ကျန်းခံ့သာလို့ မာပါစ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2020 . 2 mins read
Share now

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားက တကယ်ကို မှန်ပါတယ်။ ကျန်းမာရေးက အဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ ငွေပေးဝယ်လို့မရသလို လက်ဆောင်အနေနဲ့ လက်ခံဖို့လည်း မဖြစ်နိုင်ပါဘူး။

ရောဂါ တစ်ခုခု ဖြစ်တဲ့အခါ ကုသလို့ ရပေမယ့် အကောင်းပကတိ ဖြစ်ဖို့ကတော့ မလွယ်ကူပါဘူး။ ဒီတော့ ကျန်းမာရေးကို နေ့စဉ်မပြတ် စောင့်ကြည့်ဖို့ လိုပါမယ်။ ဒီတော့ ကိုယ်တိုင် ကျန်းမာရဲ့လား ဆိုတာကို ဘယ်လို ဆန်းစစ်ရမယ်လို့ သိလား။ မသိဘူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ကျန်းခံ့သာလို့ မာပါစ

ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေရှိမယ်

ဆံပင်တွေက ခြောက်သွေ့တာ၊ ကျိုးပျက်တာ၊ ကြမ်းတမ်းတာမျိုး မရှိဘူး။ ဆံပင်တွေလည်း တအား မကျွတ်ဘူးဆိုရင် ကျန်းမာသန်စွမ်းတဲ့ ဆံသားလို့ ပြောလို့ရပါတယ်။

ကျန်းမာသန်စွမ်းတဲ့ လက်သည်း၊ ခြေသည်းတွေ ရှိမယ်

ခြေသည်း၊ လက်သည်းတွေက ပန်းရောင်သွေးသန်းမယ်။ လက်သည်းမှာ အစင်းကြောင်းတွေ ရှိမနေဘူး။ လက်သည်းတွေ ဖွာတာ၊ ကျိုးပဲ့တာမျိုး မရှိဘူးဆိုရင် လက်သည်းက အာဟာရ ပြည့်ဝပြီး ကျန်းမာပါတယ်။

လက်သည်းတွေ ဒီလို ကျန်းမာနေတာက ခန္ဓာကိုယ်မှာလည်း ရောဂါ ကင်းပြီး ကျန်းမာတယ်ဆိုတဲ့ သဘောပါ။

ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်တယ်

ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်တယ်။ အိပ်ရေးမဝတာမျိုးလည်း မရှိဘူး။ တစ်ညတာမှာ အိပ်ချိန် ၈ နာရီ ပုံမှန် ရှိတယ်ဆိုရင် သင်ဟာ ကျန်းမာတဲ့ သူတစ်ယောက်ပါ။

ညဘက်တွေ ကောင်းကောင်း အိပ်ပျော်လား ဆန်းစစ်ကြည့်ဦးနော်။

ခံတွင်းနံ့ ကောင်းတယ်

ခံတွင်းနံ့ ဆိုးတာက ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိတယ်ဆိုတဲ့ သဘောပါ။ သွား ပုံမှန် တိုက်ပါရဲ့။ ဒါပေမယ့် ခံတွင်းနံ့က ဆိုးနေတယ် ဆိုရင်တော့ သွားနဲ့ သွားဖုံးမှာ ပြဿနာ တစ်ခုခု ရှိနေလား စစ်ကြည့်ပါ။

ဒီလိုမှ မရှိဘူးဆိုရင် ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေတာပါ။ ခံတွင်းနံ့ဆိုး ကင်းတယ် ဆိုရင်တော့ သင်က ကျန်းမာနေသူ တစ်ဦးပါ။

မျက်လုံးတွေက ကြည်လင်တယ်

မျက်လုံးက ကျန်းမာရေး ပြဿနာ တော်တော်များများကို ဖော်ပြပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဖော်ပြပေးတဲ့ စိတ်ရဲ့ ပြတင်းပေါက်တစ်ခုဆိုလည်း မမှားဘူးပေါ့။

မျက်လုံးကပဲ အနားယူဖို့ လိုအပ်နေပြီ။ အင်အားပြည့်ဝနေတယ် ဆိုတာကို ဖော်ပြနေတာလေ။ မျက်လုံးက ဖြူပြီး ကြည်နေရင် ကျန်းမာတဲ့ လက္ခဏာပါ။ ဒီလို မဟုတ်ဘဲ မျက်သားက ဝါနေတာ၊ မျက်လုံးထဲမှာ သွေးခြည်ဥသလို အနီသန်းနေတာတွေက ကျန်းမာရေး ပြဿနာ ရှိနေပြီဆိုတဲ့ လက္ခဏာပါ။

ဖတ်တာ ခဏလေးနားပြီး မှန်ထဲကို ကြည့်လိုက်ပါဦး…… မျက်လုံးလေး ကြည်ရဲ့လား။

ဝမ်းပုံမှန်သွားတယ်

တစ်​နေ့ကို တစ်ကြိမ် ဝမ်း ပုံမှန် သွားတယ်ဆိုရင် ကျန်းမာတဲ့ လက္ခဏာပါ။ ဆေးသောက်စရာ မလိုဘဲ ဝမ်းမှန်တယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ပူစရာ မလိုတဲ့ အခြေအနေပေါ့။

အသားအရေ ကောင်းတယ်

အသားအရောင်က ဖြူဖျော့နေတာ မဲညစ်နေတာ မရှိဘူး။ ပန်းရောင်သွေး သန်းတယ်။ သွေးရောင် သန်းတယ်ဆိုရင် ဒါကလည်း သင် ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာပါပဲ။

ကဲ……….. ပရိသတ်ကြီးရော ကျန်းမာလား…………….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

အိမ်မြှောင် ကျန်းမာရေး ကလေး လူကြီး နေအိမ် အင်းဆက်ပိုးမွှား သစ်သီးဝလံ ရေချိုးခန်း ကြမ်းပြင် နံရံ မစင် အညစ်အကြေး Salmonella ပိုးသတ်ဆေး ခြင်ဆေး စားစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

နေအိမ် အိမ်သန့်ရှင်းရေး အမှိုက် ဖုန်တက် လေ့ကျင့်ခန်း အိပ်ရာ မီးဖိုချောင် အိမ်သာ ရေချိုးခန်း ရောဂါပိုးမွှား ကိုဗစ် ကပ်ဘေး ဖျားနာ စိတ်ဖိစီး ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

အိပ်မပျော်ဘူးလို့ ပြောနေမိတတ်ကြပေမယ့် အိပ်မပျော်ခြင်းဟာ အမျိုးအစား အမျိုးမျိုးရှိပြီး အကြောင်းတရားလည်း အမျိုးမျိုးရှိနေတယ်ဆိုတာကိုတော့ သိသူနည်းပါးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မကြာခဏဆီးသွား နေတတ်သူများအတွက်

မကြာခဏဆီးသွား နေတတ်သူများဟာ ကြာလာတဲ့အခါ ကျန်းမာရေးပြဿနာအပြင် လူမှုရေးပြဿနာတွေပါ ကြုံရတတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်များကို သေချာ လိုက်နာဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read
ပန်းနာရင်ကြပ် အမျိုးအစားများ

ပန်းနာရင်ကြပ် အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read