သင့်ရဲ့ စိတ်လေး ကျန်းမာပါစ (သို့မဟုတ်) သင်သိထားဖို့လိုတဲ့ စိတ်ကျန်းမာရေး အချက်ပြလက္ခဏာတွေအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 11, 2020 . 2 mins read
Share now

လူတွေက ရုပ်ပိုင်းဆိုင်ရာ မကျန်းမာတာကို အလွယ်တကူ သတိထားမိတတ်ကြတယ်။ ထိခိုက်ဒဏ်ရာလေးဖြစ်ရင် ပလာစတာကပ်တာ၊ ဆေးထည့်တာတွေ လုပ်ကြပေမယ့် စိတ်ကလေး မကျန်းမာတာကိုကျ ကုသပေးဖို့ မေ့နေတတ်ကြပါတယ်။

တကယ်ကတော့ လူတစ်ယောက်ကို ကျန်းမာတယ်လို့ ပြောနိုင်ဖို့ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာဖို့ လိုမှာပါ။ လူအတော်များများက စိတ်မကျန်းမာမှုကို ခံစားနေရပေမယ့် ကိုယ်တိုင်တောင် စိတ်မကျန်းမာနေဘူးဆိုတာကို မသိလိုက်ကြတာမျိုးပါ။

ဒီတော့ ကိုယ်တွေရဲ့ စိတ်ကရော ကျန်းမာနေရဲ့လား စိတ်ကျန်းမာရေးအချက်ပြလက္ခဏာတွေနဲ့ စိတ်ကျန်းမာစေဖို့ ကိုယ်တိုင်ဘာလုပ်လို့ရမလဲ ဆိုတာကို ဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ကြစို့လား……….

စိတ်ကျန်းမာရေး အရေးကြီးသလား……..

စိတ်ကျန်းမာရေးကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ အကြောင်းကတော့ စိတ်ကျန်းမာရေးက

  • ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တယ်။
  • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေတယ်။
  • ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ဖန်တီးပေးတယ်။
  • လူမှုအသိုင်းအဝိုင်းမှ အဆင်ပြေပြေ နေထိုင်နိုင်စေတယ်။
  • အလုပ်တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေတယ်။
  • အစွမ်းအစကောင်းတွေကို ဖြစ်ပေါ်စေတယ်။

ဒီလို အခြေအနေတွေကို အကောင်းဆုံး ဖန်တီးနိုင်ဖို့က စိတ်ကျန်းမာရေး ကောင်းဖို့ လိုပါမယ်။ စိတ်ကျန်းမာရေးကောင်းမှ ရုပ်ပိုင်းဆိုင်ရာလည်း ကျန်းမာမှာပါ။ ဥပမာပြောပြရရင် စိတ်ကျန်းမာရေး မကောင်းတာ​ကြောင့် မလှုပ်မရှားဘဲနေမယ်ဆိုရင် လေဖြတ်တာ၊ အမျိုးအစား (၂) ဆီးချိုနှလုံးရောဂါ စတာတွေကို ဖြစ်စေနိုင်ပါတယ်။

စိတ်ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ………….

စိတ်ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အကြောင်းအချက်တွေကတော့ အများကြီးပါ။

စိတ်ကလေးက ကျန်းမာပါစ။

စိတ်ကျန်းမာရေးဆိုတဲ့ နေရာမှာ သိမြင်မှုစွမ်းရည်တွေ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုတွေတွေ အားလုံးပါဝင်နေပါတယ်။ လူတစ်ယောက်ရဲ့ တွေးတောမှု၊ စိတ်ခံစားမှု၊ အပြုအမူတွေ အားလုံးကိုလည်း စိတ်ကပဲ ထိန်းချုပ်ထားတာပါ။

အစွန်း တစ်ဖက်ဖက်ကို ရောက်နေတာမျိုး မရှိဘဲ ခံစားမှု ပြင်းထန်တာမျိုးလည်း မရှိဘူး။ နေ့စဉ် လုပ်ငန်းဆောင်တာတွေ၊ ဆုံးဖြတ်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်နေတယ်ဆိုရင် စိတ်ကလေးက ကျန်းမာနေတယ်လို့ ဆိုရပါမယ်။ ဒါက စိတ်ကျန်းမာရေး ပုံမှန် အခြေအနေ တစ်ရပ်ပါ။

စိတ်ကျန်းမာရေး အချက်ပြလက္ခဏာတွေ

စိတ်ကျန်းမာရေး မကောင်းဘူးဆိုတာ သွက်သွက်ခါအောင် စိတ်မနှံ့ဖြစ်နေတာကို ဆိုလိုတာမဟုတ်ပါဘူး။ အခုပြောပြမယ့် လက္ခလဏာလေးတွေထဲက တစ်ခုခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ခံစားနေရရင်လည်း စိတ်ကျန်းမာရေး အခြေအနေက ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။

  • နေထိုင်၊ စားသောက်မှုပုံစံ ပြောင်းလာမယ်။
  • အိပ်စက်မှု အလေ့အထ ပြောင်းလာမယ်။
  • အရင်က အရမ်းသဘောကျခဲ့တဲ့ အရာတွေကို သဘောမကျဘူးဖြစ်လာမယ်။
  • အားမရှိသလို ခံစားနေရမယ်။
  • ဝမ်းနည်းစရာ တစ်ခုခု ရှိရင်တောင် ငိုတာ၊ ဝမ်းနည်းတာမျိုး မရှိဘဲ ထူထူထုံထုံကြီး ဖြစ်နေမယ်။
  • အကြောင်းအရင်း မရှိပါဘဲ ကိုက်ခဲနာကျင်နေမယ်။
  • မျှော်လင့်ချက်မဲ့နေသလို ကူကယ်ရာမဲ့နေသလို ခံစားရမယ်။
  • အရင်ကထက် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးတွေကို ပိုမို သုံးစွဲ မိလာမယ်။
  • အမြဲလိုလို စိတ်ရှုပ်ထွေးနေမယ်။ မေ့တတ်လာမယ်။ ဒေါသ အမြဲလိုလို ဖြစ်နေမယ်။ စိတ်ပူပန်နေမယ်။ ကြောက်လန့်နေမယ်။
  • ဆက်ဆံရေးတွေက အဆင်မပြေဖြစ်လာမယ်။
  • အမှတ်တရတွေကို မေ့လာမယ်။
  • နားထဲမှာ မရှိတဲ့ အသံတွေ ကြားယောင်နေမယ်။
  • ကိုယ့်ကိုယ်ကို ဒါမှမဟုတ် အခြားသူတွေကို ထိခိုက်အောင် လုပ်ချင်စိတတွေ ဖြစ်နေမယ်။
  • နေ့စဉ် လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်နိုင်တော့တာမျိုးဖြစ်မယ်။

Takeaways

စိတ်ကျန်းမာရေးက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ စိတ်ကျန်းမာမှ နေ့စဉ်ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာက ရောဂါကင်းလို့ ကျန်းမာမှာပါ။ ဒီတော့ စိတ်ကလေး ကျန်းမာပါစဆိုတာကိုလည်း နေ့တိုင်း ဆန်းစစ်လို့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလို့ သေချာ လေး ဂရုစိုက်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့ ဘယ်လိုတွေ ပြင်ဆင်ပေးရမလဲ။ ဒီအကြောင်းအရာလေးကို ဆောင်းပါးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Aye Thi Mon
ရေးသားသူ Aye Thi Mon

ကိုဗစ်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သူများ

ဘယ်လိုလူတွေက ကိုဗစ်ရောဂါ ဖြစ်ရင် ပိုပြီးပြင်းပြင်းထန်ထန် ခံစားရနိုင်လဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲဆိုတာ လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကပ်အတွင်း အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘယ်လို စားသောက်ကြမလဲ…….

အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘယ်လို စားသောက်ကြမလဲ.......အောက်ဆီဂျင် ပြည့်ဝစေဖို့ အခုလိုလေး စားသုံးပေးဖို့ လိုပါမယ်။ ဘာတွေများ ဖြစ်မလဲ............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။ ရွေးချယ်တာက ဆီးချို အပြင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘယ်လိုလက္ခဏာတွေက အရေးပေါ် ကုသမှုလိုတဲ့ လက္ခဏာတွေလဲ။

ဘယ်လိုလက္ခဏာတွေက အရေးပေါ် ကုသမှုလိုတဲ့ လက္ခဏာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 13, 2021 . 2 mins read
အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2021 . 3 mins read
အရေးပေါ်ကာလမှာ ကျန်းမာရေး အတွက် ဒါတွေ ပြင်ထားပါ။

အရေးပေါ်ကာလမှာ ကျန်းမာရေး အတွက် ဒါတွေ ပြင်ထားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 8, 2021 . 2 mins read
သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ

သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 30, 2021 . 2 mins read