backup og meta

အသက်ရှည်ရှည် နေထိုင်နေဖို့ ပုံမှန်ရေကူးပေးဖို့ လိုအပ်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရှည်ရှည် နေထိုင်နေဖို့ ပုံမှန်ရေကူးပေးဖို့ လိုအပ်ပါတယ်။

    ရေကူးတယ်ဆိုတာ ကျား၊ မ အသက်အရွယ်မရွေးအတွက် အကောင်းဆုံး အားကစားနည်းလမ်းပါပဲ။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်တွေ ဖြစ်တဲ့ ကလေးေတွ၊ ဆယ်ကျော်သက်ေတွဆိုရင် ပိုပြီးတောင် ရေကူးသင်သင့်ပါတယ်။ ရေကူးခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာ ရရှိနိုင်ပါတယ်။

    ရေကူးဖို့ အသက်အရွယ် ကန့်သတ်ချက်ရှိလား။

    မရှိပါဘူး။ ကလေးတွေအတွက်လည်း ပျော်စရာကောင်းတဲ့ အားကစားနည်းတစ်မျိုး ဖြစ်တယ်။ ဆယ်ကျော်သက်နဲ့ လူငယ်တွေအတွက်ဆိုရင် ကြီးထွားဖွံ့ဖြိုးမှုနှုန်းမြန်စေတယ်။ ရေပုံမှန်ကူးတဲ့ လူလတ်ပိုင်းအရွယ်တွေဆိုရင်လည်း ကျန်းမာတက်ကြွပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစေတယ်။ အသက်ကြီးပိုင်းတွေအတွက်တော့ ရေကူးတဲ့အခါ အနည်းငယ် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

    ရေကူးတဲ့အခါ ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ။

    တခြားသော အားကစားတွေလိုပါပဲ။ ပုံမှန်ရေကူးတဲ့ သူတွေမှာ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

    ၁။ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ ကိုယ်ခန္ဓါနဲ့ နှလုံးကြွက်သားကို ကြံ့ခိုင်စေတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။

    ၂။ ယောဂကျင့်စဉ်လိုပဲ ရေကူးခြင်းဟာလည်း စိတ်ကို လွတ်လပ်ပေါ့ပါးစေတဲ့ အားကစားမျိုး ဖြစ်တာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။

    ၃။ ရေကူးခြင်းဟာ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ အားကစားဖြစ်တဲ့အတွက် ပန်းနာရင်ကျပ်ေရာဂါ ရှိသူတွေအတွက် အလွန်ကောင်းတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

    ၄။ မောပန်းတာ၊ စိတ်ဓါတ်ကျေနတာ၊ ကိုယ်လက်မသန်စွမ်းသူတွေအတွက်လည်း အဆင်ပြေပါတယ်။

    ၅။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရောက်အောင် ထိန်းညှိပေးတယ်။

    ၆။ အသက်ရှူလေ့ကျင့်ခန်း ဖြစ်တဲ့အတွက် အဆုတ်ကို အားကောင်းစေတယ်။

    ၇။ သွေးတိုးကျစေပြီး သွေးထဲမှာ ရှိတဲ့ သကြားနဲ့ ကိုလက်စထရောဓါတ်တွေကိုလည်း ထိန်းညှိပေးနိုင်တယ်။

    ၈။ ကိုယ်တွင်းမှာ ရှိတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ အဝလွန်တာတွေ မဖြစ်စေပါဘူး။ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ရောက်အောင် ထိန်းပေးထားနိုင်တဲ့အပြင် နောက်ဆက်တွဲ နှလုံး၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ၉။ ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးတယ်။

    ၁၀။ ကြွက်သားတွေကို ပြေလျော့စေပြီး ကိုယ်ခန္ဓါအချိုးအစား ပြေပြစ်စေတယ်။

    ၁၁။ ကိုယ်ခန္ဓါကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်တယ်။ သွေးလေညီညွတ်စေတယ်။

    ၁၂။ အမျိုးသားတွေဆိုရင် ကိုယ်ခန္ဓာ အချိုးအဆစ် လှပစေတယ်။ ကြွက်သားတွေ တောင့်တင်းကြံ့ခိုင်စေတယ်။

    ၁၃။ ဝိတ်ချချင်တဲ့ မိန်းကလေးတွေအတွက်လည်း ကျန်းမာတဲ့ ကိုယ်အလေးချိန်ရောက်အောင် ထိန်းညှိပေးနိုင်တယ်။

    ၁၄။ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း ရေကူးပေးခြင်းကြောင့် အထိုင်များတဲ့ မိခင်လောင်းတွေအတွက်ရော ဗိုက်ထဲမှာ ရှိတဲ့ သန္ဓေသားကိုပါ ကျန်းမာစေပါတယ်။

    ၁၅။ ခန္ဓါကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အသုံးပြုရတဲ့ အားကစားဖြစ်တဲ့အတွက် ကျား၊ မ မရွေး လိုက်စားသင့်တဲ့ အားကစားနည်း ဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement