စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 6, 2020 . 2 mins read
Share now

စတီးရွိုက်ဆိုတာ ကိုင်ရတွယ်ရခက်တဲ့ဆေးထဲမှာ ပါပါတယ်။ သိပ်လည်း အစွမ်းထက်သလို မသုံးတတ်ရင် အန္တရာယ်လည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဉာဏ်နဲ့ ယှဉ်ပြီး သုံးရတဲ့ ဆေးဖြစ်တဲ့အတွက် သမားကိုင်ဆေး (prescription drugs)ထဲမှာ ထည့်ထားတာပါ။

ဒါကြောင့် စတီးရွိုက်ကို သောက်ရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်သလို ရပ်မယ်ဆိုရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ရပ်သင့်ပါတယ်။ မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

စတီးရွိုက်ကို ဘယ်နေရာတွေမှာ သုံးကြသလဲ။

စတီးရွိုက်ကို ရောဂါတော်တော်များများ ကုသတဲ့ နေရာမှာ သုံးလို့ရပါတယ်။

ဘာကြောင့် စတီးရွိုက်ကို ရုတ်တရက် မရပ်သင့်တာလဲ။

စတီးရွိုက်ကို ကော်တီစောဟော်မုန်းအနေနဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးနိုင်ပါတယ်။ စတီးရွိုက်က ခန္ဓာကိုယ်ရဲ့ အလုပ်တော်တော်များများကို ထိန်းချုပ်ထားပါတယ်။ အပြင်ကနေ သောက်နေတဲ့ ဆေးတွေက လူလုပ်စတီးရွိုက်တွေပေါ့။

လူလုပ်စတီးရွိုက်တွေကို အချိန်ကြာမြင့်စွာ သောက်မယ် ဒါမှမဟုတ် ပမာဏအများကြီးသောက်မယ်ဆိုရင် လူလုပ်စတီးရွိုက်က ခန္ဓာကိုယ်ထဲက စတီးရွိုက်နေရာကို ဝင်ယူသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ထွက်တဲ့ ကော်တီစောဟော်မုန်းတွေ နည်းသွားပါတယ်။ အလုပ်လည်း သိပ်မလုပ်တော့ပါဘူး။

ဒီအချိန်မှာ အပြင်ကနေ သောက်နေတဲ့ လူလုပ်စတီးရွိုက်ကို ရုတ်တရက် ရပ်လိုက်မယ်ဆိုရင် ကိုယ်ထဲမှာ စတီးရွိုက်ချို့တဲ့သွားပြီး ခန္ဓာကိုယ်အနှံ့မှာ လက္ခဏာတွေ ပြလာမှာပါ။ ဒါကို steroid withdrawl syndromeလို့ ခေါ်ပါတယ်။

ဘယ်သူတွေ steroid withdrawl syndrome ရတတ်လဲ။

  • ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်တာ

ဆေးပြတ်သွားလို့ ဆက်မသောက်ဖြစ်တာ ဖြစ်နိုင်သလို၊ ရောဂါသက်သာသွားလို့ ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ တချို့ကျတော့လည်း ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရလို့ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဒီတိုင်းရပ်လိုက်တာမျိုးလည်း ရှိပါတယ်။

  • စပ်ဆေးတွေ စွဲသောက်မိတာ

စပ်ဆေးတွေမှာ စတီးရွိုက်တွေ ပါပါတယ်။ အကိုက်အခဲသက်သာတယ်။ စားဝင်အိပ်ပျော်တယ်ဆိုပြီး သောက်ကြတာပါ။ တကယ်တော့ သောက်တဲ့သူက စတီးရွိုက်ပါမှန်းတောင် သိချင်မှ သိမှာပါ။ နေလို့ကောင်းတယ်ဆိုပြီး စပ်ဆေးတွေ စွဲသောက်၊ ပြီးတော့ ရုတ်တရက် ဖြတ်လိုက်တဲ့ အချိန်မှာ လက္ခဏာတွေ ခံစားရတာပါ။

စတီးရွိုက်ကို ရုတ်တရက် ရပ်လိုက်ရင် ဘာပြဿနာတွေ ဖြစ်တတ်လဲ။

ရုတ်တရက်ရပ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ စနစ်တော်တော်များများကို ထိခိုက်ပြီး

  • ကိုယ်လက်တွေ ကိုက်ခဲတာ
  • စိတ်အတက်အကျဖြစ်တာ
  • အားမရှိဘဲ နုံးချိနေတာ
  • ခေါင်းတွေမူးတာ
  • အစားအသောက်ပျက်တာ
  • ပျို့တာ
  • Adrenal crisisလို့ အသက်အန္တရာယ်နီးတဲ့ အခြေအနေမျိုးလည်း ဖြစ်တတ်ပါတယ်။

ဒါဆို ဘာလုပ်ရမလဲ။

အကောင်းဆုံးကတော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး ကုသမှုခံယူတာပါပဲ။ စတီးရွိုက်ကို ဒီလို ရုတ်တရက်ဖြတ်လို့ မရပါဘူး။ အထူးသဖြင့် ပမာဏများများ အချိန်ကြာကြာ သောက်ထားရင်ပေါ့။ တဖြည်းဖြည်းချင်း ပမာဏကို လျှော့၊ မျှင်းပြီး ဖြတ်ရတာပါ။ ဒါကို  taperingလုပ်တယ်လို့ ခေါ်ပါတယ်။

ကြာချိန်ကတော့ ကိုယ်သောက်ထားတဲ့ ပမာဏပေါ်မူတည်ပြီး ရက်သတ္တပတ်နဲ့ ကြာနိုင်သလို၊ လနဲ့လည်း ချီနိုင်ပါတယ်။ လက္ခဏာတွေကတော့ တဖြည်းဖြည်း သက်သာသွားမှာပါ။ မျှင်းပြီး ဖြတ်တယ်ဆိုတာ ကိုယ်ထဲမှာသဘာဝအတိုင်း ကော်တီစောဟော်မုန်းတွေ ထွက်ဖို့ အချိန်ပြန်ပေးတာပါပဲ။

တစ်ဖက်က ဆေးကုနေတဲ့အချိန်မှာ တစ်ဖက်က ကော်တီစောဟော်မုန်းတွေ ထွက်လာအောင် လုပ်ပေးလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါတွေကတော့

Steroid withdrawl syndrome မရအောင် ဘယ်လိုကာကွယ်ရမလဲ။

  • စတီးရွိုက်တွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်ပါ။
  • ကိုယ့်သဘောနဲ့ကိုယ် အတိုးအလျှော့ မလုပ်ပါနဲ့။
  • ဆေးဒဏ်မခံနိုင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ရပ်ပါ။
  • စပ်ဆေးတွေ ဝယ်မသောက်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဘားဟိုး (Burr Hole) ဆိုတာ ဦးခေါင်းခွံမှာ အပေါက်ကလေးများ ဖောက်ခြင်းဖြစ်ပါတယ်။ ဦးနှောက်ကို ခွဲစိတ်ကုသရာမှာ အသုံးပြုပါတယ်။ ခွဲစိတ်ကုသမှုတစ်မျိုးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ရောဂါက ညဘက်မှာလည်း အမောထဖောက်တတ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို လေ့လာထားပြီး ကာကွယ်နည်းတွေကိုပါ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ်နဲ့ ကြွက်သားနာကျင်ခြင်းက အဖြစ်များတဲ့ ပြဿနာ တစ်ခုပါ။ နာကျင်တာကို သက်သာအောင် လုပ်ရသလို နောက်ခံရောဂါကိုလည်း ရှာဖွေကုသသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဒူးဆစ်ထဲစတီးရွိုက်ထိုးပြီး အဆစ်ရောင်ရမ်းတာကို ကုသလို့ရပါတယ်။ တစ်နှစ်ကို ၂ခေါက် ၃ခေါက်ထက်တော့ မပိုသင့်ပါဘူး။ ထိုးမယ်ဆို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

လူကြီး ပန်းနာရင်ကြပ် အကြောင်း

လူကြီး ပန်းနာရင်ကြပ် အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 27, 2020 . 3 mins read
ပန်းနာရင်ကြပ် အမျိုးအစားများ

ပန်းနာရင်ကြပ် အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
နာတာရှည် အဆုတ်ရောင် ရောဂါအတွက် ကုသနည်းများ

နာတာရှည် အဆုတ်ရောင် ရောဂါအတွက် ကုသနည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 3 mins read
နာတာရှည် အဆုတ်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read