လျှာနာနေလား ဒါလေးတွေစားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခံတွင်းကျန်းမာရေးလို့ပြောလိုက်ရင်တော်တော်များများပြေးမြင်တာကသွား နဲ့ သွားဖုံးပါ။ လူတော်တော်များများက လျှာလေးကိုမေ့ထားတတ်ကြပါတယ်။ ခံတွင်းကျန်းမာရေးဆိုရင် လျှာလေးကိုမေ့မထားဖို့ပြောပါရစေ။ လျှာက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားစအာတွေကို မျိုချတာ၊ အရသာခံတာ နဲ့ စကားပြောတာတွေ အဆင်ပြေပြေလုပ်ဆောင်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။

မနက်ခင်းနဲ့ ညအိပ်ရာမဝင်ခင် ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အခါ သွားနဲ့သွားဖုံးပြီးရင် လျှာလေးကိုပါ ထည့်ပြီးသန့်ရှင်းပေးပါ။ လျှာလေးကနာနေလား၊ အရောင်ပြောင်းနေလားဆိုတာကိုသေချာဆန်းစစ်ကြည့်ဖို့ပြောပါရစေ။ ဒီတစ်ခေါက်တော့ လျှာနာရင် ဘာစားရမလဲဆိုတာကိုပြောပြပေးဖို့ပြောပါရစေ။

လျှာမှာ အနာတစ်ခုခုဖြစ်တာကြောင့် လျှာကနာနေပြီဆိုရင်

လျှာကို ကိုက်မိထားတာကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ်တစ်ခုခုထိခိုက်မိထားတာကြောင့် လျှာနာနေပြီဆိုရင် ဒါလေးတွေကို စားကြည့်ပေးဖို့ပြောပါရစေ။

နို့နဲ့နို့ထွက်ပစ္စည်းတွေ

လျှာနာတာကို သက်သာစေမယ့် စားစရာတစ်ခုပါ။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှာ အက်ဆစ်နဲ့ ဆားဓါတ်နည်းနည်းပဲပါဝင်တာကြောင့် လျှာကို မအီမသာဖြစ်စေတာမျိုးမရှိပါဘူး။ နွားနို့က ခံတွင်းထဲကတံထွေးနဲ့ ဂုဏ်သတ္တိချင်းတူပြီး လျှာကို ကာကွယ်ပေးပါတယ်။အေးတဲ့အစားအသောက်တွေက လျှာနာတာကို သက်သာစေနိုင်တာကြောင့် မသောက်ခင်မှာ နို့ကို ၁၀ မိနစ် ကနေ ၁၅လောက် ရေခဲသေတ္တာထဲ ထည့်ထားပြီးမှသောက်ပါ။

သခွားမွှေး

လျှာနာနေတဲ့အခါ သခွားမွှေးက စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။ ဝါးစားရမှာ လျှာနာတယ်ဆိုရင်တော့ ကြိတ်စက်ထဲထည့် ကြိတ်ခြေပြီးသောက်ပေးလို့ရပါတယ်။ သခွားမွှေးဖျော်ရည်ထဲကို နို့ ဒါမှမဟုတ် ဒိန်ချဉ်ေရာစပ်ပြီးသောက်ပေးလို့ရပါတယ်။

အနီရောင် အသား

အနီရောင် အသား ကအက်ဆစ်ပါဝင်မှုနည်းပြီး ပရိုတင်း၊ပိုတက်ဆီယမ်၊ဖော့စဖော့ရပ်စ် နဲ့ အခြားအာဟာရဓါတ်တွေပါဝင်တာကြောင့် လျှာနာတာကို သက်သာစေနိုင်သလို ကျန်းမာရေးကောင်းစေနိုင်ပါတယ်။ ချက်ပြုတ်တဲ့အခါ အမွှေးအကြိုင်တွေသိပ်မထည့်မိဖို့တော့ သတိထားရပါမယ်။

ကြက်သား

ကြက်သားမှာ ပရိုတင်း၊ပိုတက်ဆီယမ်နဲ့ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားေကာင်းစေနိုင်သလို လျှာနာတာကို သက်သာစေနိုင်ပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုး ကလည်း လျှာနာတာကို သက်သာစေတဲ့ အာဟာရတစ်မျိုးပါ။ လျှာနာနေတဲ့အခါ သက်သာစေဖို့ စားပေးသင့်ပါတယ်။ ကြက်ဥကို အကာကြက်ပြုတ်ပြီး စားပေးလို့ရပါတယ်။

ပဲအမျိုးမျိုး

ပရိုတင်း၊ အမျှင်ဓါတ်၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေတဲ့ ပဲအမျိုးမျိုးက လျှာနာတာကို သက်သာစေနိုင်ပါတယ်။ ပဲကိုခပ်နူးနူးလေးချက်ပြီး အအေးခံလို့စားပေးပါ။

ဟင်းသီးဟင်းရွက်တွေ

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက လျှာနာတာကို သက်သာစေနိုင်ပါတယ်။ အာဟာရပြည့်ဝစွာပါဝင်သလို အရသာလည်းရှိတဲ့ ဟင်းနုနွယ်၊ အာလူး၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းထုပ် နဲ့ အခြားသော ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးလို့ရပါတယ်။

စဉ်းစားသင့်တဲ့အချက်တွေ

လျှာနာတာကို တစ်ခါတလေမှာ ဘာမှ သိပ်မဟုတ်တဲ့ပြဿနာလို့ယူဆလို့ရတယ်ဆိုပေမယ့် အချိန်တော်တော်ကြာတဲ့အထိမပျောက်ဘဲကျန်နေတဲ့ လျှာနာတဲ့ဝေဒနာကတော့ အာဟာရချို့တဲ့နေတာ ဒါမှမဟုတ်ကျန်းမာရေးပြဿနာကြီးကြီးမားမားခံစားနေရတာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့လျှာနာက အချိန်တော်တော်ကြာကြာမပျောက်ဘဲရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။ တကယ်လို့ လျှာရောင်တာက အရမ်းပြင်းထန်လာပြီး အသက်ရှုရခက်လာမယ် ဆိုရင်တော့ ချက်ချင်းဆေးကုသမှုခံယူဖို့ပြောပါရစေ။

လျှာကိုသန့်စင်ဖို့လိုပါမယ်

လျှာကအမြင်မှာပြောင်ချောနေတယ်လို့ထင်ရပေမယ့် တကယ်တော့လျှာမျာ အဖုငယ်လေးတွေရှိနေပါတယ်။ လျှာက ဘက်တီးရီးယားတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ဆိပ်ကမ်းလိုပါပဲ။ ဒါကြောင့် မနက်ခင်း အိပ်ရာထလို့ မျက်နှာသစ်၊ သွားတိုက်လုပ်တဲ့အခါ လျှာကိုပါ သန့်စင်ပေးဖို့ပြောပါရစေ။

လျှာမှာ ဘက်တီးရီးယားတွေရှိနေတာက ခံတွင်းနံ့ကို ဆိုးစေနိုင်သလို အရသာခံနိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေဟာ ခံတွင်းကနေတဆင့် အခြားအစိတ်အပိုင်းတေါဆီရောက်မသွားဖို့ဆိုရင် လျှကို မဖြစ်မနေသန့်စင်ပေးဖို့လိုပါမယ်။ လျှာမှာ ဘက်တီးရီးယားတွေအရမ်းများလာတဲ့အခါ လျှာက အဝါရောင်ပြောင်းတာမျိုး ဒါမှမဟုတ် အမွှေးတွေပေါက်နေသလိုမျိုး ညိုတိုတိုအရောင်တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လျှာနာတာနဲ့ လျှာကနေတဆင့်ရောဂါပိုးတွေ ကိုယ်ထဲရောက်မသွားစေဖို့ သွားတိုက်တဲ့အခါ ခံတွင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လျှာကိုမေ့မထားဖို့ပြောပါရစေ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

လေ့ကျင့်ခန်း လုပ်ပေးတာက ကိုဗစ်ကို သက်သာစေနိုင်သလို ကိုဗစ်ကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 16, 2020 . 2 mins read

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

လျှာရဲ့ နောက်ထပ် လုပ်ငန်းစဉ်တစ်ခုက ကျန်းမာရေး အခြေအနေတွေကို ဖော်ပြပေးနေသေးတာပါ။ လျှာအရောင်အလိုက် ကျန်းမာရေးအခြေအနေတွေက အမျိုးမျိုးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

အမှတ်မထင် ပိုးရှိသူနဲ့ ထိတွေ့ခဲ့မိ ဆိုပါတော့။ သေချာတာက ထိတွေ့လူနာဖြစ်ခဲ့ရင် Q ဝင်ရမှာပဲလေ။ ဒီတော့ Q ဝင်တဲ့အခါ ဘာတွေ ယူသွားဖို့ လိုမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read