backup og meta

အသားအရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ

အသားအရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ

ဟဲလို……. အစားတလိုင်းလေးတို့ရေ အသားမှအသားစားချင်တယ်လို့များ ဖြစ်နေပြီလား…….. ဘာပဲစားစားအာသာမပြေဘူး။ အသားမှအသားပဲ စားချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီလိုပြောရတဲ့အကြောင်းက အသားစားချင်နေတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ပြနေတဲ့ အချက်တစ်ခုဖြစ်နေနိုင်တာကြောင့်ပါ။ အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ ဘာတွေလဲဆိုတာကို ကိုယ်တိုင်လေ့လာလိုက်ပါ။

အသားတွေက ပရိုတင်းအရင်းအမြစ်တစ်ခုပါ

အသားက ခန္ဓာကိုယ်က ကြွက်သားတွေနဲ့ အရိုးတွေ ကြံခိုင်သန်စွမ်းစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ ကိုယ်ခံအားကောင်းစေနိုင်သလို သွေးအားနည်းရောဂါတွေမဖြစ်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေထဲကတစ်ခုပေါ့။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်ဆိုရင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။

အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ

တစ်နေ့တာမှာ အသားမပါရင် မစားနိုင်ဘူး။ ဘာစားစား အသားစားရမှ အာသာပြေတယ်ဆိုရင်တော့အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါနော်။

အသားကို ကြိုက်လို့

ဘာစားစား အာသာမပြေဘူး။ အသားစားလိုက်ရမှ အာသာပြေတယ်ဆိုတာ သင်ဟာ ငယ်စဉ်ကတည်းက အသားကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အခြားဟင်းတွေထက်အသားဟင်းကိုမှ စားချင်နေတယ်ဆိုတာ သင်က တကယ့်ကို အသားကြိုက်သူမို့လို့ပါ။ ဒါကြောင့် အသီးအရွက်နဲ့ အသား၊ ငါးကို မျှမျှတတစားသုံပေးဖို့ပြောပါရစေနော်။

ပရိုတင်း နည်းနေလို့

ပရိုတင်းဓာတ်နည်းတာက အလွယ်တကူသိရှိနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် သိသာတဲ့ လက္ခဏာတစ်ခုက ခန္ဓာကိုယ်ထဲမှာ ပရိုတင်းနည်းလာတဲ့အခါ အရင်က အသားသိပ်မကြိုက်ရင်တောင်မှ အသားတွေ အရမ်းစားချင်လာတာမျိုးဖြစ်နိုင်ပါတယ်။ နောက်ထပ်သိနိုင်တာတစ်ချက်ကတော့ ကိုယ်တွင်းမှာ ပရိုတင်းဓာတ်နည်းသူတွေဟာ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်နည်းနေနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ အသားတွေအရမ်းစားချင်နေတာက ကိုယ်တွင်းမှာ ပရိုတင်းဓာတ်နည်းနေတာကြောင့်ပါနော်။

သွေးအားနည်းနေလို့

အနီရောင် အသားတွေကိုမှ စားချင်စိတ် တဖွားဖွားပေါ်နေတာရဲ့ နောက်ထပ် ဖြစ်နိုင်ခြေတစ်ရပ်က ကိုယ်တွင်းမှာ သံဓာတ်အားနည်းပြီး သွေးအားနည်းနေတာကြောင့်ပါ။ သံဓာတ်အားနည်းတဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ် လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သံဓာတ်ပြည့်ဝစေဖို့အတွက် အနီရောင်အသား၊ ကြက်သား၊ ပင်လယ်ငါးတွေ စားပေးလို့ရပါတယ်။ ဇင့်ဓာတ်ချို့တဲ့တာကလည်း အသား စားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန် ရှိနေလို့

ကိုယ်ဝန်ဆောင် မေမေတွေမှာလည်း ပုံမှန် အသားစားချင်စိတ် ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန် မဟုတ်ဘဲ အသား စားချင်စိတ် အရမ်းပြင်းပြနေမယ်၊ အိမ်ထောင်လည်း ရှိမယ်ဆိုရင်တော့ ဆီးစစ်ကြည့်ပါ။ ဘေဘီလေး ရှိနေတာလည်း ဖြစ်နိုင်ပါ။

သွားရေစာတွေ စားချင်စိတ်များနေလို့

တစ်ခါတလေမှာ သင့်အနေနဲ့ အသားအရမ်းစားချင်နေတဲ့အကြောင်းက သွားရေစာတွေစားချင်နေလို့ပါ။ ချိစ်ဘာဂါ၊ ချိစ်ပီဇာနဲ့ အဆီတွေ၊ ပရိုတင်းတွေများတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့ အစားအစာတွေကို စားချင်နေတဲ့အခါမျိုးမှာလည်း အသားစားချင်တဲ့စိတ်မျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ အသားစားချင်တာက သရေစာကို အငမ်းမရစားချင်နေတာရဲ့ လက္ခဏာတစ်ရပ်ဆိုတာ သတိရပါ။
ပင်ပန်းနေလို့

ခန္ဓာကိုယ်မှာ အားတွေ ကုန်နေတဲ့အခါမှာ၊ သံဓာတ် အားနည်းနေတဲ့အခါ။ ပင်ပန်းနေတဲ့ အခါမျိုးတွေမှာလည်း အသား စားချင်စိတ် အရမ်းဖြစ်နိုင်ပါတယ်။ ဒီလို အချိန်မှာ အသား အပြင် ငါး နဲ့ သံဓာတ် ကြွယ်ဝတဲ့ ဟင်းနုနွယ်၊ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ ဟင်းသီးဟင်းရွက်တွေက သင့်ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

အသားမှ အသား စားချင်နေတယ်ဆိုရင် စားသာစားလိုက်ပါ။ ဒါမှ ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရတွေပြည့်ဝပြီး ကျန်းမာစေနိုင်မှာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reasons Why You Might Be Craving Meat https://www.curejoy.com/content/why-am-i-craving-meat/ Accessed Date 19 November 2019

7 Weird Signs & Reasons Your Body Might Be Craving Meat, According To Experts https://www.bustle.com/p/7-weird-signs-reasons-your-body-might-be-craving-meat-according-to-experts-53127 Accessed Date 19 November 2019

ယခုပုံစံ

26/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ

အနီရောင်အသားတွေရှောင်လွန်းတာလည်း သိပ်မကောင်းဘူးနော်.......


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement