brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ဆိုတာက ဖယ်ထုတ်ထားလို့ မရတဲ့ ဘဝရဲ့ အစိတ်အပိုင်း တစ်ရပ်ပေါ့။ လူတိုင်းလိုလိုမှာ အမျိုးမျိုးသော စိုးရိမ်ပူပန်မှုတွေကို ခံစားနေရတာက ပုံမှန်ပါပဲ။

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

ဒါပေမယ့် စိုးရိမ်ပူပန်မှုက လိုတာထက် ပိုလာပြီဆိုရင်တော့ စိတ်ရောကိုယ်ပါ ထိခိုက်စေလာမှာပါ။ ဒါကြောင့် စိတ်ရောကိုယ်ပါ မထိခိုက်စေဖို့ဆိုရင် စိုးရိမ်ပူပန်မှု ဖြစ်နေပြီလားဆိုတာကို သိရှိပြီး အချိန်မီ ကာကွယ်ဖို့ လိုပါမယ်။

ဒီတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေပြီလားဆိုတာကို ဒီဆောင်းပါးလေး ကြည့်ရင်း ဆန်းစစ်ကြည့်ရအောင်နော်။

စိုးရိမ်ပူပန်မှုကို ဘယ်သူတွေ ခံစားရနိုင်လဲ။

စိုးရိမ်ပူပန်မှုကို ကလေးတွေကစလို့ ဆယ်ကျော်သက်၊ လူလတ်ပိုင်းနဲ့ လူကြီး အားလုံးလိုလို ခံစားရနိုင်ပါတယ်။ စိုးရိမ်ပူပန်မှုကို လူတိုင်း ခံစားရနိုင်ပေမယ့် ခံစားရတဲ့ အတိုင်းအတာတွေကတော့ ကွာခြားနိုင်ပါတယ်။

စိတ်ပူပန်စရာဆိုတာ ဘာလဲ။

စိတ်ပူပန်စရာ ကိုတော့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှု လွန်ကဲတဲ့သူတွေမှာတော့ မကြာခဏ ဆိုသလို ပြင်းထန်ပြီး လွန်ကဲတဲ့ စိုးရိမ်မှုကို အချိန်ကြာမြင့်စွာ ခံစားနေရပါတယ်။ နေ့စဉ် အခြေအနေကို စိုးရိမ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တစ်ခါတလေမှာ ရုတ်တရက် ပြင်းထန်တဲ့ စိုးရိမ်မှု ခံစားချက်ကို ထပ်ခါထပ်ခါ ခံစားနေရတာမျိုးဖြစ်စေပြီး မိနစ်ပိုင်းအတွင်း ထိန်းချုပ်ဖို့ ခက်တဲ့ အခြေအနေအထိ ရောက်သွားနိုင်ပါတယ်။

စိုးရိမ်ပူပန်မှု အမျိုးအစားများ

စိုးရိမ်ပူပန်မှု အမျိုးအစားများ

စိုးရိမ်ပူပန်မှုတွေက အမျိုးမျိုး ရှိနိုင်ပါတယ်။

  • Agoraphobia – ဒါကတော့ အဖြစ်အပျက် ဆိုးတွေ ဖြစ်စေနိုင်တဲ့ နေရာ၊ အခြေအနေတွေကို ကြောက်ရွံ့တာ (သို့မဟုတ်) ရှောင်လွဲတဲ့ ပူပန်မှုမျိုးပါ။
  • Anxiety disorder due to a medical conditionရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဖြစ်တဲ့ စိုးရိမ်ပူပန်မှု တစ်မျိုးပါ။
  • Generalized anxiety disorder – လုပ်ဆောင်မှုတွေ (သို့မဟုတ်) အဖြစ်အပျက်တွေကို အလွန်အကျွံကြောက်ရွံ့မှု တစ်မျိုးပါ။
  • Social anxiety disorder (social phobia) – လူအများအပြားနဲ့ ပြောဆိုဆက်ဆံရတ့အခါ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှု တစ်မျိုးပါ။
  • Specific phobias – အချို့သော အရာဝတ္ထုတွေ၊ အခြေအနေတွေပေါ်မှာ ကြောက်ရွံ့တဲ့ စိုးရိမ်မှု ဖြစ်တာ။
  • Substance-induced anxiety disorder – ဆေးဝါးတွေ၊ မူးယစ်စေတတ်သည့်အရာတွေကို သုံးစွဲမှုကြောင့် ဖြစ်လာတဲ့ စိုးရိမ်ပူပန်မှု တစ်မျိုးပါ။

စိတ်ပူပင်စရာ ကို ခံစားနေရတယ်ဆိုတဲ့ လက္ခဏာများ

စိတ်ပူပင်စရာ ကို ခံစားနေရတယ်ဆိုတဲ့ လက္ခဏာများ

ခန္ဓာကိုယ်မှာ စိုးရိမ်ပူပန်မှုတွေ ခံစားနေရပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အာရုံတွေ ရှုပ်ထွေးမယ်
  • စိတ်က အနားမရ ဖြစ်မယ်
  • စိုးရိမ်ကြောင့်ကြမယ်
  • အန္တရာယ်ဖြစ်တော့မယ်လို့ ခံစားမိနေမယ်
  • အရမ်းကို ထိတ်လန့်နေမယ်
  • အသက်ရှူ မြန်နေမယ်
  • ချွေးစေးတွေ ထွက်နေမယ်
  • တုန်လှုပ်မယ်
  • ကတုန်ကယင် ဖြစ်မယ်
  • အားမရှိသလို ခံစားရမယ်
  • ပင်ပန်းတယ်လို့ ခံစားရမယ်
  • အာရုံစိုက်ဖို့ ခက်မယ်
  • လက်ရှိအခြေအနေကလွဲပြီး အခြားအရာတွေအတွက် တွေးလို့မရ ဖြစ်မယ်
  • အိပ်မပျော်တာမျိုး ဖြစ်မယ်
  • အစာခြေစနစ် ပြဿနာတွေ ခံစားရမယ်
  • စိုးရိမ်မှုကို ထိန်းချုပ်ဖို့ ခက်မယ်
  • စိုးရိမ်စရာကောင်းမယ့် အရာတွေကို ရှောင်ရှားဖို့ပဲ တွေးနေမိမယ်။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြသမလဲ။

စိုးရိမ်ပူပန်တာက နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုပေမယ့် အခုလို အခြေအနေတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။

  • စိုးရိမ်မှုတွေက အရမ်းများနေမယ်။ ဒီ စိုးရိမ်မှုများတာက နေ့စဉ် လုပ်ငန်းဆောင်တာတွေ၊ အလုပ် နဲ့ လူမှုဆက်ဆံရေးနဲ့ အခြား နေထိုင်မှု ဘဝတွေကို ထိခိုက်လာပြီဆိုရင်
  • ကြောက်လန့်နေမယ်။ စိုးရိမ်ကြီးနေမယ်။ ထိန်းချုပ်ဖို့ ခက်ခဲနေမယ်။
  • စိတ်ဓာတ်ကျတယ်လို့ ခံစားနေရမယ်။
  • အရက်တွေ၊ မူးယစ်ဆေးတွေ သုံးမိနေမယ်။
  • အခြား စိတ်ကျန်းမာရေး ပြဿနာ တစ်ခုခု ခံစားနေရမယ်။
  • စိုးရိမ်ပူပန်မှုက ရုပ်ပိုင်းဆိုင်ရာအပေါ် ထိခိုက်လာမယ်
  • သတ်သေချင်စိတ်တွေ ပေါက်လာမယ် ဆိုရင် ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။