backup og meta

အနာမရင်းအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာမရင်းအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ

    အနြာဖစ်တဲ့အခါသေချာဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပါ။ ဒီလိုဂရုစိုက်တဲ့အခါမှာလည်း နည်းလမ်းမှန်ဖို့က တော်တော်လေးအရေးကြီးပါတယ်။ အနာကိုသေချာဂရုမစိုက်မိတဲ့အခါ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာကတော့ သိပ်ပြီးပြောနေစရာတောင်မလိုပါဘူး။ ပုံမှန်အားဖြင့်ကတော့ ထိခိုက်ရှနာဒဏ်ရာတွေက အလွယ်တကူအနာကျက်သွားကြပေမယ့် သေချာ ဂရုမစိုက်တဲ့ အခါမှာတော့ ပိုးဝင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနာတစ်ခု ဖြစ်လာပြီဆိုရင် အနာကို စနစ်တကျဂရုစိုက်ပေးဖို့က အရမ်းအရေးကြီးပါတယ်။ ။

    အနာတစ်ခုဖြစ်လာပြီဆို ဘယ်လို ဂရုစိုက်ရမလဲ။ ။

    · လက်ဆေးပါ။

    ထိခိုက်မိပြီဆိုတာနဲ့ ပူထူပြီး အနာကို လက်နဲ့ တန်းမထိလိုက်ပါနဲ့။အနာကိုထိတွေ့မယ့်လက်က သန့်စင်နေမှ ရောဂါပိုးမဝင်နိုင်မှာပါ။ ဒါကြောင့် အနာကို မကိုင်ခင် လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး အရင်သန့်စင်သင့်ပါတယ်။

    · အနာကိုသန့်စင်ပါ။

    ထိခိုက်မိပြီးပြီးချင်း အနာကို ရေနဲ့ဆေးပါ။ ဒါမှ အနာထဲဝင်နေတဲ့ ဖုန်တွေ၊ သဲတွေ၊ ရောဂါပိုးတွေ တစ်ဝက်လောက်ကို သန့်စင်ပြီးသားဖြစ်သွားမှာပါ။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးကြောပေးပါ။ အနာကိုတော့ ဆပ်ပြာမထိပါစေနဲ့။အနာမှာဖုန်တွေ၊ သဲတွေ၊ အစအနတွေရှိနေရင် အရက်ပြန်နဲ့သန့်စင်ပြီးသားဇာဂနာလေးနဲ့ အသာလေး ဖယ်ထုတ်လို့ရပါတယ်။

  • အနာသေးတယ်ဆိုပြီး ဂရုမစိုက်ဘဲမထားပါနဲ့။

  • အနာသေးတယ်ဆိုပြီး ဂရုမစိုက်ဘဲ မထားပါနဲ့။ အနာသေးသေးကနေ ပိုးဝင်ပြီး ပိုဆိုးသွားတတ်လို့ပါ။ ဒါကြောင့် အနာကို သေချာဂရုစိုက်ပါ။ ဂရုစိုက်ပါဆိုလို့ ပိုက်ဆံ ရာဂဏန်းလောက်ပဲ ကွာတာကို နှမြောပြီး တွေ့ကရာ အရည်အသွေး မကောင်းတဲ့ ပစ္စည်းတွေဝယ်မသုံးပါနဲ့။ ရာဂဏန်းလောက် ချွေတာလိုက်လို့ အနာပိုဆိုးသွားရင် သောင်းဂဏန်းလောက် ပြန်ကုန်သွားနိုင်ပါတယ်။

    · သွေးတိတ်အောင်လုပ်ပါ။

    ဒဏ်ရာသေးတဲ့အနာတွေက သူ့အလိုလိုသွေးတိတ်ေလ့ရှိပါတယ်။ အခန့်မသင့်လို့ မတိတ်ခဲ့ရင်တော့ ပတ်တီး၊ ဂွမ်းစ၊ အဝတ်စသန့်သန့်ကို သုံးပြီး သွေးတိတ်တဲ့အထိ အပေါ်မြှင့်လျက်အနေအထားနဲ့ အနာကိုအသာအယာဖိထားပေးပါ။

    · အနာပိုးသတ်ဆေး ထည့်ပေးပါ။

    ပြီးရင် ပိုးသေစေဖို့အတွက်ပိုးသတ်ဆေးရည်ထည့်ပေးပါ။ သူက အရက်ပြန်လို မစပ်စေဘဲ ပိုးလည်းသေ အနာကိုလည်း အကျက်မြန်စေတာကြောင့် အရက်ပြန်ကြောက်တဲ့သူတွေ ဆောင်ထားသင့်တဲ့ ပိုးသတ်ဆေးရည်တစ်ခုပါ။ ဒါ့အပြင် ရောဂါပိုးတော်တော်များများကိုလည်း သူက သေစေနိုင်တဲ့အတွက် အိမ်တိုင်းဆောင်ထားသင့်တဲ့ ဆေးဘူးလေးမှာ ပိုးသတ်ဆေးရည်က မပါမဖြစ်ပါ။ အကောင်းဆုံးအချက်ကတော့ အနာကျက်တာကိုလည်း မြန်ဆန်စေခြင်းပါပဲ။

    · အနာကိုဖုံးအုပ်ပါ။

    အနာတစ်ခုကို ပိုးဝင်တာကနေ အကောင်းဆုံးကာကွယ်ပေးနိုင်တာကတော့ အနာကို ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အနာကပ်ပလာစတာတွေ ၊ ပတ်တီးတွေပေါ်လာရတာပါ။ တော်တန်ရုံခြစ်ရာ၊ အစင်းရာ၊ ပွန်းပဲ့ရာလေးလောက်ကတော့ ဖုံးအုပ်စရာမလိုပါဘူး။

    · ပတ်တီး၊ ပလာစတာတွေကို လဲပေးပါ။

    အနာကပ်ပလာစတာတွေ၊ ပတ်တီးတွေကို အနည်းဆုံးတစ်နေ့ကိုတစ်ကြိမ်လောက် အသစ်လဲပေးပါ။ ညစ်ပတ်နေတဲ့ ပတ်တီး၊ ပလာစတာတွေဆို ခဏ ခဏ လဲပေးသင့်ပါတယ်။ ပတ်တီးတွေ၊ ပလာစတာတွေကို တစ်ချိုန်လုံး ကပ်ထားစရာမလိုပါဘူး။ အနာကိုလည်း လေတွေ၊ အောက်ဆီဂျင်တွေနဲ့ ပေးထိဖို့လိုသေးတယ်မလား။ ။

    · အနာပိုးဝင်တဲ့ လက္ခဏာရှိမရှိကိုစောင့်ကြည့်ပါ။

    အရေပြားမှာ ဒါမှမဟုတ် အနာတဝိုက်မှာ နီရဲလာတာ၊ ပိုနာလာတာ၊ ပြည်တွေထွက်နေတာ၊ ရောင်ရမ်းလာတာ လိုမျို အနာပိုးဝင်တဲ့လက္ခဏာတွေ့ရရင် ဆရာဝန်ပြသင့်ပါတယ်။

    · မေးခိုင်ကာကွယ်ဆေး ဘယ်အချိန်မှာ ထိုးသင့်သလဲ။ ။

    တိရစ္ဆာန်တစ်ကောင်ကိုက်ခံရတာ၊ ညစ်ပတ်နေတဲ့ အရာတွေနဲ့ ထိခိုက်မိတာ၊ သံစူးတာ သံရှတာမျိုးဖြစ်ရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။

    ဒါတွေကတော့ ထိခိုက်ဒဏ်ရာတစ်ခုခုရလာရင် ဒဏ်ရာကို ဂရုစိုက်ပေးသင့်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ သေးတဲ့အနာဖြစ်ပါစေ သေချာ ဂရုမစိုက်ရင် ပိုဆိုးသွားတတ်လို့ ခုပြောထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာသင့်တယ်နော်။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement