backup og meta

ဆီးချိုသွေးချိုရှိသော သင့်မိဘ အပြေးလေ့ကျင့်နိုင်ရန် ဘယ်လိုကူညီကြမလဲ

ဆီးချိုသွေးချိုရောဂါသည် တစ်ခါတရံတွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါသည်။ အပြေးကစားခြင်းသည် သွေးတွင်းသကြားဓါတ်နည်းခြင်းကို ဖြစ်စေနိုင်သည်။ ဆီးချိုသွေးချိုရှိသောသင့်မိဘသည် အပြေးအားကစားကို စတင်ချင်သည်ဆိုလျှင် အောက်ပါအချက်များကို ကြည့်၍ သင်သူတို့ကိုကူညီနိုင်ပါသည်။

ဆီးချိုသွေးချိုရှိသော သင့်မိဘ အပြေးလေ့ကျင့်နိုင်ရန် ဘယ်လိုကူညီကြမလဲ

(၁) ကြိုတင်၍ စဉ်းစားပါ။

ဆီးချိုသွေးချိုရောဂါရှိသူသည် တွေ့ကြုံရင်ဆိုင်ရမည့်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် အပြေးအားကစားနည်းနှင့်ပတ်သက်၍ သင့်မိဘ၏ စိုးရိမ်ပူပန်မှုများကိုဖြေရှင်းပေးနိုင်အောင် ပြုလုပ်ပါ။ အစားအသောက်ကိုမျှတစွာမစားသူ၊ အားကစားကိုပုံမှန် မလုပ်သူဆိုလျှင်ပြေးသော်လည်း အသုံးဝင်မည် မဟုတ်ပါ။ ဆီးချိုလူနာများသည် တစ်ခါတစ်ရံတွင် သူတို့၏မကောင်းမွန် သောအခြေအနေများကြောင့် စိတ်မပါလက်မပါ ဖြစ်တတ်ကြသည်။

(၂) သင့်မိဘစီစဉ်နိုင်ဖို့ ကူညီပါ။

သင့်မိဘက အပြေးလေ့ကျင့်ဖို့ သဘောတူညီလျှင် သင်စနစ်တကျစီစဉ်ဖို့ အချိန်ရောက်လာပါပြီ။ မိဘများသည် ရှုပ်ထွေးသော အကြောင်းအရာများကို မလိုချင်ကြပါဘူး။ ထို့ကြောင့် အပြေးလေ့ကျင့်ရန် အကြိမ်ရေ၊ အချိန်၊ နေရာနှင့် ပြင်ဆင်သင့်သည်များကို စနစ်တကျစီစဉ်ပေးသင့်သည်။

နောက်အပတ်မနက်ခင်းမှ စတင်၍ပြေးသင့်သည်ဟုဆိုခြင်းထက် တနင်္လာနှင့် ကြာသပတေးမနက်ခင်းတွင် စပြေးနိုင်သည်ဟု ဆိုခြင်းက ပို၍ အသုံးဝင်နိုင်ပါသည်။ ထိုအစားအစာများ စားသင့်သည်၊ တစ်ပတ်ကိုမိနစ် (၄၀) ပြေးသင့်သည်ဟု ပြောခြင်းထက် တစ်ရက်ကိုအနည်းဆုံး (၂၀)မိနစ်ပြေးပြီး မိမိအခြေအနေပေါ်မူတည်၍ တဖြည်းဖြည်းတိုး၍ ပြေးရန်အကြံပေးခြင်းသည် ပို၍ကောင်းမွန်နိုင်ပါသည်။ ထို့နောက် သင့်မိဘအတွက် အစားအသောက်ကိုလည်း ပြင်ဆင်ရန်ကူညီပါ။ သူတို့၏ တိုးတက်မှုအခြေအနေကို ပြန်လည်သတိရန်ကူညီပါ။

(၃) ဖေးမကူညီပါ။

အပြေးလေ့ကျင့်ခြင်း အလေ့အထရှိရုံနှင့် မလုံလောက်ပါဘူး။ စိတ်ဓါတ်ကျခြင်း၊ စိတ်တက်ကြွခြင်း အခြေအနေတွေကို ကြုံလာနိုင်ပါသည်။ ထိုအချိန်မျိုးတွင် သင်၏ဖေးမမှုကို ပြသပြီးအားပေး ချီးကျူးခြင်းများကို ပြုလုပ်ပါ။ အပြစ်ရှာခြင်းကိုရှောင်ကြဉ်ပါ။ သင်သိသကဲ့သို့ပင် ပြီးပြည့်စုံသောသူဟူ၍ မရှိပါ။

သင့်မိဘကိုကူညီခြင်းသည် သင်၏ပုံမှန်လုပ်ငန်းဆောင်တာများ ကြားကနေ အချိန်ပေးရမည်ဖြစ်သောကြောင့် သိပ်တော့မလွယ်ကူလှပါဘူး။ သို့သော်လည်း အပြေးအားကစားသည် သင်မိဘကို ကျန်းမာစေရုံမျှမက သင်တို့၏ သံယောဇဉ်တွေကိုလည်း ပိုခိုင်မာလာစေနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကြီးပြင်းလာသည်နှင့်အမျှ မိဘနှင့် အနေဝေးသွားတတ်ကြသည်။ ထို့ကြောင့် သူတို့နာတာရှည်ရောဂါခံစားနေရချိန်သည် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို ပြသရန်အချိန်ဖြစ်သည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“Help your parents get healthy”
http://kidshealth.org/en/teens/healthier-parents.html?WT.ac=ctg#

“Eight Tips for Running with Diabetes”
http://www.joslin.org/info/8_tips_for_running_with_diabetes.html

ယခုပုံစံ

12/05/2020

Dr. Sandar Lin မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးမှုနဲ့ ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲ

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ