စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ
စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း
စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ (Eating Disorders) ရှိနေခြင်းကလည်း စိတ်ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကို ခံစားနေရတာပါ။ စိတ်ခံစားမှုကြောင့် စားသောက်နေထိုင်ပုံပြောင်းလဲလာတာ၊ စားသောက်မှုပုံစံတွေ မူမမှန်တာ စတာတွေဖြစ်တာပါ။ ဒီလို စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာက အစပိုင်းမှာ စိတ်ကျန်းမာရေးကိုပဲ ထိခိုက်တာဆိုပေမယ့် နောက်ပိုင်းမှာတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်တော့ စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း ကို ဝေမျှပေးချင်ပါတယ်။ စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာရှိသူတွေ နဲ့ ကိုယ်တိုင်စောင့်ရှောက်မှု စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာရှိသူတွေ အနေနဲ့ ဒီအခြေအနေကနေ ပြန်ပြီး ကျန်းမာလာဖို့ဆိုရင် ကိုယ်တိုင်ဂရုစိုက်မှုက အတော်လေး အရေးကြီးပါတယ်။ ဒီလို စောင့်ရှောက်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကုန်လုံးကို သေချာလေး ဂရုစိုက်ဖို့ လိုတာကြောင့် […]