backup og meta

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ

    Relationships လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ ဆက်ဆံရေး  (Relationship) ကို ပါဝင်ပတ်သက်နေသူတွေ နဲ့ အမျိုးမျိုးသော အကြောင်းအရာတွေအပေါ် မူတည်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။

    Relationship​တွေက ကျန်းမာတဲ့ ဘဝနေထိုင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ လူမှုဆက်ဆံရေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေပါတယ်။

    ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုမို ကျန်းမာကြသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုပြီး အသက်ရှည်ကြပါတယ်။

    ဥပမာ ပြောပြရရင် ပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေ နည်းကြတယ်ဆိုတာပါ။

    ဆက်ဆံရေးတိုင်းက ပျော်ရွှင်စရာ မကောင်းပါဘူး။

    ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဆက်ဆံရေးတိုင်းမှာ ကောင်းတာရော ဆိုးတာရော ရောနှောပါဝင်နေတယ်ဆိုတာပါ။ လူတိုင်းက မပြည့်စုံကြပါဘူး။ အားနည်းချက်တွေ ရှိသလို အားသာချက်လည်း ကိုယ်စီရှိကြပါတယ်။
    ဆက်ဆံရေးတိုင်းမှာ အဆိုးအကောင်းကတော့ ရောနှောနေနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ဖို့ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးက နားလည်မှု ရှိရှိနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ ပြဿနာ တစ်ခုခု ကြုံတွေ့လာခဲ့ရရင်တောင် ဆက်ဆံရေးကို ထိခိုက်တာမျိုး မဖြစ်စေဘဲ ဖြေရှင်းနိုင်ဖို့ လိုပါမယ်။

    ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ

    ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ ကိုယ်တိုင်မှာရော ကိုယ့်ရဲ့ အပေါင်းအဖော်မှာပါ အခုလိုမျိုး အင်္ဂါရပ်တွေ ပိုင်ဆိုင်ထားတာမျိုးကို ဆိုလိုတာပါ။

    အပြန်အလှန် ပွင့်လင်းတဲ့ဆက်ဆံမှု ရှိရမယ်

    တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်ရပါတယ်။ တစ်ယောက်ရဲ့ ပြဿနာကို တစ်ယောက်က စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနိုင်ရပါမယ်။

    တစ်ယောက်ရဲ့ အတွေးအမြင် အယူအဆကို တစ်ယောက်က လေးစားမှု ရှိရပါမယ်

    တစ်ဦးရဲ့ သဘောထား၊ ခံစားချက်တွေ၊ လိုအပ်ချက်တွေကို တစ်ဦးက လေးစားမှု ရှိရပါမယ်။ တစ်ဦးနဲ့ တစ်ဦး ကိုယ်ပိုင် လွတ်လပ်ခွင့်ပြု ထားတာမျိုးတွေ ရှိရပါမယ်။

    ယုံကြည်မှု ရှိရပါမယ်

    တစ်ဦးက ပြောဆိုတဲ့ စကားတွေကို သက်သေပြဖို့ရယ် မတောင်းဆိုဘဲ ယုံကြည်ပေးနိုင်စွမ်း ရှိရပါမယ်။ အခြားသူတွေ ပြောတဲ့ စကားထက် ကိုယ့်ချစ်ခင်ရသူက ပြောတာကို ယုံကြည်မှု ပိုထားရပါမယ်။

    ရိုးသား ရပါမယ်

    တစ်ဦးနဲ့ တစ်ဦးကြားမှာ ထိမ်ချန်ထားတာမျိုး မရှိဘဲ ပွင့်လင်းရိုးသားမှု ရှိရပါမယ်။ ပုဂ္ဂိုလ်ရေး ကိစ္စ အချို့ကို ထိန်းသိမ်းထားဖို့ လိုတယ်ဆိုပေမယ့် အခြားအချက်တွေကိုတော့ ပေးသိရင်း ရိုးသားမှု ရှိတဲ့ ဆက်ဆံရေးကို ပျိုးထောင်ရပါမယ်။

    သာတူညီမျှ  ရှိရပါမယ်

    တစ်ခုခုကို ဆုံးဖြတ်တိုင်း သူမို့ ငါမို့ရယ်ဆိုပြီး ကွဲပြားနေတာမျိုး မရှိရပါဘူး။ နှစ်ဦးစလုံးအတွက် တူညီတဲ့ စံနှုန်းတွေ ရှိရပါမယ်။ သာတူညီမျှ ရှိမှုကလည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဖြစ်တော့မှာပေါ့။

    သီးသန့်အချိန် ရှိရပါမယ်

    လူတိုင်းမှာ ကိုယ်ပိုင်အချိန် ရှိဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ တစ်ယောက်တည်း ရှိဖို့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့ သီးသန့်အချိန်မျိုး ဖြစ်ဖြစ်ပါ။ ဒီလို သီးသန့်အချိန်အတွက် တစ်ဦးနဲ့တစ်ဦး နားလည်မှု ရှိရှိ ပေးနိုင်ထားမှလည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး အင်္ဂါရပ်နဲ့ ပြည့်စုံမှာပါ။

    သက်သောင့်သက်သာရှိမယ့် နှစ်ဦးကြား ဆက်ဆံရေး ဖြစ်ရပါမယ်

    တူနှစ်ကိုယ်ကြားက ဆက်ဆံရေးမှာလည်း နှစ်ဦးသဘောတူဖြစ်ရပါမယ်။ အဆင်မပြေတာမျိုး ရှိမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး တစ်ဦးနဲ့ တစ်ဦး သက်သောင့်သက်သာဖြစ်တဲ့ ဆက်ဆံရေးမျိုး ဖန်တီးနိုင်ရပါမယ်။

    ဒီလိုမျိုး နားလည်မှုတွေ ပြည့်ဝစွာနဲ့ တည်ဆောက်ထားမှ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်မှာပါ။ ကဲ ….. ကိုယ်တိုင်လည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြမယ်လို့ မျှော်လင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement