အထာကျကျ ဒေါသထွက်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဒေါသ… လူတိုင်း‌ ဒေါသနဲ့ မကင်းနိုင်ပါဘူး။ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ‌ကြောင့် ဒေါသထွက်ရတာတွေရှိနိုင်သလို ချစ်သူရည်းစား၊ မိသားစုဝင်တွေအချင်းချင်းကြားမှာလည်း ကတောက်ကဆဖြစ်ပြီး ဒေါသထွက်ရတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ထစ်ကနဲရှိ ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေမှာတောင် ဒေါသအမျက်ကြီးတတ်ကြသူတွေရှိသလို  တချို့ကျတော့လည်း အကြာကြီးနေမှ တစိမ့်စိမ့်ပြန်တွေးပြီး ဒေါသထွက်တတ်တဲ့သူ‌တွေလည်းရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါသထွက်လာပြီ၊ အပြန်အလှန် ငြင်းကြခုန်ကြပြီဆိုရင် ကာယကံရှင်အတွက်ရော တစ်ဖက်သူအတွက်ပါ အဆင်မပြေစရာတွေ ထပ်တိုးဖြစ်လာတတ်ပါတယ်။

ဒေါသကြီးခြင်းဟာ ကျန်းမာရေးအရလည်း အောက်ပါဆိုးကျိုးများစွာပေးပါသေးတယ်။ ‌‌

  • ခေါင်းကိုက်ခြင်း၊
  • အစာမကြေခြင်း၊ အစာအိမ်ရောင်ခြင်း၊
  • ညအိပ်မပျော်ခြင်း၊
  • သွေးတိုးခြင်း၊
  • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း နဲ့
  • နှလုံးရောဂါဖြစ်နိုင်ချေ မြင့်မားခြင်းတို့ပဲ ဖြစ်ပါတယ်။

Tips to express your anger safely!

လူတိုင်း ဒေါသထွက်တတ်ကြပေမယ့် ဒေါသကိုဖော်ပြတဲ့ပုံစံတွေကတော့ တစ် ေယာက်နဲ့ တစ် ေယာက်မတူကြပါဘူး။ ‌‌ဒေါသအလျောက် ချက်ချင်းတုံ့ပြန်လိုက်ခြင်းကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေထပ်မဖြစ်ရအောင် အောက်ပါအချက်လေးတွေကို စမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

  • ပြေးပါ။ မောဟိုက်သွားတဲ့အထိ ပြေးလိုက်ခြင်းဟာ သင့်ဒေါသကို ခေတ္တမေ့သွားပါလိမ့်မယ်။
  • လက်သီးထိုးချင်စိတ်၊ ကန်ကျောက်ချင်စိတ်တွေပေါ်လာပြီဆိုရင် ခေါင်းအုံး၊ ဖက်လုံးတို့ကို လက်သီးဖြင့်ထိုးပါ။
  • သက်မဲ့ပစ္စည်းတစ်ခုခုရှေ့မှာ အော်ဟစ်လိုက်ပါ။ (ဥပမာ- ကား၊ သစ်ပင်)
  • ယုံကြည်ရတဲ့ သူငယ်ချင်း မိတ်ဆွေတစ်ယောက်ထံ ရင်ဖွင့်ပြောပြပါ။ တိုင်ပင်ဆွေးနွေးပါ။ ကောင်းမွန်တဲ့ အကြံဉာဏ်ရယူပါ။
  • သင့်စိတ်ကို Relax ဖြစ်စေမယ့် အရာတစ်ခုခု လုပ်ပါ။ ဥပမာ-
    • ရေချိုးတာ
    • ပန်းခြံထဲမှာ လမ်းလျှောက်တာ ဒါမှမဟုတ် ငြိမ်ငြိမ်လေးထိုင်နေတာ
    • သင်အရမ်းကြိုက်တဲ့ သီချင်းအေးအေးလေးတွေ နားထောင်တာ
    • စာအုပ်ဖတ်တာ၊ ရုပ်ရုပ်ကြည့်တာ
    • သင်ကြိုက်နှစ်သက်တဲ့ အားကစားတစ်ခုခုလုပ်တာ – ရေကူးတာ၊ gym ဆော့တာ စသဖြင့်ပေါ့။ ‌‌

 Violence is not a solution to anger

အကြမ်းဖက်ခြင်းဟာ တချို့သူတွေအတွက် ဒေါသထွက်နည်းတစ်မျိုးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ‌ပြဿနာကိုပြေလည်စေမယ့်နည်းတစ်ခုတော့ မဟုတ်ပါဘူး။ သင့်အတွက်ရော တစ်ဖက်လူအတွက်ပါ အန္တရာယ်ရှိပြီး အခန့်မသင့်ရင် ရာဇဝတ်မှုပါမြောက်သွားနိုင်ပါတယ်။ ဒေါသအလျောက် အကြမ်းဖက်မှုတွေ မပြုလုပ်မိအောင် အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးချပြီးဒေါသကို ဖြေလျော့ နိုင်ပါတယ်။

Hope to it’ll help to calm your mind somehow….

ရေးသားသူ – Dr. Saint

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

    ကွန်ပျူတာ မျက်စိ မျက်လုံး ကျန်းမာရေး အမြင်အာရုံ မျက်စိမှုန် မျက်ရိုးကိုက် ဖုန်း အလင်းရောင် ညအိပ်ချိန် အဝလွန် အထိုင်များ မျက်မှန် မျက်စဉ်း ရေဓာတ် အစာအာဟာရ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။

    ပန်းသီး ပန်းသီးအခွံ သစ်သီး အခွံမနွှာဘဲစား အမျှင်ဓာတ် apple ဗီတာမင် C အစာမကြေတာသက်သာ ကိုလက်စထရောကျ Antioxidantကြွယ်ဝ သွေးပေါင်ချိန်ကျ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

    မိုးရာသီ မိုးတွင်း မိုးအေးချိန် ကလေး ကျန်းမာရေး မိဘများအတွက်လမ်းညွှန် အဖြစ်များဆုံးရောဂါများ ကူးစက်ပြန့်ပွားမှု ကလေးပြုစုစောင့်ရှောက်ခြင်း ရောဂါပိုး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    ငါးအရေခွံ ကို စားသင့်လား။

    ငါးအရေခွံ ငါးစား ငါးအရေခွံကြော် ပင်လယ်ငါး မာကျူရီအဆိပ်သင့် တီလားပီးယားငါး ပရိုတင်း omega3 fatty acid ငါးအသား ငါးကြီးဆီ ခုခံအားစနစ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

    စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

    မုဒိမ်းမှုနဲ့ ပတ်သက်လို့ လူသိနည်းနေသေးတဲ့ ဖြစ်ရပ်တချို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
    Baby pineapple လေးတွေကို စားသင့်လား

    Baby pineapple လေးတွေကို စားသင့်လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020