backup og meta

စိတ်ပူပန်မှု ဖြစ်ခြင်းအတွက် ကုသမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 18/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပူပန်မှု ဖြစ်ခြင်းအတွက် ကုသမှုများ

    စိတ်ပူပန်မှု ဆိုတာ ဒေါသစိတ်ကို တုံ့ပြန်ခြင်းမျိုးဖြစ်ပြီး ခြိမ်းခြောက်မှုကို ခံစားရချိန်မှာ၊ စိတ်ဖိအားဖြစ်တဲ့အခါ၊ စိတ်ဖိစိးမှုရှိတဲ့ အနေအထားကို ကြုံလာရချိန်မှာ အလိုအလျောက် စေ့ဆော်လာတဲ့ သဘာဝပဲဖြစ်ပါတယ်။

    စိတ်ပူပန်မှုပုံစံတွေ ကွဲပြားတဲ့အလိုက် ကုသမှုတွေလည်း အမျိုးမျိုး ရှိပါတယ်။ တချို့ဟာ ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး တချို့ကတော့ ပျောက်ကင်းအောင် ကုသခြင်းဖြစ်ပါတယ်။

    ဆေးကုသခြင်း

    စိတ်ကျရောဂါဆေးများဟာ SSRI ဆေးအုပ်စုဝင်ဆေးများ ဖြစ်ပြီး စိတ်ပူပန်မှု ပြဿနာမျိုးစုံကို ကာကွယ်ကုသဖို့ သုံးကြပါတယ်။

    အောက်ပါဆေးများဟာ နာတာရှည်စိတ်ပူပန်မှု ပြဿနာကို ကုသရာမှာ သုံးကြပါတယ်။

    • Prozac
    • Zoloft
    • Celexa
    • Paxil
    • Lexapro
    • antidepressants Effexorနဲ့ Cymbalta
    • Tofranil

    ဒီဆေးတွေကို နေ့စဉ်သောက်ဖို့လိုသလား၊ ရောဂါဖြစ်ချိန်မှ သောက်သင့်သလားဆိုတာ နားလည်တတ်ကျွမ်းသူကို မေးမြန်းသင့်ပါတယ်။

    ရုတ်တရက်ဖြစ်လာတဲ့ စိတ်ပူပန်မှု ပြဿနာအတွက် စိတ်ပူပန်မှုပျောက်ကင်းစေတဲ့ စိတ်ငြိမ်ဆေးတွေ သုံးစွဲနိုင်ပါတယ်။ အမြန်ဆုံးသက်သာစေတဲ့ စိတ်ငြိမ်ဆေးတွေကို Benzodiazepines လို့ လူသိများပါတယ်။ အောက်ပါဆေးတွေဖြစ်ပါတယ်။

    • Ativan
    • Valium
    • Librium
    • Xanax
    • Klonopin
    • Buspar

    ဒီဆေးတွေက ဆရာဝန်ညွှန်ကြားချက်နဲ့မှ ဝယ်သောက်လို့ရတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်၊၊ မိမိသဘောနဲ့ မိမိ သောက်တာကို ရှောင်သင့်ပါတယ်၊၊ မကြာခဏ စိတ်ပူပန်တတ်တဲ့ သူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဆောင်ထားနိုင်ပါတယ်၊၊

    စိတ်ပူပန်မှု အတွက် ကုထုံးများ

    စိတ်ပိုင်းဆိုင်ရာ ကုသမှုကို ဆေးဝါးများနဲ့ဖြစ်ဖြစ်၊ ဆေးဝါးများမပါဘဲဖြစ်ဖြစ် ကုသပေးခြင်းဟာ စိတ်ပူပန်မှုနဲ့ဆိုင်တဲ့ ပြသနာတွေအတွက် အခြေခံကျတဲ့ ကုသမှုအနေနဲ့ မှတ်ယူနိုင်ပါတယ်။

    စိတ်ပူပန်မှု ပြဿနာတွေကို သက်သာပျောက်ကင်းစေတဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုပုံစံများစွာ ရှိတယ်လို့ သုတေသနတွေမှာ ဖော်ပြထားကြပါတယ်။

    • စိတ်စွမ်းအင်အခြေခံ စိတ်ပိုင်းဆိုင်ရာကုသမှု
    • အကြောင်းဖော်ပြအထောက်အကူပေးသော စိတ်ပိုင်းဆိုင်ရာကုသမှု
    • အခြား စိတ်ပိုင်းဆိုင်ရာ ကုသမှု၊ အသိအမြင် အမူအကျင့်ပိုင်းဆိုင်ရာ ကုထုံး

    စိတ်ပူပန်မှု သက်သာပျောက်ကင်းစေရန် နေထိုင်မှုပုံစံပြောင်းလဲခြင်းများ

    နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ စိတ်ပူပန်မှု ကုသရာမှာ အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်း လုပ်တိုင်းမှာ အနည်းဆုံးမိနစ် ၃၀လောက် ကြာစေပြီး သင့်အသက်အရွယ်နဲ့ ကိုက်ညီတဲ့ နှလုံးခုန်နှုန်းဖြစ်အောင် လေ့ကျင့်ယူပါ။

    ဒါ့ပြင် အောက်ပါ ယောဂအသက်ရှူလေ့ကျင့်ခန်းကိုလည်း ပြုလုပ်ပေးပါ။

    • သက်တောင့်သက်သာရှိတဲ့နေရာမှာ လဲလျောင်းပါ။
    • နှာခေါင်းမှတဆင့် ရင်ခေါင်းတခုလုံးကို ပြည့်သွားပြီး ဗိုက်ပါဖောင်းသွားအောင် လေကိုရှိုက်သွင်းပါ။
    • ရှူသွင်းထားတဲ့လေကို ပြန်ထုတ်ရာမှာ ဗိုက်ကိုချပ်သွားအောင် တဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။
    • အဲ့ဒီပုံစံအတိုင်း အကြိမ်များစွာလုပ်ပါ။

    ကုသရာတွင် စဉ်းစားရန်အချက်များ

    စိတ်ပူပန်နေရင် ဖိစီးမှုရှိနေရင် အောက်ပါအတိုင်း ဖြေရှင်းကြည့်ပါ။

    ယောဂကျင့်ခြင်း၊ သီချင်း နားထောင်ခြင်း၊ တရားထိုင်ခြင်း၊ အနှိပ်ခံခြင်း၊ အာရုံကြောဖြေလျှော့သော နည်းစနစ်များကို လေ့လာခြင်း စတာတွေကို ပြုလုပ်ပါ။ ပြဿနာတွေကနေ ရှောင်ခွာနေခြင်းဟာလည်း သင့်စိတ်ကို ရှင်ရှင်းလင်းလင်း ဖြစ်လာစေပါတယ်။

    • အာဟာရပြည့်ဝအောင် စားသောက်ပါ၊၊

    အစာ မစားမိဘဲ လွတ်သွားတာမျိုး မဖြစ်ပါစေနဲ့။ ကျန်းမာရေးနဲ့ညီညွတ်ပြီး စွမ်းအင်ဖြစ်စေတဲ့ အားဖြည့်စာများကို လက်ဝယ်ဆောင်ထားပါ။

    • အရက်နဲ့ ကော်ဖီလျှော့ပါ။

    သူတို့ဟာ စိတ်ပူပန်မှုကို ပိုဆိုးစေနိုင်ပါတယ်။

    • အိပ်ရေး၀၀အိပ်ပါ။

    စိတ်ဖိစီးမှုဖြစ်နေချိန်မှာ အိပ်ရေးဝပြီး အနားကောင်းကောင်းရဖို့ လိုပါတယ်။

    • နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။

    သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

    • အသက်၀၀ရှူပါ။

    ဖြည်းညင်းစွာရှူပြီး ဖြည်းညင်းစွာ ပြန်ထုတ်ပါ။

    • ၁မှတဆယ်ထိ ဖြည်းညင်းစွာရေပါ။

    ထပ်ခါထပ်ခါလုပ်ပါ။ လိုအပ်ရင် ၂၀ထိ တိုးရေပါ။

    • အကောင်းဆုံးဖြစ်အောင်လုပ်ပါ။

    အားလုံးအပြည့်အ၀ မလုပ်နိုင်ရင်တောင် အနီးစပ်ဆုံး လုပ်ဆောင်နိုင်မှုတွေအတွက် ဂုဏ်ယူပါ။

    • အရာအားလုံးကို မထိန်းချုပ်နိုင်ဘူးဆိုတာ လက်ခံပါ။

    သင်တွေးထားသလောက် ဆိုးရွားရဲ့လားလို့ ဆင်ခြင်ပါ။

    • ဟာသအမြင်ထားပါ။

    ရယ်မောခြင်းဟာ အသက်ရှည်စေပါတယ်။

    အဖျက်သဘောအမြင်တွေ နေရာမှာ အစားထိုးပါ။

    • ပါဝင်လှုပ်ရှားပါ။

    လူမှုရေးကိစ္စတွေမှာ တက်ကြွစွာ လှုပ်ရှားခြင်းဟာ စိတ်ဖိစီးမှုတွေကနေ ခဏတာ သက်သာစေပါတယ်။

    • ဘယ်အရာတွေက စိတ်ပူပန်စေသလဲ ဆန်းစစ်ပါ။

    လုပ်ငန်းခွင်၊ မိသားစု၊ ကျောင်း ဒါမှမဟုတ် ဘယ်အရာက သင့်ကို ပူပန်စိတ်ဖြစ်စေသလဲ သိအောင်လုပ်ပါ။ ဖိစီးမှုတွေကို ရေးသားဖော်ပြပါ။

    • တယောက်ယောက်ကိုပြောပါ။

    သင့်ကို လွှမ်းမိုးနေတဲ့ ခံစားချက်တွေကို မိတ်ဆွေနဲ့ မိသားစုဝင်တွေဆီမှာ ရင်ဖွင့်ပါ။ ဆရာဝန်များ၊ ကုသသူများထံမှာ အကူအညီယူပါ။

    • ကျွမ်းကျင်သူတွေရဲ့ အကူအညီယူပါ။

    တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အကူအညီတောင်းခံပါ၊၊

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 18/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement