမ်းစေတဲ့ ကုထုံးတွေဟာ စိတ်နဲ့ ခန္ဓါကျန်းမာရေးကို မြှင့်တင်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ အနံ့ပြင်းတာမျိုး မဟုတ်ဘဲ သင်းသင်းလေးနဲ့ စိတ်ကို အေးချမ်းစေတဲ့ ဆီကို နှာခေါင်းဝမှာ တေ့ပြီး ရှူရှိုက်တာ၊ ကိုယ်ချိုးမယ့်ရေထဲ အမွှေးဆီ နည်းနည်းထည့်ပြီး ရေချိုးပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

    ၁၀။ ရေနွေးကြမ်းသောက်ပါ။

    ကျွန်တော်တို့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ရိုးရာမှာ ရေနွေးကြမ်းသောက်သုံးတာလည်း တစ်ခုအပါအဝင်ပါပဲ။ ရေနွေးကြမ်းသောက်လိုက်တဲ့အခါ ရင်ကို နွေးထွေးသွားစေပြီး ကိုယ့်ရဲ့ ပူလောင်နေတဲ့ စိတ်ကို အေးမြသွားစေတယ်။

    ပူလောင်နေတဲ့ သောကဝေဒနာကို ပြေလျော့သွားစေပြီး လူရော စိတ်ပါ ပေါ့ပါးလန်းဆန်းစေနိုင်ပါတယ်။ ချာမိုမိုင်းလ် အမျိုးအစားမှ မဟုတ်ပါဘူး။

    ကိုယ့်မှာ စိတ်ညစ်စရာ ကိစ္စတွေ ရှိနေတာ၊ စိတ်ပူပန်သောက ဖြစ်နေရတယ်ဆိုရင် ဒီနည်းလမ်း ၁၀ ချက်ကို သေချာလိုက်နာကြည့်ပါ။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက် အကျိုးထူးဖြစ်စေမှာ အသေအချာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement