ကလေးတွေ ဘာကြောင့် ငါးစားပေးသင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 8, 2020 . 2 mins read
Share now

ကလေးတွေအရွယ်မှာ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အစာအာဟာရတွေထဲမှာ ငါးဟာ မရှိမဖြစ် ပါဝင်နေတဲ့ အစားအစာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် သင့်လျော်တယ်။ အာဟာရဓာတ်တွေ ပေါကြွယ်ဝတယ်။ ခန္ဓာကိုယ်အကျိုးပြုဓာတ်တွေ၊ အဆီအနှစ်တွေ ပါဝင်လို့ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေဖို့၊ ဉာဏ်ရည်ကောင်းစေဖို့အတွက် ငါးစားပေးသင့်ပါတယ်။ ကလေးတွေ ငါးစားပေးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။

၁။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရများစွာ ပါဝင်ပါတယ်။

ယေဘုယျအားဖြင့် ငါးတွေမှာ ကလေးအများစုအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ကြီးထွားမှုအတွက် လိုအပ်တဲ့ အသားဓာတ်ဉာဏ်ရည်ထက်မြက်စေဖို့ အိုင်အိုဒင်းဓာတ်၊ omega-3 fatty acid ၊ ဗီတာမင် D နဲ့ သတ္တုဓာတ်အမျိုးမျိုး ပါဝင်နေပါတယ်။ ဦးနှောက်ကောင်းစွာ အလုပ်လုပ်နိုင်ဖို့နဲ့ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

၂။ နှလုံးကျန်းမာရေးကို ကောင်းစေတယ်။

ငါးတွေမှာ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးမဖြစ်စေတဲ့ အဆီဓာတ်တွေ ပါဝင်တဲ့အပြင် နှလုံးကျန်းမာစေတဲ့ Omega-3 fatty acid တွေ အများအပြား ပါဝင်ပါတယ်။ ငါးကို ပုံမှန်စားပေးတဲ့ ကလေးတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ အလွန်နည်းပါးတာကို တွေ့ရပါတယ်။

၃။ ကလေးတွေကို ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေတယ်။

ကလေးတွေ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်စေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ငါးတွေမှာ ပါဝင်တဲ့ DHA လို့ ခေါ်တဲ့ Omega-3 fatty acid ဟာ ဦးနှောက်နဲ့ အမြင်အာရုံ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

၄။ အရိုးနဲ့ သွားကို ကျန်းမာစေတယ်။

ငါးတွေမှာ ဗီတာမင် D ပေါကြွယ်ဝလို့ အရိုးနဲ့ သွားကို ကျန်းမာကြံ့ခိုင်စေတယ်။ ကလေးတွေရဲ့ ကိုယ်ခန္ဓာကို ဖွံ့ဖြိုးကြီးထွားစေတယ်။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကယ်လ်စီယမ်ဓာတ်ကို ကောင်းစွာ စုပ်ယူပေးနိုင်တယ်။ ကိုယ်ခံအားကောင်းစေလို့ ရောဂါတွေကို အလွယ်တကူဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။

၅။ ကလေးတွေမှာ ပန်းနာရင်ကျပ်မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

ငါးပုံမှန်စားပေးတဲ့ ကလေးတွေမှာ အသက်ရှူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကျပ်ဝေဒနာကို သက်သာစေတဲ့အပြင် ရောဂါမဖြစ်အောင်လည်း တားဆီးပေးနိုင်တာကို တွေ့ရပါတယ်။

၆။ အမြင်အာရုံကောင်းစေတယ်။

ငါးတွေမှာ ပါဝင်တဲ့ Omega-3 fatty acid ဟာ ကလေးတွေကို အမြင်အာရုံကြည်လင်စေပြီး မျက်စိအားကောင်းစေတယ်။ မျက်စိမှုန်တဲ့ ကလေးတွေအတွက် မျက်စိအာဟာရအနေနဲ့ ငါးပုံမှန်ကျွေးပေးသင့်ပါတယ်။

၇။ ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေတယ်။

ငါးမှာ ပါဝင်တဲ့ ဗီတာမင် D ဓာတ်ဟာ ကလေးတွေကို ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ တစ်ရက်ကို အနည်းဆုံး အိပ်ချိန် ၇နာရီရှိတဲ့ ကလေးတွေမှာ တခြားကလေးတွေထက် ကျန်းမာရေးပိုကောင်းပြီး စာတွေကို ပိုလိုက်နိုင်တာ တွေ့ရှိရပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့နဲ့ ကျန်းမာစေဖို့ ကလေးတွေအရွယ်မှာ အိပ်ချိန်လုံလောက်စွာ ရရှိဖို့ အလွန်အရေးကြီးပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ကိုဗစ်ကြောင့် အိပ်မပျော်တာ ညတိုင်းလိုလို ဖြစ်လာပြီ။ ခေါင်းကလည်း မကြည်ဘူး။ အိပ်လို့ကလည်း မပျော်ဘူး ဖြစ်နေပြီလား။ ကိုဗစ်ကြောင့် အိပ်မပျော်တာကို သက်သာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 22, 2020 . 2 mins read

ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ

ကိုဗစ် တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နေတဲ့ ကပ်ရောဂါကြီးပေါ့။ မြန်မြန်သိ မြန်မြန်ကုသနိုင်ရင် ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

ဗီတာမင် D ပြည့်ဝနေအောင် ဘယ်လိုစားသောက်ကြမလဲ

ဗီတာမင် D ဓာတ်ဟာ COVID-19 ရောဂါကာကွယ်ရေးမှာ အရေးပါနေတယ်။ လူတစ်ယောက်ဟာ ဗီတာမင် D ပြည့်ဝနေမှ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာလေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

သွေးသန့်စေဖို့ ဒါတွေစားပါ။

သွေးသန့်စေဖို့ ဒါတွေစားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းအအေး နဲ့ ကိုဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား။

အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 16, 2020 . 1 min read
နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 6, 2020 . 2 mins read