ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
Share now

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ ဒီကုထုံးကို ရှေးယခင်ကာလတွေက လူမျိုးအလိုက် ကွဲပြားတဲ့နည်းလမ်းတွေနဲ့ အသုံးပြုခဲ့ကြတာပါ။ ဒီကုထုံးအတွက် ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို အသုံးပြုကြပါတယ်။

ပန်းနဲ့ အမွှေးနံ့ရှိတဲ့ သဘာဝပစ္စည်းတွေရဲ့ အဆီအနှစ်တွေကို ကျန်းမာရေးနဲ့ စိတ်ခံစားမှု ကောင်းစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ နီးပါးလောက်ကတည်းက အသုံးပြုခဲ့ကြတာပါ။

ရနံ့ကုထုံး (Aromatherapy) ဆိုတာ

ရနံ့ကုထုံး (Aromatherapy) ဆိုတာ

ရနံ့ကုထုံး(Aromatherapy) ကို ပုံမှန်အားဖြင့်ကတော့ ရှူသွင်းတဲ့ ပုံစံနဲ့ အသုံးပြုကြသလို အရေပြားပေါ်မှာ လိမ်းကျံပြီးတော့လည်း အသုံးပြုပါတယ်။

ရှူသွင်းတဲ့ ပုံစံနဲ့ အသုံးပြုခြင်း – ဒီနည်းလမ်းမှာတော့ ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို ရေနွေးနွေးထဲထည့်ပြီး အခိုးငွေ့ကို ရှူတာ ရှိသလို၊ အစိုဓာတ်ထိန်းစက်ထဲ ထည့်ပြီး အသုံးပြုတာမျိုးလည်း ရှိပါတယ်။ လက်ဖဝါးမှာ ပွတ်ပြီး အငွေ့ရှူတာမျိုးလည်း ရှိပါတယ်။

ဒီလို အငွေ့ကို ရှူပေးတာက အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ ဝင်ရောက် ကူးစက်မှုကနေ ကာကွယ်ပေးသလို နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ စိတ်ခံစားမှု ကောင်းစေတာပါ။

ဒီလို ရနံ့ကုထုံးရဲ့ အငွေ့ရှူရှိုက်တဲ့ နည်းလမ်းက နှာခေါင်း ပါးစပ်ကနေတဆင့် အဆုတ်ထဲကို မော်လီကျူးတွေ ရောက်ရှိသွားစေပြီး အခြား အစိတ်အပိုင်းတွေဆီကိုလည်း ရောက်ရှိ သွားစေပါတယ်။

ဒီ မော်လီကျူးလေးတွေက ဦးနှောက်ထဲ ရောက်ရှိ သွားတဲ့အခါ စိတ်ခံစားမှုကို ကောင်းစေသလို နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် နဲ့ အသကရှူတဲ့ လုပ်ငန်းစဉ်တွေကို အကောင်းဆုံး လည်ပတ်စေပြီး စိတ်ဖိစီးမှု ပြေလျော့စေသလို ကိုယ်တွင်း ဟော်မုန်းကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

လိမ်းကျံတဲ့ ပုံစံနဲ့ အသုံးပြုခြင်း – ဒီနည်းလမ်းကတော့ ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းကျံပြီး နှိပ်နယ်တာ၊ ရေချိုးတဲ့အခါ ထည့်ချိုးတာ၊ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေထဲကို ထည့်သုံးတာမျိုး လုပ်ပေးတာပါ။

ဒီလိုမျိုး အရေပြားပေါ်မှာ လိမ်းကျံပြီး နှိပ်နယ်ပေးတာက သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားရဲ့ အာဟာရ စုပ်ယူနိုင်မှု စွမ်းအားကိုလည်း ကောင်းစေပါတယ်။ ချွေးဂလင်းလေးတွေ အများကြီး ရှိတဲ့ ဦးရေပြား၊ လက်ဖဝါး စတဲ့နေရာတွေက essential oilတွေကို အထိရောက်ဆုံး စုပ်ယူနိုင်ပါတယ်။

ဒီနေရာမှာ တစ်ခု သတိထားရမှာက Essential oils တွေကို အရေပြားမှာ သုံးတဲ့အခါ သူ့တစ်မျိုးတည်းကို သုံးတာထက်အခြား အဆီတွေကိုပါ အသုံးပြုပေးတာက အကောင်းဆုံးပါ။ Essential oils တွေနဲ့ တွဲဖက် အသုံးပြုလို့ အဆင်ပြေဆုံး အဆီတွေကတော့ အယ်လ်မွန်စေ့ဆီ နဲ့ သံလွင်ဆီတွေပါ။

ရနံ့ကုထုံး (Aromatherapy)ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ………..

ရနံ့ကုထုံး (Aromatherapy)ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ...........

ရှေးယခင် ကာလတွေကတည်းကစပြီး အခုခေတ် ကာလအထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ရနံ့ကုထုံးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ပေးပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

လူဦးရေ ၁၀၀ မှာ ၄၃ ယောက်လောက်က စိတ်ဖိစီးမှုတွေကို ခံစားနေကြရပါတယ်။ ဒီ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့အတွက် ရနံ့ကုထုံးကို အသုံးပြုပေးလို့ ရပါတယ်။

ရနံ့ကုထုံးက ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေရော စိုးရိမ်ပူပန်မှုတွေကိုပါ ပြေလျော့သက်သာစေတာပါ။

ခေါင်းကိုက်တာ နဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်

လေ့လာမှုတွေအရ ပူဒီနံရဲ့ အဆီအနှစ်က ခေါင်းကိုက်တာ နဲ့ ခေါင်းတစ်ခြမ်း ကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ပူဒီနံ နဲ့ လာဗင်ဒါဆီတွေကို အရေပြားပေါ် နဲ့ နားထင်တဝိုက်မှာ လိမ်းပေးတာက ခေါင်းကိုက်တာ နဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

အိပ်ပျော်စေတယ်

လာဗင်ဒါဆီရဲ့ ရနံ့က အိပ်စက်မှုကို အထောက်အကူပြုပေးပါတယ်။ ကလေးမွေးဖွားပြီးစ မိခင်တွေ၊ နှလုံးရောဂါ ရှိသူတွေကို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ လာဗင်ဒါဆီက အထိရောက်ဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

အရောင်ကျစေတယ်

essential oils တွေရဲ့ နောက်ထပ် အာနိသင်တစ်ခုက အရောင်ကျစေနိုင်တာပါ။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

essential oils တွေရဲ့ နောက်ထပ် အားသာချက်တစ်ခုကတော့ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာပါ။ ဘက်တီးရီးယား ပိုးဝင် ကူးစက်မှုတွေကို ကာကွယ်ဖို့နဲ့ သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။

ဒါကြောင့်လည်း ရှေးယခင်ကတည်းက ရနံ့ကုထုံးကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အသုံးပြုခဲ့ကြတယ် ထင်ပါရဲ့……….။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read