မပြေးခင်မှာ အကြောလျှော့ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 13, 2020 . 2 mins read
Share now

အပြေးလေ့ကျင့်တာက ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတစ်ရပ်ပါ။ ဒါပေမယ့် နည်းစနစ်မှန်မှန်လုပ်တတ်ဖို့တော့လိုပါမယ်။ ဒီတော့ နည်းစနစ်မှန်မှန်ပြေးဖို့ ဘာလုပ်ရမလဲ။ အဖြေကတော့ ရှင်းပါတယ်။ မပြေးခင်မှာ အကြောလျှော့ပါ။ မပြေးခင်မှရယ်တော့ မဟုတ်ပါဘူး။ တကယ်က ကြွက်သားတွေကို အသုံးပြုပြီး လေ့ကျင့်ခန်းမလုပ်ခင်မှာ အကြောတွေကိုပြေလျော့အောင် လျှော့ပေးရမှာပါ။

မပြေးခင် အကြောလျှော့ပါလို့ ပြောရတဲ့ အကြောင်းအရင်း

မပြေးခင်မှာ အကြောလျှော့မယ်ဆိုရင် ကြွက်သားတွေအတွက် ကောင်းကျိုးများစေမှာ အသေအချာပါ။ မပြေးခင်မှာ အကြောလျှော့တာက ကြွက်သားတွေကို ပူနွေးစေပြီး သွေးလည်ပတ်မှုကိုကောင်းစေနိုင်တာကြောင့် ကြွက်သားတွေဒဏ်ဖြစ်တာမျိုး မဖြစ်နိုင်ပါဘူး။ ကြွက်သားတွေတောင့်တင်းနေတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကြွက်သားတွေ စုတ်ပြဲတာမျိုးမဖြစ်စေဖို့ဆိုရင်လည်း မပြေးခင်မှာ အကြောလျှော့ပေးတာက အကောင်းဆုံးဖြစ်စေမှာပါ။ ဒါကြောင့် မပြေးခင်မှာ ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်လောက်အချိန်ပေးပြီး အကြောအရင်လျှော့ပါ။ ဒါမှ ကြွက်သားတွေဆီ သွေးနဲ့အောက်ဆီဂျင်ရရှိမှုကောင်းစေပြီး ခန္ဓာကိုယ်အတွက် အကျိုးများမှာပါ။ ကြွက်သားတွေကိုပြေလျော့စေပြီး လှုပ်ရှားမှုကောင်းစေတာကလည်း ခပ်သွက်သွက်လေးပြေးနိုင်အောင် အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။ အဆစ်တွေထိခိုက်နိုင်ခြေကို နည်းစေသလို အဆုတ်ထဲကို လေဝင်ရောက်ရှိမှုလည်းကောင်းစေနိုင်ပါတယ်။

တစ်ခုသတိထားရမှာက အကြောလျှော့တဲ့အခါ နာကျင်တာမျိုးမဖြစ်စေဖို့ပါ။ အကြောလျှော့တာက သက်တောင့်သက်သာမဖြစ်တာမှန်ပေမယ့် ခြေဖျားကို အတင်းလက်နဲ့ထိအောင်လုပ်တာမျိုးတော့မလုပ်ပါနဲ့။ မီသလောက်ကနေစပါ။ တဖြည်းဖြည်းချင်းနဲ့  အဆင်ပြေလာမှာပါ။ အကြောလျှော့တဲ့အချိန်မှာ လေကို ရှုသွင်းရှုထုတ်လုပ်ဖို့ မမေ့ပါနဲ့။

မပြေးခင်မှာ ဘယ်လိုအကြောလျှော့မလဲ…………

မပြေးခင်မှာ အကြောတွေပြေလျော့စေဖို့ဆိုရင်

  • အောက်ပိုင်းထိုင်တဲ့ (lunges) လေ့ကျင့်ခန်း
  • ခြေထောက်လွှဲလေ့ကျင့်ခန်း
  • Squats ထိုင်လေ့ကျင့်ခန်း
  • ဒူးမြှောက်လေ့ကျင့်ခန်း (High knee)
  • jumping jacks လို့ခေါ်တဲ့ လက်တွေခြေတွေဆန့်တန်းပြီး ခုန်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ရပါတယ်။

အပြေးလေ့ကျင့်တာကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ………

အပြေးလေ့ကျင့်တာကြောင့် ခန္ဓာကိုယ်မှာ အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

နှလုံးကျန်းမာစေတယ် – သွေးတွင်းအောက်ဆီဂျင် တိုးစေနိုင်ပြီး ခန္ဓာကိုယ်မှာ သွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ် – ပြေးတာက သွေးတွင်းကိုလက်စထရောတွေကို လျှော့ချပေးနိုင်သလို ကယ်လ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် သွေးတိုးကိုလည်း ကျစေနိုင်ပါတယ်။

သွေးချိုထိန်းညှိပေးတယ် – သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေနိုင်တာကြောင့် သွေးချိုထိန်းညှိပေးနိုင်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေတယ် – ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေသလို သွေးတွင်း အောက်ဆီဂျင်ပမဏကို တိုးစေနိုင်တာကြောင့် အာရုံစူးစိုက်နိုင်စွမ်းကောင်းစေနိုင်သလို ဦးနှောက်ကျန်းမာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုပြေလျော့စေတယ် – အပြေးလေ့ကျင့်တာက ကိုယ်တွင်းမှာ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ကိုပေါ့ပါးလန်းဆန်းစေနိုင်သလို စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။

အသက်ရှည်စေတယ် – အပြေးလေ့ကျင့်တာက လူ့သက်တမ်းကို ၃ နှစ်လောက်အထိ ရှည်စေနိုင်တယ်လို့ လေ့ာမှုတွေအရသိရပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းကျန်းမာမာနဲ့ အသက်ရှည်စေဖို့ဆိုရင် အပြေးလေ့ကျင့်ပေးသင့်ပါတယ်။

အိပ်ပျော်စေတယ် – အပြေးလေ့ကျင့်တာက ညဘက်တွေမှာ နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အကူပြုပေးပါတယ်။

ကဲ ….ဒီလောက်အကျိုးများတဲ့ အပြေးလေ့ကျင့်ခန်းကို ထိထိရောက်ရောက်လေးဖြစ်ပြီး အကျိုးကျေးဇူးများစေဖို့ မပြေးခင်နဲ့ ပြေးပြီးချိန်မှာ မှန်မှန်ကန်ကန်လေး အကြောလျှော့လို့ နေ့တိုင်း လုပ်ကြရအောင်လား Hello ဆရာဝန် ပရိသတ်ကြီးရေ………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဆုတ်ကင်ဆာအား ခွဲစိတ်ကုသခြင်း

အဆုတ်ဟာ ရေမြှုပ်လို အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အသက်ရှူသွင်းရှူထုတ်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို လေထုထဲကနေ ရယူပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 20, 2020 . 2 mins read

မကြာခဏဆီးသွား နေတတ်သူများအတွက်

မကြာခဏဆီးသွား နေတတ်သူများဟာ ကြာလာတဲ့အခါ ကျန်းမာရေးပြဿနာအပြင် လူမှုရေးပြဿနာတွေပါ ကြုံရတတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်များကို သေချာ လိုက်နာဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့

စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလိုပဲ စိတ်ဖိစီးတွေကြောင့် ခန္ဓာကိုယ်မှာ ဝန်ပိပြီး ပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်လာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 3 mins read
ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 3 mins read
အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read