backup og meta

Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

    နိုင်ငံတကာ လုပ်ငန်းခွင်တွေမှာတော့ Zoom Fatigue ဆိုတဲ့ အသုံးအနှုန်းတစ်ခု ခေတ်စားလာနေပါတယ်။ ကိုဗစ်ကာလ Work from Home ကြောင့် လုပ်ငန်းခွင် အစည်းအဝေးတွေကို အွန်လိုင်းကနေတဆင့် Video Call တွေနဲ့ ပြုလုပ်ရတာတွေ ခေတ်စားလာနေတယ်မဟုတ်လား။ ဒီလိုပြုလုပ်ကြရာမှာ Application အမျိုးမျိုးကို အသုံးချကြပေမယ့် လူသုံးအများဆုံးကတော့ Zoom နဲ့ Meet တို့ပါပဲ။

    ဒါကြောင့်လည်း Video Call တွေကြောင့် ပင်ပန်းနွမ်းလျပြီး စိတ်ဖိစီးလာနေတာကို လူသုံးများတဲ့ Zoom ကို အစွဲပြုပြီး Zoom-Fatigue လို့ သုံးနှုန်းခေါ်ဝေါ်လာကြတာပါ။ စိတ်ကျန်းမာရေးပညာရပ်မှာတော့ Zoom Fatigue ဟာ ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်မျိုးလို့ ဆိုထားပါတယ်။

    လူမှုဆက်ဆံရေးဟာ စိတ်နဲ့ စိတ်ခံစားချက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ လူလူချင်း ထိတွေ့ဆက်နွယ်မှုတွေ လျော့ကျလာတာဟာ လူသားတွေအတွက် ထူးခြားပြီး အစိမ်းပြင်ပြင်ဖြစ်နေတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။

    နည်းပညာတွေ ခေတ်ဆန်းလာပြီး ဘယ်လောက်တိုးတက်လာတယ်ပြောပြော Video Call တွေကနေ လူအချင်းချင်းဆက်သွယ်နေရတာက လူ့အတွင်းစိတ်ထဲမှာရှိနေတဲ့ လူမှုဆက်ဆံရေးတောင့်တစိတ်ကို မငြှိမ်းသတ်နိုင်ပါဘူး။ ဒီလို စိတ်မပါတပါ Video Call တွေကနေ ပြောဆိုနေရတဲ့အကြားထဲ လုပ်ငန်းခွင်ဖိအားတွေ၊ လူမှုဆက်ဆံရေးဖိအားတွေပါ ဝင်လာတဲ့အခါ Zoom-Fatigue စတင်လာပါတော့တယ်။

    Zoom Fatigue သို့ Video Call ကြောင့် ကျန်းမာရေးထိခိုက်မှု

    Zoom-Fatigue ဝေဒနာကို ခံစားလာရတယ်လို့ ထုတ်ဖော်ဖွင့်ဟလာသူတွေ ကမ္ဘာတစ်လွှားမှာ တနေ့တခြား ပိုမိုများပြားလာနေပါတယ်။ တချို့က လူမှုဆက်ဆံရေးအပိုင်းမှာ ပူပင်သောကတွေများလာတယ်၊ တချို့က Video Call တွေက ဦးနှောက်စားစရာကိစ္စတွေ၊ မလိုလားအပ်တဲ့ကိစ္စတွေလို့ တွေးလာတယ်၊ နည်းပညာနဲ့ မနီးစပ်တဲ့သူတွေဆိုရင် Video Call တွေ ခေါ်ရမှာကို ကြောက်ရွံ့ုစိုးထိတ်တဲ့ စိတ်ပါဝင်လာတတ်တယ်။

    ဒါပေယ့် တကမ္ဘာလုံးမှာ COVID-19 ကျန်းမာရေးကပ်ဘေးသင့်နေတာမို့ နေအိမ်ကနေအပြင်ထွက်ဖို့ အခက်အခဲဖြစ်နေတာ၊ လုပ်ငန်းတွေ ရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့မဖြစ်နိုင်တာတွေကြောင့် မချစ်သော်လည်း အောင့်ကာနမ်းပြီး Video Call တွေနဲ့ ရုံးလုပ်ငန်းကိစ္စတွေကို စီမံဆောင်ရွက်နေရဆဲပါ။

    တဖက်မှာလည်း နေ့စဉ်နဲ့အမျှ ဗီဒီယိုမိတင်တွေ ဆက်တိုက်ပြုလုပ်နေရတာမို့ စိတ်ပင်ပန်းမှုတွေက ပိုမိုတိုးလာနေကြပါတယ်။ စိတ်ကျန်းမာရေးပညာရှင်တွေကတော့ ဒီလိုနေ့စဉ်နဲ့အမျှ ပြုလုပ်နေရတာဟာ ပိတ်လှောင်မွမ်းကျပ်နေတဲ့ လူတွေရဲ့ စိတ်အလျှင်ကို ပိုမိုပြီးနှစ်လိုဖွယ်မဖြစ်အောင် ဖိအားဝင်စေတယ်လို့ သတိပေးနေကြပါတယ်။

    Johns Hopkins Medicine က ပရော်ဖက်ဆာ နီဒါ ဂိုးလ်ဒ်ကတော့ မျက်နှာချင်းဆိုင်ဆွေးနွေးရင် မိနစ်အနည်းငယ်နဲ့ ဆွေးနွေးရမယ့်ကိစ္စတွေကို ရှည်လျားပေရှည်စွာ ပြောဆိုနေရတာတွေ၊ နည်းစနစ်ပိုင်းအခက်အခဲကြောင့် လူတစ်ဦးနဲ့တစ်ဦးအကြား အရိပ်အခြေကြည့်လှုပ်ရှားလို့မရတာတွေ၊ ကိုယ့်ကိုယ်ကို ဗီဒီယိုမှာ ကြည့်ပြီး စိတ်ပင်ပန်းဖွယ်ရာမှတ်ချတ်တွေပေးနေရတာတွေက လူတွေကို လူမှုဆက်ဆံရေးစိတ်သောက (Social anxiety) ဖြစ်စေပြီး ဒီအချက်က Zoom-Fatigue ရဲ့ အခြေခံအချက်လို့ မှတ်ချက်ပြုထားပါတယ်။

    လူ့သဘောသဘာဝက ပေါင်းသင်းဆက်ဆံရေးမှာ မျက်နှာအမူအရာ အကဲခတ်တာတွေ၊ အခြေအနေကြည့်တာတွေ၊ အကျိုးအကြောင်းဆင်ခြင်ပြီး မီးစင်ကြည့်ကတာတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။

    သမိုင်းတစ်လျှောက်လုံး body language တွေကို ဖတ်ပြီး လူသားတွေ ဖြတ်သန်းလာခဲ့ကြတာပါ။ ဒါပေမယ့် Video Call တွေက ဒီအချက်တွေကို စည်းခြားပစ်လိုက်ပါတယ်။ ဒီစည်းတွေရဲ့ ချုပ်နှောင်မှုကြောင့် စိတ်ပင်ပန်းမှုတွေနဲ့ ပိတ်လှောင်ပြီး မွန်းကျပ်မှုတွေ ပိုလာနေကြတာပေါ့။

    လေ့လာချက်တွေအရဆိုရင်တော့ Zoom-Fatigue တွေဟာ စိတ်ကိုရော စိတ်ကိုရော ပင်ပန်းနွမ်းလျစေရုံသာမက ဦးနှောက်ရဲ့ ခွန်အားကိုလည်း ယုတ်လျော့စေပါတယ်တဲ့။ အာရုံစူးစိုက်မှုတွေ ကျဆင်းလာပြီး ဦးနှောက်ရဲ့ လုပ်နိုင်စွမ်း သိသိသာသာကျဆင်းသွားစေမှာမို့ လုပ်ငန်းခွင်တွေအပေါ်ပါ သက်ရောက်မှုတွေ ရှိလာနေပါတဲ့။

    Zoom-Fatigue ကို ဘယ်လို ကျော်လွှားမလဲ

    ကပ်ဘေးက နောက်ထပ် အချိန်အတန်ကြာ ဆက်ရှိနေဦးမယ့် ပုံပါ။ Zoom-Fatigue ကို ခုချိန်မှာ မရင်ဆိုင်ရတဲ့သူတွေတောင် ရေရှည်မှာ ကြုံဆုံလာရနိုင်ပါတယ်။

    ဒီတော့ Zoom-Fatigue ဖြစ်စေမယ့် Video Call တွေကိုလည်း ရှောင်လွှဲဖို့ မလွယ်ကူသေးတာမို့ Zoom-Fatigue ကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းမျိုးကို ရှာဖွေထားတာကသာ အထာက်အကူဖြစ်စေနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ Zoom Fatigue ကြောင့် ပင်ပန်းမှုတွေက တနေ့တခြား ပိုလာတော့မှာပါ။

    စိတ်ပညာရှင်တွေကတော့ အောက်ပါနည်းလမ်းတွေကို အသုံးချပြီး Zoom-Fatigue ကို ရင်ဆိုင်ဖို့ ကျော်ဖြတ်ဖို့ တိုက်တွန်းထားပါတယ်။

    • အလေ့အကျင့်ရအောင် အွန်လိုင်းစာဖတ်အသင်းလေးတွေကို Join ကြည့်ပါ၊
    • တက်တက်ကြွကြွနေထိုင်ပါ၊
    • အာရုံစူးစိုက်မှုကောင်းအောင် အားလပ်ချိန်တွေမှာ ဟင်းချက်/အိမ်မှုကိစ္စလုပ်ပါ၊
    • ဗီဒီယိုဂိမ်း ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားရတဲ့ဂိမ်းတွေ မိသားစုနဲ့ ကစားပါ၊
    • ကိုယ့်ကိုယ်ကို အရမ်းဂရုစိုက်လွန်းတာမျိုး/အမှားအယွင်းဖြစ်မှာကို ကြောက်တတ်တဲ့စိတ်မျိုးကို လျှော့ချပါ၊
    • အားလပ်ချိန်တွေမှာ ဆက်သွယ်စရာကိစ္စရှိလာရင် အွန်လိုင်းထက် ဖုန်းခေါ်တာလို နည်းလမ်းတွေ သုံးပါ – စတာတွေပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement