သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

သွေးလှူပြီး သူတစ်ပါးရဲ့ အသက်ကို ကယ်တင်ခြင်းဟာ အလွန်တရာမှ မွန်မြတ်တဲ့အလုပ် ပါ။ ‘သင့်သွေးဖြင့် အသက်ကယ်ပါ’ ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း ကြားဖူးကြမှာပါ။ ဒါပေမဲ့ သွေးလှူ တော့မယ်ဆိုရင်တော့ မိမိကိုယ်ကို ပြန်ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ အောက်ဖော်ပြပါ အချက်တွေက သင်သွေးလှူရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်နော်။

သွေးလှူတော့မယ်ဆိုရင် ရေများများသောက်ထားသင့်ပါတယ်။ သင်ကိုယ်တိုင်ရေဓာတ် ပြည့်ဝနေဖို့အရေးကြီးပါတယ်။ အနည်းဆုံးတော့ သွေးမလှူခင် သုံးနာရီလောက်မှာ ဖန်ခွက်နဲ့ ရေ(၃) ခွက်လောက် သောက်ထားပေးသင့်ပါတယ်။ သွေးလှူဖို့စောင့်ဆိုင်းနေချိန်မှာလည်း ရေ(၅၀၀)မီလီလီတာ (500mL) (ရေသန့်ဘူးကြီးတစ်ဝက်) လောက် သောက်ပေးပါ။ ရေများများသောက်ထားလေလေ သွေးလှူအပြီး မူးဝေခြင်းကို ခံစားရဖို့ ရာခိုင်နှုန်းနည်းလေလေပါပဲ။

ပုံမှန်အတိုင်း အစားစားထားပါ။ ဗိုက်ထဲမှာ အစာမရှိဘဲ သွေးလှူခြင်းဟာမကောင်းပါဘူးနော်။  သွေးမလှူခင်မှာ နံနက်စာ၊ နေ့လယ်စာနဲ့ညစာအဖြစ် အရသာရှိတဲ့ အစားအစာတွေကို ပုံမှန်အတိုင်း စားထားပေးပါ။ အဆီအဆိမ့်ပါတာတွေတော့ ရှောင်ကြဉ်သင့်ပါတယ်။

သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေပဲ ဝတ်ဆင်ထားပါ။ အထူးသဖြင့် သွေးလှူချိန် မှာ  တံတောင်ဆစ်နားက သွေးပြန်ကြောကနေ သွေးကိုထုတ်ယူပါတယ်။ ဒါကြောင့် လက်ရှည်ကြပ်ကြပ် ဝတ်ထားတာမျိုးကို ရှောင်ပါ။ အင်္ကျီလက်တိုဖြစ်စေ၊  ခေါက်နိုင်တဲ့ အင်္ကျီလက်ရှည်ဖြစ်စေ ဝတ်ဆင်ပါ။ သွေးလှူချိန်မှာ ခုတင်ပေါ်မှာ သင့်တော်တဲ့ အနေအထားနဲ့ လှဲလှောင်းနေရတာကြောင့် လွယ်လွယ်ကူကူလှုပ်ရှားနိုင်ဖို့ အဝတ်အစား ချောင်ချိနေဖို့လိုအပ်ပါတယ်။

အဖော်နဲ့လှူပါ။ မိမိရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အတူတကွသွေးလှူခြင်းဟာ ပျော်စရာ ကောင်းသလို စိတ်ဓာတ်ကိုလည်း ပိုမိုတက်ကြွစေနိုင်ပါတယ်။

သင်ကိုယ်တိုင် နေမကောင်းတာမျိုး ဖျားနာနေတာမျိုး၊ သွေးပေါင်ကျနေတာမျိုးစတဲ့ အချိန် တွေမှာဆိုရင်တော့ သွေးလှူခြင်းကို မလုပ်ပါနဲ့ဦး။

သွေးလှူပြီးချိန်မှာတော့

  • ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။ သွေးလှူပြီးချိန်မှာ ချက်ချင်းထမထိုင်လိုက်ပါနဲ့။ အနည်းဆုံး တော့ (၃)မိနစ်လောက် အနားယူပြီးမှ ထပါ။
  • အရက်သောက်တတ်သူဆိုရင်တော့ သွေးလှူပြီး အနည်းဆုံးတစ်ရက်(၂၄)နာရီ စောင့်ဆိုင်း ပေးပါ။ တစ်ရက်အကျော်မှ ပြန်သောက်ပါ။
  • သွေးထုတ်ထားတဲ့ နေရာကနေ သွေးပြန်ထွက်လာနိုင်တဲ့အတွက် သွေးဖောက်ထားတဲ့နေရာကို ပိုးသတ်ထားသော ဂွမ်းစနဲ့ အနည်းဆုံး (၁၀)မိနစ် လောက် ညင်သာစွာ ဖိထားပေးပါ။
  • သွေးထုတ်ထားတဲ့နေရာမှာ ကပ်ထားတဲ့ ပတ်တီးစကို (၂)နာရီကြာမှ ခွာပါ။ ခွာပြီးရင်တော့ ‌ရေနဲ့ဆပ်ပြာကိုအသုံးပြုကာ ဆေးကြောသန့်စင်ပေးပါ။
  • သွေးလှူပြီး တစ်နာရီအကြာထိ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူများနဲ့လည်း ဝေးဝေးနေပါ။
  • ရေနဲ့အစာကို ပုံမှန်အတိုင်း ပြည့်ပြည့်ဝဝပြန်စားပေးပါ။ သွေးလှူပြီး တစ်ရက်ကနေ နှစ်ရက် အတွင်းမှာ အာဟာရရှိတဲ့အစားအစာတွေကို စားပေးဖို့လိုအပ်ပါတယ်။ သွေးလှူပြီး သုံးနာရီကြာအထိ ရေကို ဖန်ခွက်(၃)ခွက် အပြည့်သောက်ပေးသင့်သေးတယ်။
  • အလေးအပင်မတာမျိုး၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်တာမျိုးရှောင်ပါ။ မူးဝေမေ့လဲ့ တာမျိုးဖြစ်နိုင်လို့ပါ။
  • သင်ပြုလုပ်လိုတဲ့ကောင်းမှုကုသိုလ်ကို ဝေမျှနိုင်ပါတယ်။ သင့်သွေးလှူခဲ့ကြောင်းကို Facebook တို့၊ Instagram တို့လို လူမှုကွန်ယက်တွေပေါ်မှာ တင်နိုင်ပါတယ်။ သင့်သူငယ် ချင်းမိတ်ဆွေတွေလည်း သင့်ကိုအားကျပြီး သွေးလှူကာ လူ့အသက်ကယ်ချင်စိတ်တွေပေါ် ကောင်း ပေါ်လာနိုင်ပါတယ်။

သင် သွေးလှူပြီးချိန်မှာ ချာချာလည်အောင် မူးဝေလာမယ်ဆို ဘာလုပ်သင့်သလဲ။

  • ကားမောင်းနေမယ်ဆိုရင်တော့ ကားကိုချက်ချင်းရပ်လိုက်ပါ။
  • အင်္ကျီကော်လံ၊ နက်တိုင်လိုအရာမျိုးကို ဝတ်ထားရင်တော့ ကော်လံကို ဖြေလျှော့လိုက်ပါ။
  • ဖြစ်နိုင်မယ်ဆိုရင် အေးတဲ့နေရာရှာပြီး ရေ၊ သစ်သီးဖျော်ရည် အစရှိတဲ့ အရည်တွေကို အဝ သောက်လိုက်ပါ။

လက္ခဏာတွေဟာ ပိုမိုပြင်းထန်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့သာ သွားရောက်ပြသပါ။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

ချဉ်ဆီရည် ဖြည့်မယ်ဆိုရင် ရေများများသောက်ပါ။ ဟင်းသီးဟင်းရွက်စားပါ။ ငါးစားပါ။ အငန်လျှော့ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ကိုဘ်အလေးချိန်ထိန်းပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ အဆုတ်ကင်ဆာ သတိပြု ကာကွယ်လို့ ကျန်းမာရေးဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 6, 2020 . 2 mins read

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read