backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Anemia (သွေးအားနည်းရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 23/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anemia (သွေးအားနည်းရောဂါ) ကဘာလဲ။

သွေးအားနည်းရောဂါဆိုသည်မှာ သင့်ခန္ဓါကိုယ်တွင် hemoglobin ( တစ်ရှူးများထံသို့ အောက်စီဂျင်သယ်ပေး သော ကျန်းမာသော သွေးနီဥဆဲလ်များ) မလုံလောက်သော ကြောင့် ခံစားရသော အခြေအနေတစ်ခု ဖြစ်သည်။ သွေးအားနည်းရောဂါ ဖြစ်ပါက သင့်ခန္ဓါကိုယ်သည် အောက် စီဂျင် လုံလောက်စွာ မရရှိ၍ လုပ်ငန်းကောင်းစွာ မလုပ်နိုင်ပါ။

သွေးအားနည်းရောဂါ အမျိုးအစား များစွာ ရှိပါသည်။ အဖြစ်အများဆုံး အမျိုးအစားများမှာ-

  • သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ။ နာမည် အတိုင်းပင် သံဓါတ်ချို့တဲ့ပါက သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ ဖြစ်ပွားသည်။ သံဓါတ်မရှိပါက ရိုးတွင်းခြင်ဆီသည် လုံလောက်သော hemoglobin မထုတ်လုပ်နိုင်ပါ။
  • ဗီတာမင် ချို့တဲ့သော သွေးအားနည်းရောဂါ။ ကျန်း မာသော သွေးနီဥဆဲလ်များ ထုတ်လုပ်နိုင်ရန် folate နှင့် ဗီတာမင် ဘီ ၁၂ လိုအပ်သည်။ အချို့တွင် ဗီတာမင် လုံလောက်စွာ ရရှိသော်လည်း မသုံးစွဲနိုင်ပါ။
  • ဆဲလ်အသစ်မထုတ်နိုင်သော သွေးအားနည်းရောဂါ။ ရှားပါးသော အသက်အန္တရာယ်စိုးရိမ်ရသည့် သွေးအားနည်း ရောဂါဖြစ်သည်။ ရောဂါပိုးကူးစက်ခြင်း ၊ အဆိပ်အတောက် ထိတွေ့ခြင်းနှင့် အချို့ဆေးများ သောက်ခြင်းကြောင့် ဖြစ်ပွားသည်။
  • သွေးနီဥဆဲလ်များ ပျက်စီးသော သွေးအားနည်း ရောဂါ။ သင့်ခန္ဓါကိုယ်သည် သွေးနီဥဆဲလ်များကို ထုတ်လုပ်နှုန်းထက် ပိုမြန်စွာ ဖျက်ဆီးပါက ဤသွေး အားနည်းရောဂါ ရနိုင်သည်။ မွေးရာပါ သို့မဟုတ် နောက်မှ ဖြစ်ပွားခြင်း ဖြစ်နိုင်သည်။
  • တံစဉ်ပုံ ဆဲလ်များဖြစ်သော သွေးအားနည်းရောဂါ။ ၎င်းသည် မျိုးရိုးလိုက်သည်။ သွေးနီဥဆဲလ်များကို တောင့်တင်းသော တံစဉ်ပုံများ ဖြစ်စေပြီး သွေးကြော များအတွင်းတွင် ဖြတ်သန်းခြင်းကို ခက်ခဲစေသည်။ နာကျင်ပြီး တစ်ရှူးပျက်စီးခြင်းများ ဖြစ်ပေါ်သည်။

အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Anemia (သွေးအားနည်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးအားနည်းရောဂါ၏ ဖြစ်နိုင်သော လက္ခဏာများမှာ မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ အသားအရည် ဖျော့ တော့ခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်း၊ အသက်ရှူခက်ခြင်း၊ မူးဝေ ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေလက် အေးခြင်း၊ ခေါင်းကိုက် ခြင်းတို့ ဖြစ်သည်။ သွေးအားနည်းရောဂါသည် အစပိုင်းတွင် သတိမထားမိနိုင်ပါ။ ရောဂါ တဖြည်းဖြည်းဆိုးလာပါက ရောဂါလက္ခဏာများ ပိုဆိုးလာပါမည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Anemia (သွေးအားနည်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

သွေးအားနည်းရောဂါကို အဓိကဖြစ်စေသော အကြောင်း ရင်းမှာ သွေးနီဥဆဲလ်များ မရှိခြင်းဖြစ်သည်။ သင့်ခန္ဓါကိုယ် သည် လုံလောက်သော သွေးနီဥဆဲလ်မထုတ်နိုင်ပါက သို့မဟုတ် သွေးထွက်ခြင်းကြောင့် သွေးနီဥဆဲလ်များ ဆုံးရှုံး ပါက ရောဂါဖြစ်ပွားသည်။ တစ်ခါတစ်ရံ သင့်ခန္ဓါကိုယ်သည် သွေးနီဥဆဲလ်များကို ဖျက်ဆီးပြီး သွေးအားနည်းရောဂါ ဖြစ် စေသည်။

ထို့အပြင် သွေးအားနည်းရောဂါသည် ကင်ဆာ၊ HIV/AIDS နှင့် ရိုးတွင်းခြင်ဆီရောဂါ စသော အခြားနာတာ ရှည် ရောဂါများကြောင့် ဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Anemia (သွေးအားနည်းရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါတို့ဖြစ်ပါက သွေးအားနည်းရောဂါ ဖြစ်နိုင်ချေ မြင့်သည်။

  • သင်စားသော အစားအစာတွင် သံဓါတ်၊ folate နှင့် ဗီတာမင် ဘီ ၁၂ ချိုတဲ့ခြင်း
  • အာဟာရများ ထုတ်ယူသုံးစွဲခြင်းကို ထိခိုက်စေ သော အူရောဂါများ ရှိပါက
  • အမျိုးသမီးများ ရာသီလာပါက
  • ကိုယ်ဝန်ရှိပါက
  • အပေါ်တွင် ပြောခဲ့သော နာတာရှည် ရောဂါတစ်ခုခု ရှိပါက

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Anemia (သွေးအားနည်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးအားနည်းရောဂါ လက္ခဏာများ ပေါ်လာပါက ရောဂါစစ်ဆေးမှု အပြည့်ခံယူရန် ဆရာဝန်ဆီသွားပါ။ အဘယ်ကြောင့်ဆိုသော် သွေးအားနည်းရောဂါသည် ပို၍ ဆိုးရွားသော ရောဂါကို ညွှန်ပြခြင်း ဖြစ်နိုင်သည်။

သွေးအားနည်းရောဂါကို မိသားစုမှတ်တမ်းယူခြင်းဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။ သွေးစစ်ခြင်းဖြင့် သွေးနီဥဆဲလ်များ ပုံမမှန်မှုကို စစ်ဆေးနိုင်သည်။ သွေးအားနည်းရောဂါ ဖြစ်ပါက ဖြစ်ပွားစေသော အကြောင်းရင်းခံ ရောဂါကို စစ်ဆေးရန် နောက်ထပ် စစ်ဆေးမှုများ လိုအပ်သည်။

Anemia (သွေးအားနည်းရောဂါ) ကို ဘယ်လိုကုသပါသလဲ

သွေးအားနည်းရောဂါသည် သံဓါတ် သို့မဟုတ် ဗီတာမင် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါက ကုသမှုအနေဖြင့် လိုအပ်သော အာဟာရ ထောက်ပံ့မှုသောက်ပါ။ သို့သော်လည်း အခြား အကြောင်းရင်းခံ ရောဂါများ ရှိပါက ဆရာဝန်သည် အကြောင်း ရင်းခံ ရောဂါများကို ကုသရန် အာရုံစိုက်ပါလိမ့်မည်။ ရောဂါ လက္ခဏာများ သက်သာစေရန် ဆေးသောက်ရန် ညွှန်ကြားပါ လိမ့်မည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် သွေးအားနည်းရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

သင့်ရောဂါသည် ယာယီ သို့မဟုတ် အမြဲတမ်း ဖြစ်နေပါ စေ သင့်တော်သော ဆေးသောက်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ စားခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 23/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement