သင့်မှာ Anorexia nervosa မဖြစ်ဘူးလို့
ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Anorexia Nervosa ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က ရောဂါရာဇဝင်ယူခြင်း အထူးသဖြင့် ကိုယ်အလေးချိန်နဲ့ အစားအသောက်အကြောင်း၊ စမ်းသပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် အခြားရောဂါများမဟုတ်ကြောင်း အတည်ပြုနိုင်ပါတယ်။ Anorexia nervosa အတွက် သီးသန့် စစ်ဆေးမှု မရှိပါ။ အထူးသဖြင့် အမျိုးသမီးငယ်များမှာ ရောဂါမရှိဘဲ ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းခြင်းဟာ အရေးကြီးတဲ့ လက္ခဏာဖြစ်ပါတယ်။
ဆရာဝန်က အောက်ပါမေးခွန်းများ မေးပါမယ်။
- သင့်ကိုယ်အလေးချိန်နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်နေတာ ဘယ်လောက်ကြာပြီလဲ။
- ပုံမှန်လေ့ကျင့်ခန်း လုပ်သလား။
- ကိုယ်အလေးချိန်ကျအောင် တနည်းနည်းနဲ့ လုပ်နေသလား။
- ဗိုက်အရမ်းပြည့်တယ်လို့ ခံစားရပြီး အန်ထွက်ဖူးသလား။
- သင်အရမ်းပိန်လွန်းတယ်လို့ သူများတွေက ပြောသလား။
- အစားအစာအကြောင်း မကြာခဏစဉ်းစားသလား။
- အစားအသောက်ကို နောက်မှစားဖို့ ဝှက်ထားရတာမျိုးရှိလား။
- သင့်မိသားစုထဲမှာ စားသောက်မှုဆိုင်ရာ ပြဿနာရှိနေတဲ့လူရှိလား။
Anorexia လို့ သံသယရှိပါက ဆရာဝန်က အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ပါမယ်။
- အယ်လ်ဗျူမင်ဓါတ် စစ်ဆေးခြင်း
- အရိုးပါးမပါးသိနိုင်အောင် အရိုးသိပ်သည်းဆ စစ်ဆေးခြင်း
- သွေးဆဲလ် အရေအတွက်စစ်ဆေးခြင်း
- အီးစီဂျီဆွဲခြင်း
- သွေးတွင်း ဆားဓါတ်စစ်ဆေးခြင်း
- ကျောက်ကပ် နှင့် အသည်း စွမ်းဆောင်ရည်စစ်ဆေးခြင်း
- သိုင်းရွိုက်ဂလင်း စွမ်းဆောင်ရည်စစ်ဆေးခြင်း
- အသားဓါတ် စစ်ဆေးခြင်း
- ဆီးစစ်ခြင်း
Anorexia Nervosa ကို ဘယ်လိုကုသပါသလဲ
Anorexia nervosa ကုသခြင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုကတော့ လူနာကို သူ့မှာရောဂါရှိကြောင်း သိလာအောင် ကူညီပေးခြင်းဖြစ်ပါတယ်။ Anorexia
ရှိတဲ့ လူအများစုဟာ သူတို့မှာ စားသောက်မှုဆိုင်ရာ ပြဿနာမရှိကြောင်း ငြင်းဆန်တတ်ကြပါတယ်။ အခြေအနေဆိုးရွားလာမှသာ ကုသမှုခံယူတတ်ကြပါတယ်။ Anorexia အတွက်ကုသမှုများကတော့
- အသက်ငယ်သူများ Anorexia ဖြစ်တာမကြာသေးသူများကို ကျန်းမာတဲ့စားသောက်မှုပုံစံ ပြန်ရဖို့ စကားပြောပေးတဲ့ ကုထုံးသုံးနိုင်ပါတယ်။
- အပြုအမူဆိုင်ရာသိမြင်မှုကုထုံး (စကားပြောကုထုံးတစ်မျိုး)
- အုပ်စုဖွဲ့ကုသခြင်း
- မိသားစုလိုက်ကုသခြင်း
- စိတ်ကျရောဂါအတွက်သုံးသောဆေးများ၊ စိတ်ရောဂါဆေးများ၊ စိတ်ငြိမ်ဆေးများ ကိုလည်း အချို့ Anorexia ရောဂါရှင်များကို ကုသရာမှာ ကုသမှုအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်အသုံးပြုနိုင်ပါတယ်။ ဒီဆေးများက စိတ်ကျခြင်းနဲ့ ပူပန်သောကကို ကုသပေးနိုင်ပါတယ်။ သို့သော်လည်း ဘယ်ဆေးကမှ ပိန်ချင်စိတ်ကို ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Anorexia nervosa ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများကသင့်အနေဖြင့် Anorexia nervosa ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
- စိတ်ဖိစီးမှုကိုလျှော့ချပါ။
- သင့်မှာ Anorexia ရှိတယ်ဆိုတာ လက်ခံလိုက်ပါ။
- ဆရာဝန်/ အာဟာရပညာရှင်က ညွှန်ပေးတဲ့ အစားအစားများကို စားပါ။
- နှစ်သိမ့်ဆွေးနွေးမှု ခံယူပါ။
- ညွှန်ကြားထားသော ဆေးများကို သောက်ပါ။
- တော်တဲ့ အဝတ်အစားများကိုသာ ဝယ်ပါ။ ဝိတ်ကျမှ ဝတ်လို့ရမယ့် အဝတ်များကို မဝယ်ပါနှင့်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ