ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်းဟာ လူတိုင်းအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးထိခိုက်မှာစိုးပြီး အစားအစာများကို တရားလွန်ရှောင်ကြဉ်ခြင်း၊ ရွေးချယ်ခြင်း ပြုလာပြီဆိုရင်တော့ သတိပြုရမယ့် အခြေအနေဖြစ်ပါတယ်။ ဒီပြဿနာကို ဆေးပညာမှာတော့ orthorexia လို့ ခေါ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုပြီး အစားအသောက်တွေကို အလွန်အကျွံ ဇီဇာကြောင်ရွေးချယ်ခြင်း ဖြစ်ပါတယ်။