backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မည်သည့် စတီးရွိုက်မပါသောအကိုက်အခဲပျောက်ဆေးက အစာအိမ်ကို ထိခိုက်မှုနည်းသလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မည်သည့် စတီးရွိုက်မပါသောအကိုက်အခဲပျောက်ဆေးက အစာအိမ်ကို ထိခိုက်မှုနည်းသလဲ

NSAID လို့ ခေါ်ကြတဲ့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ အထူးသဖြင့် အဆစ်ရောင် လူနာတွေမှာ အသုံးပြုတဲ့ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဆေးအုပ်စု ဖြစ်ပါတယ်။ အဆစ်ရောင်လူနာတိုင်း နီးပါးဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို သက်သာဖို့ NSAID ကို အသုံးပြုကြပါတယ်။

ဒီဆေးအများစုဟာ ဆေးဆိုင်မှာတင် အလွယ်တကူ ဝယ်ယူနိုင်ပေမယ့် ဆေးအချို့ကတော့ ဆရာဝန်ညွှန်ကြားချက်လိုအပ်ပါတယ်။ ဆေးဆိုင်က အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေကတော့ Aspirin၊ Ibuprofen (Advil, Motrin) နဲ့ naproxen (Aleve, Naprosyn) တို့ပဲ ဖြစ်ပါတယ်။

NSAID တွေရဲ့ အသုံးဝင်ပုံနဲ့ ဆိုးကျိုးများ

NSAID တွေကို အဆစ်ရောင်လူနာတွေ၊ နာတာရှည် အဆစ်ရောဂါ လူနာတွေနဲ့ နာကျင်မှု ခံစားနေရသူတွေ (ခါးနာ၊ ခေါင်းကိုက်၊ သွားနာ) မှာ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို သက်သာစေဖို့အသုံးပြုပါတယ်။ NSAID ဟာ နှလုံးသွေးကြော ပိတ်ခြင်းနဲ့ လေဖြတ်ခြင်းကိုလဲ လျော့ကျစေပါတယ်။

ဒီဆေးတွေဟာ cyclooxygenase အင်ဇိုင်းကို ပိတ်ခြင်းအားဖြင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ဒီအင်ဇိုင်းဟာ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျနိုင်စွမ်း ရှိတဲ့ Prostaglandin ကို ထုတ်လုပ်ပါတယ်။ သူဟာ အစာခြေ လမ်းကြောင်းရဲ့ အတွင်းမျက်နှာပြင် ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ဒီဆေးတွေကို မချင့်မချိန် သောက်သုံးခဲ့ရင် အစာအိမ်နာခြင်းနဲ့ အစာအိမ်နာ သွေးထွက်ခြင်းတွေ ဖြစ်ပွားနိုင်ပါတယ်။

အခြား ဘေးထွက်ဆိုးကျိုးတွေကတော့

• ရင်ပူခြင်း

• ဝမ်းလျှောခြင်း

• သွေးပေါင်တက်ခြင်း

• ဓါတ်မတည့်ခြင်း ( အကွက်ထခြင်း၊ မျက်နှာရောင်ခြင်း၊ ပန်းနာရင်ကျပ်/အသက်ရှူစဉ် အသံမြည်ခြင်း)

အစာအိမ်ရောဂါ နှင့် NSAID သောက်သုံးခြင်း

NSAID သောက်သုံးမယ်ဆိုရင် အစာအိမ်နာခြင်းနဲ့ အစာအိမ်နာက ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကာကွယ်ပေးဖို့ နည်းလမ်း အများအပြား ရှိပါတယ်။ ဆရာဝန် အချို့ကတော့ histamine blockers တွေ ဖြစ်တဲ့ cimetidine၊ ranitidine၊ hydrochloride နဲ့ PPI တွေ ဖြစ်တဲ့ Iansoproazole (Prevacid) နဲ့ omeprazone (Prilosec) အစရှိတဲ့ အက်ဆစ်ထုတ်ခြင်းကို ပိတ်ပင်တဲ့ ဆေးတွေနဲ့ NSAID ကို အတူတွဲသောက်ဖို့ အကြံပေးကြပါတယ်။

နောက်သောက်သုံးနိုင်တဲ့ ဆေးတစ်ခုကတော့ Misoprostol (cytotec) ပဲဖြစ်ပါတယ်။ ဒီဆေးဟာ ရှိနေတဲ့ အစာအိမ်အနာတွေကို ကုသပေးပြီး အစာအိမ်ကို ကာကွယ်ပေးနိုင်တဲ့ Prostaglandin ပမာဏကို ထိန်းညှိပေးပါတယ်။ ဆရာဝန်က ဒီဆေးကို ညွှန်းပေးပြီး အခုသောက်နေတဲ့ NSAID ပမာဏကို လျှော့ချလိုက်မယ်ဆိုရင် အစာအိမ်ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။

NSAID သောက်သုံးဖို့ သိထားသင့်တဲ့ အချက်များ

အောက်ဖေါ်ပြပါအချက်တွေ ရှိရင် ဆရာဝန်ကို ပြောပြပါ။

• သွေးကဲျေဆးတွေ ဖြစ်တဲ့ Warfarin သို့ clopidogrel အစရှိတဲ့ ဆေးများ

• ဆရာဝန်ညွှန်ကြားထားတဲ့ NSAID များ (celecoxib, nabumetone)

• မကြာခဏ NSAID သောက်နေရခြင်း။ ဆေးဆိုးကျိုးတွေကို မှတ်သားဖို့ ဆရာဝန်ကို ပြောပြပါ။

အခြားအချက်တွေကတော့

• ဆေးရဲ့ အညွှန်းမှာ ရေးထားတဲ့ ညွှန်ကြားချက်တွေကို သေချာဖတ်ပြီး လိုက်နာပါ။

• ဆေးကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ထားပါ။

သင့်မှာ အောက်ဖေါ်ပြပါ အခြေအနေတွေ ရှိတယ်ဆိုရင် ဆေးဆိုင်က ဝယ်တဲ့ NSAID တွေကို မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

• နှလုံးရောဂါ

• သွေးတိုးရောဂါ

• ကျောက်ကပ်ရောဂါ

• အစာအိမ် (သို့) အစာခြေ လမ်းကြောင်း သွေးထွက်ခြင်း

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement